ထူးထူးဆန်းဆန်း Cowboy ဦးထုပ်လေးတွေကိုဆောင်းထားလို့ နာမည်ကြီးနေတဲ့ ခိုးလေး နှစ်ကောင် (ရုပ်သံ)



.

.

.

Jasmine (Mckzone Daily)

Source : odditycentral

Unicode

ခိုလေးတွေကို နေ့စဉ်လိုလို တွေ့နေ ၊ မြင်နေရပေမဲ့ Cowboy ဦးထုပ်လေးဆောင်ထားကြတဲ့ ခိုလေးတွေကိုတော့ တွေ့ဖို့ စိတ်ကူးထားမိမှာတောင် မဟုတ်ပါဘူး ။ သို့ပေမဲ့လည်း Las Vegas မြို့မှာနေထိုင်တဲ့ Bobby Lee အမည်ရှိတဲ့အမျိုးသားဟာ သူ့ရဲ့အနီးမြေပြင်ပေါ်မှာ အစားတွေကိုလိုက်လံကောက်ယူစားသောက်နေတဲ့ ခိုလေးနှစ်ကောင်ကို အာရုံစိုက်မိခဲ့ပါတယ် ။ အကြောင်းကတော့ ခိုလေးနှစ်ကောင်ဟာ သေးငယ်လွန်းတဲ့ cowboy ဦးထုပ်လေးကိုဆောင်ထားကြပြီး ၊ တစ်ကောင်က အနီရောင် ဦးထုပ်လေးဆောင်ထားကာ ၊ နောက်တစ်ကောင်မှာတော့ မီးခိုးရောင်ဦးထုပ်လေးဆောင်ထားတာပါ ။

ဒါနဲ့ပဲ Lee ကလည်း သူ့ရဲ့စမတ်ဖုန်းကို ဆွဲထုတ်လိုက်ပြီး ခိုလေးတွေကို video ရိုက်ကူးကာ social media ပေါ် ဝေမျှခဲ့ပါတယ် ။ အဆိုပါ video ဟာ အလျင်အမြန်ပျံ့နှံ့သွားခဲ့ပြီး နောက်တစ်ရက်မှာပဲ Las Vegas မြို့ရဲ့ cowboy ဦးထုပ်လေးနဲ့ ခိုလေးနှစ်ကောင်ဆိုပြီး အတော်လေးကိုလူပြောများကာ ရေပန်းစားသွားခဲ့ပါတယ် ။ မည်သည့်အကြောင်းကြောင့် ခိုလေးတွေဟာ cowboy ဦးထုပ်လေး ဆောင်းထားခဲ့ရတာလဲဆိုတာကတော့မသိရပေမဲ့ သူ့ရဲ့မြို့လေးကို နာမည်ကြီးသွားစေတဲ့ ခိုလေးနှစ်ကောင်ဖြစ်သွားခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment