မိန္းကေလးအစစ္တစ္ေယာက္လိုလွပလြန္းေနလို႔ ခြဲျခားရခက္လြန္းလွတဲ့ 18 ႏွစ္အရြယ္ ေကာင္ေလး (႐ုပ္သံ)

ဂ်ပန္ႏိုင္ငံက အမ်ိဳးသားတစ္ဦးဟာ မိတ္ကပ္ပညာမွာ ဆရာတစ္ေယာက္လိုကြၽမ္းက်င္လြန္းလွၿပီး ၊ မိန္းကေလးတစ္ေယာက္လို pose ေပးၿပီး႐ိုက္ကူးထားတဲ့ဓာတ္ပံုေတြေၾကာင့္ လက္႐ွိမွာအေတာ္ေလးကို ေရပန္းစားေနလ်က္႐ွိပါတယ္ ။ နာမည္ရင္းမွာ Tatsuya ျဖစ္ၿပီး Puutan လို႔ လူသိမ်ားတဲ့ အဆိုပါ 18 ႏွစ္အရြယ္အမ်ိဳးသားဟာ online ေပၚမွာ ေက်ာင္းသူတစ္ဦးလို႔ ဝတ္စားျပင္ဆင္ထားတဲ့ဓာတ္ပံုေတြဟာဆိုရင္ လူအေတာ္မ်ားမ်ားရဲ႕ စိတ္ကို႐ႈပ္ေထြးေစလ်က္႐ွိပါတယ္ ။ အေၾကာင္းကေတာ့ ဘယ္လိုပဲၾကည့္ၾကည့္ Puutan ဟာ မိန္းကေလးတစ္ေယာက္အစစ္နဲ႔သာတူေနၿပီး ေယာက်ၤားေလးနဲ႔ လံုးဝမတူေနခဲ့လို႔ပါပဲ ။ သို႔ေပမဲ့လည္း သူ႔ရဲ႕ YouTube link ကို ႏွိပ္ၾကညိ့လိုက္မယ္ဆိုရင္ေတာ့ တစ္ကယ့္ေယာက်ၤားပံုစံကို အံ့အားသင့္စြာျမင္ေတြ႔ရမွာပါ ။

Puutan ဟာ လက္႐ွိအခ်ိန္မွာေတာ့ အင္တာနက္ေပၚမွာ အေတာ္ေလးကို လူစိတ္ဝင္စားမႈခံေနရလ်က္႐ွိၿပီး၊ YouTube တြင္ followers ေပါင္း 27,000 ခန္႔႐ွိေနၿပီျဖစ္ၿပီး Instagram မွာဆိုရင္ ပရိသတ္ေပါင္း 23,000 ခန္႔႐ွိေနၿပီျဖစ္ေၾကာင္း သိရပါတယ္ ။ Online ေပၚမွာ pose တင္ေနခဲ့တာ တစ္လခန္႔သာ႐ွိေသးေပမဲ့ ယခုလိုမ်ိဳး followers ေတြ ရ႐ွိေနခဲ့ျခင္းသာ ျဖစ္ပါတယ္ ။

.

.

.

Jasmine (Mckzone Daily)

Source : odditycentral

Unicode

ဂျပန်နိုင်ငံက အမျိုးသားတစ်ဦးဟာ မိတ်ကပ်ပညာမှာ ဆရာတစ်ယောက်လိုကျွမ်းကျင်လွန်းလှပြီး ၊ မိန်းကလေးတစ်ယောက်လို pose ပေးပြီးရိုက်ကူးထားတဲ့ဓာတ်ပုံတွေကြောင့် လက်ရှိမှာအတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။ နာမည်ရင်းမှာ Tatsuya ဖြစ်ပြီး Puutan လို့ လူသိများတဲ့ အဆိုပါ 18 နှစ်အရွယ်အမျိုးသားဟာ online ပေါ်မှာ ကျောင်းသူတစ်ဦးလို့ ဝတ်စားပြင်ဆင်ထားတဲ့ဓာတ်ပုံတွေဟာဆိုရင် လူအတော်များများရဲ့ စိတ်ကိုရှုပ်ထွေးစေလျက်ရှိပါတယ် ။ အကြောင်းကတော့ ဘယ်လိုပဲကြည့်ကြည့် Puutan ဟာ မိန်းကလေးတစ်ယောက်အစစ်နဲ့သာတူနေပြီး ယောင်္ကျားလေးနဲ့ လုံးဝမတူနေခဲ့လို့ပါပဲ ။ သို့ပေမဲ့လည်း သူ့ရဲ့ YouTube link ကို နှိပ်ကြညိ့လိုက်မယ်ဆိုရင်တော့ တစ်ကယ့်ယောင်္ကျားပုံစံကို အံ့အားသင့်စွာမြင်တွေ့ရမှာပါ ။

Puutan ဟာ လက်ရှိအချိန်မှာတော့ အင်တာနက်ပေါ်မှာ အတော်လေးကို လူစိတ်ဝင်စားမှုခံနေရလျက်ရှိပြီး၊ YouTube တွင် followers ပေါင်း 27,000 ခန့်ရှိနေပြီဖြစ်ပြီး Instagram မှာဆိုရင် ပရိသတ်ပေါင်း 23,000 ခန့်ရှိနေပြီဖြစ်ကြောင်း သိရပါတယ် ။ Online ပေါ်မှာ pose တင်နေခဲ့တာ တစ်လခန့်သာရှိသေးပေမဲ့ ယခုလိုမျိုး followers တွေ ရရှိနေခဲ့ခြင်းသာ ဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment