ကားအောက်ခြေမှာ ညှပ်မိနေတဲ့ လမ်းဘေးခွေးလေးရဲ့ ဘဝအဆုံးသတ်


.

.

.

.

.

.

.

.

.

.

Jasmine (Mckzone Daily)

Source : 小回忆 Little Memories

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ လမ်းဘေးခွေးလေးရဲ့အဖြစ်က ကံကောင်းတယ်လို့ ပြောရမလား ဒါမှမဟုတ် ကံဆိုးတယ်လို့ ပြောရမလားပါပဲ ။ အကြောင်းကတော့ ခွေးလေးက ဘယ်ကနေဘယ်လို ကားရဲ့အောက်ခြေမှာ ညှပ်မိသွားမှန်းမသိရအောင်ပါပဲ ။ အချိန်အတော်ကြာ ကားမောင်းနေရင်း ခွေးငယ်လေးရဲ့အသံ အဆက်မပျက်ကြားရလို့ ကားပိုင်ရှင်က ကားအောက်ကို ငုံ့ကြည့်လိုက်ချိန်မှာတော့ ကားအောက်ညှပ်မိနေတဲ့ ခွေးငယ်လေးကို တွေ့ခဲ့ရတာပါ ။ ခွေးလေးရဲ့အဖြစ်ကိုမြင်ပြီး သနားသွားခဲ့တဲ့ ကားပိုင်ရှင်က ကံပါလာလို့ ခွေးလေးနဲ့တိုက်ဆိုင်စွာ တွေ့ဆုံခွင့်ရခဲ့တာဆိုပြီး ခွေးလေးကို မိသားစုဝင်အဖြစ် အပြီးတိုင်မွေးစားခဲ့ပါတော့တယ် ။ သေဘေးကနေ အသက်ရှင်ခွင့်ရခဲ့ပြီး ပြည့်စုံတဲ့မိသားစုဘဝကိုပါ ရရှိခဲ့တဲ့ ကံကောင်းလွန်းတဲ့ ခွေးလေးလို့ ပြောရလောက်အောင်ပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "ကားအောက်ခြေမှာ ညှပ်မိနေတဲ့ လမ်းဘေးခွေးလေးရဲ့ ဘဝအဆုံးသတ်"

Leave a comment

Your email address will not be published.


*