မိကျောင်းရဲ့လည်ပင်းက တာယာကွင်းကို ဖြုတ်ယူနိုင်တဲ့မည်သူ့ကိုမဆို များစွာသောဆုကြေးငွေပေးမည်ဟု ကမ်းလှမ်းခံရ(ရုပ်သံ)



.

.

.

.

Jasmine (Mckzone Daily)

Source : odditycentral

Unicode

အင်ဒိုနီးရှားနိုင်ငံရဲ့အစိုးရကတော့ 13 ပေအရှည်ရှိတဲ့မိကျောင်းကြီးရဲ့လည်ပင်းမှာ စွတ်ဝင်နေတဲ့ ဆိုင်ကယ်တာယာဘီးကို ဖြုတ်ယူနိုင်တဲ့မည်သူ့ကိုမဆို များစွာသောဆုကြေးငွေပေးမည်ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ် ။ အဆိုပါတာယာကွင်းဟာ 2016 ခုနှစ်ကတည်းက မိကျောင်းရဲ့လည်ပင်းမှာ စွတ်ဝင်နေခဲ့တာဖြစ်ပြီး ၊ ဆက်လက်ကြီးထွားနေဆဲဖြစ်တဲ့ မိကျောင်းရဲ့လည်ပင်းအစ်နေမှာစိုးရိမ်လို့ ယခုလို အစိုးရကိုယ်တိုင်ကမ်းလှမ်းခဲ့တာပါ ။ 2018 ခုနှစ်က အဆိုပါတာယာကွင်းကိုဖြုတ်ယူဖို့ ကြိုးစားခဲ့သေးပေမဲ့ မအောင်မြင်ခဲ့ပါဘူး ။

အချို့ကလည်း မိကျောင်းကို မေ့ဆေးသေနတ်နဲ့ပစ်ပြီး ဖမ်းယူကာ လည်ပင်းကတာယာကွင်းကို အလွယ်တကူဖြုတ်ယူနိုင်ကြောင်း အကြံပေးခဲ့ကြပေမဲ့ ၊ စိုးရိမ်ရတဲ့ အကြောင်းအရာတစ်ချက်က မေ့ဆေးအရှိန်မပျယ်ခင် မိကျောင်းဟာ ရေကူးပြီးအဝေးသို့ ထွက်ပြေးတိမ်းရှောင်သွားမှာစိုးရိမ်လို့ ယခုလို ကမ်းလှမ်းခဲ့ရတာဖြစ်ကြောင်း သိရပါတယ် ။ မည်သူမဆို မိကျောင်းရဲ့လည်ပင်းမှ တာယာကွင်းကိုဖြုတ်ယူနိုင်ပါက ဆုကြေးငွေအများအပြား သေချာပေါက်ရရှိမှာ ဖြစ်ကြောင်းသိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မိကျောင်းရဲ့လည်ပင်းက တာယာကွင်းကို ဖြုတ်ယူနိုင်တဲ့မည်သူ့ကိုမဆို များစွာသောဆုကြေးငွေပေးမည်ဟု ကမ်းလှမ်းခံရ(ရုပ်သံ)"

Leave a comment

Your email address will not be published.


*