အသက္ 107ႏွစ္အရြယ္မိခင္ထံမွ ခ်ိဳခ်ဥ္ရလိုက္လို႔ အေတာ္ေလးေပ်ာ္သြားခဲ့တဲ့ အသက္ 84ႏွစ္အရြယ္သမီး (႐ုပ္သံ)

မိခင္ရဲ႕ခ်စ္ေမတၱာက တကယ့္ကိုအႏႈိင္းမဲ့ပါပဲေလ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံကအမ်ိဳးသားတစ္ဦးဟာ သူရဲ႕ အသက္ 107ႏွစ္အရြယ္အဘြားျဖစ္သူကို မိတ္ေဆြရဲ႕သမီးျဖစ္သူ၏ မဂၤလာေဆာင္သို႔ ေခၚေဆာင္သြားခဲ့ပါတယ္ ။ ထို႔အျပင္ မဂၤလာပြဲတက္ေရာက္လာၾကတဲ့သူမ်ားကို လက္ေဆာင္အေနနဲ႔ ခ်ိဳခ်ဥ္ေဝေပးခဲ့ၾကပါတယ္ ။ အဘြားျဖစ္သူဟာ မဂၤလာညစာစားပြဲၿပီးေနာက္ ခ်ိဳခ်ဥ္ကိုစားမည့္အစား အိတ္ကပ္ထဲသို႔ထည့္ၿပီး အိမ္သို႔ျပန္လာခဲ့ပါတယ္ ။

အိမ္ျပန္ေရာက္ၿပီးေနာက္ အဘြားျဖစ္သူဟာ သူယူလာခဲ့ေသာ ခ်ိဳခ်ဥ္တစ္လံုးကိုသူ၏အိမ္မွာ႐ွိတဲ့ သမီးႀကီးကိုျပန္ေပးခဲ့ပါတယ္ ။ သမီးႀကီးျဖစ္သူ၏ အသက္မွာလည္း အသက္84ႏွစ္အရြယ္ ႐ွိေနခဲ့ၿပီးပါၿပီ ။သမီးျဖစ္သူဟာ အသက္ 84ႏွစ္အရြယ္ဆိုေပမဲ့လည္း မိခင္ထံမွခ်ိဳခ်ဥ္ေလးရေတာ့ မ်က္ႏွာေလးဟာ အေတာ္ေလးကိုျပံဳးေပ်ာ္သြားခဲ့တာကို အထင္းသားႀကီးျမင္ေတြ႔ရမွာပါ ။

ေျမးျဖစ္သူရဲ႕ေျပာျပခ်က္အရ ” အဘြားက ကြၽန္ေတာ့္ရဲ႕အေဒၚကိုခ်ိဳခ်ဥ္ေပးလိုက္ေတာ့ အေဒၚကအေတာ္ေလးျပံဳးသြားတယ္ ၊ ကေလးေတြ ခ်ိဳခ်ဥ္ေတာင္းလို႔ ရလိုက္သလိုပါပဲ ၊ အေဒၚက အသက္ 84ႏွစ္ဆိုေပမဲ့ မ်က္လံုးထဲမွာေတာ့ အေမ့ရဲ႕သမီးငယ္ေလးလိုပါပဲ ” ဆိုၿပီးေျပာျပခဲ့ပါတယ္ ။ အဆိုပါ video ကို social media ေပၚေဝမ်ွခဲ့ခ်ိန္မွာေတာ့ လူအေတာ္အမ်ားက ႀကိဳက္ႏွစ္သက္ၾကၿပီး အသက္ 84ႏွစ္အရြယ္ အဘြားဆိုေပမဲ့လည္း ယခုအခ်ိန္အထိ သူ႔ေဘးမွာ သူ႔ရဲ႕မိခင္႐ွိေနေသးတဲ့အတြက္ အေတာ္ေလးကံေကာင္းေၾကာင္း လူအမ်ားမွတ္ခ်က္ေရးသားခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိခင်ရဲ့ချစ်မေတ္တာက တကယ့်ကိုအနှိုင်းမဲ့ပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံကအမျိုးသားတစ်ဦးဟာ သူရဲ့ အသက် 107နှစ်အရွယ်အဘွားဖြစ်သူကို မိတ်ဆွေရဲ့သမီးဖြစ်သူ၏ မင်္ဂလာဆောင်သို့ ခေါ်ဆောင်သွားခဲ့ပါတယ် ။ ထို့အပြင် မင်္ဂလာပွဲတက်ရောက်လာကြတဲ့သူများကို လက်ဆောင်အနေနဲ့ ချိုချဉ်ဝေပေးခဲ့ကြပါတယ် ။ အဘွားဖြစ်သူဟာ မင်္ဂလာညစာစားပွဲပြီးနောက် ချိုချဉ်ကိုစားမည့်အစား အိတ်ကပ်ထဲသို့ထည့်ပြီး အိမ်သို့ပြန်လာခဲ့ပါတယ် ။

အိမ်ပြန်ရောက်ပြီးနောက် အဘွားဖြစ်သူဟာ သူယူလာခဲ့သော ချိုချဉ်တစ်လုံးကိုသူ၏အိမ်မှာရှိတဲ့ သမီးကြီးကိုပြန်ပေးခဲ့ပါတယ် ။ သမီးကြီးဖြစ်သူ၏ အသက်မှာလည်း အသက်84နှစ်အရွယ် ရှိနေခဲ့ပြီးပါပြီ ။သမီးဖြစ်သူဟာ အသက် 84နှစ်အရွယ်ဆိုပေမဲ့လည်း မိခင်ထံမှချိုချဉ်လေးရတော့ မျက်နှာလေးဟာ အတော်လေးကိုပြုံးပျော်သွားခဲ့တာကို အထင်းသားကြီးမြင်တွေ့ရမှာပါ ။

မြေးဖြစ်သူရဲ့ပြောပြချက်အရ ” အဘွားက ကျွန်တော့်ရဲ့အဒေါ်ကိုချိုချဉ်ပေးလိုက်တော့ အဒေါ်ကအတော်လေးပြုံးသွားတယ် ၊ ကလေးတွေ ချိုချဉ်တောင်းလို့ ရလိုက်သလိုပါပဲ ၊ အဒေါ်က အသက် 84နှစ်ဆိုပေမဲ့ မျက်လုံးထဲမှာတော့ အမေ့ရဲ့သမီးငယ်လေးလိုပါပဲ ” ဆိုပြီးပြောပြခဲ့ပါတယ် ။ အဆိုပါ video ကို social media ပေါ်ဝေမျှခဲ့ချိန်မှာတော့ လူအတော်အများက ကြိုက်နှစ်သက်ကြပြီး အသက် 84နှစ်အရွယ် အဘွားဆိုပေမဲ့လည်း ယခုအချိန်အထိ သူ့ဘေးမှာ သူ့ရဲ့မိခင်ရှိနေသေးတဲ့အတွက် အတော်လေးကံကောင်းကြောင်း လူအများမှတ်ချက်ရေးသားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အသက္ 107ႏွစ္အရြယ္မိခင္ထံမွ ခ်ိဳခ်ဥ္ရလိုက္လို႔ အေတာ္ေလးေပ်ာ္သြားခဲ့တဲ့ အသက္ 84ႏွစ္အရြယ္သမီး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*