25 မီတာအျမင့္မွာ႐ွိတဲ့ စည္ပိုင္းထဲမွာ ရက္ေပါင္း 70 ေက်ာ္ ေနထိုင္ခဲ့တဲ့အမ်ိဳးသား (႐ုပ္သံ)

ေတာင္အာဖရိက ရဲ႕ Dullstroom ၿမိဳ႕မွာ႐ွိတဲ့ အသက္ 52 ႏွစ္အရြယ္ Vernon Kruger အမည္႐ွိတဲ့အမ်ိဳးသားဟာ ေျမျပင္ေပၚေျခေထာက္လံုးဝမခ်ဘဲ 25 မီတာအျမင့္မွာ႐ွိတဲ့ တိုင္တစ္လံုးနဲ႔ေထာက္ထားတဲ့ စည္ပိုင္းေပၚမွာ ရက္ေပါင္း 73 ရက္ခန္႔ေနထိုင္ခဲ့ပါတယ္ ။ လြန္ခဲ့တဲ့ 22 ႏွစ္ခန္႔က အဆိုပါစည္ေပါင္းေပၚမွာ ပထမဆံုးအႀကိမ္အေနနဲ႔ Kruger တက္ၿပီး ေနခဲ့ပါေသးတယ္ ။ တစ္ရက္မွာေတာ့ သူငယ္ခ်င္းျဖစ္သူနဲ႔ အပန္ေျဖခရီးထြက္ရင္း ‘ သစ္ပင္ေပၚတက္ၿပီး ထိုင္ေနတဲ့စံခ်ိန္ကို မင္းဘာလို႔မခ်ိဳးတာလဲ ‘ ဆိုၿပီး စေနာက္ခဲ့ရာကေန အတည္ျဖစ္လာခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း စည္ပိုင္းထဲ 64 ရက္ တက္ေနခဲ့တဲ့ သူ႔ရဲ႕ 1997 ခုႏွစ္က စံခ်ိန္ကို ျပန္လည္ခ်ိဳးေဖာက္ဖို႔ ျပင္ဆင္ခဲ့ပါတယ္ ။

ထို႔ေၾကာင့္ Kruger ဟာ အဆိုပါ စည္ပင္ထဲမွာ အနည္းဆံုးရက္ေပါင္း 73 ရက္ထက္ေနထိုင္ဖို႔ျပင္ဆင္ခဲ့ၿပီး ၊ တစ္ကယ့္ကို စန္ေခၚမႈတစ္ရပ္ျဖစ္လာခဲ့ပါတယ္ ။ အေၾကာင္းကေတာ့ အစားအစာ နဲ႔ ေသာက္ေရအတြက္ ေျမျပင္ေပၚက လူေတြကို မွီခိုခဲ့ရပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ အဆိုပါက်ဥ္းေျမာင္းတဲ့ေနရာေလးမွာ ဘာတစ္ခုမွ ကိုယ္တိုင္ျပဳလုပ္လို႔ မရလို႔ပါပဲ ။ အညစ္အေၾကးစြန္႔ပစ္ဖို႔ကိုေတာ့ တိုင္လံုးရဲ႕ေအာက္ေျခဖက္မွာ ကန္ေလးတစ္ခု႐ွိၿပီး ၊ စည္ပိုင္းနဲ႔ ခ်ိတ္ဆက္ထားတဲ့ ႐ွည္လ်ားတဲ့ ေရႏႈတ္ေျမာင္းစနစ္ပံုစံ ပါ႐ွိပါတယ္ ။ ယခုအႀကိမ္ထက္ပိုတဲ့ စံခ်ိန္မ်ိဳးကို ျပန္ခ်ိဳးဖ်က္ဖို႔ ရက္ 80 ခန္႔ အဆိုပါစည္းပိုင္းထဲမွာ ျပန္ေနဖို႔ စီစဥ္ေနလ်က္႐ွိေၾကာင္းလည္း သိ႐ွိရပါတယ္ ။

.

.

.

Jasmine (Mckzone Daily)

Source : odditycentral

Unicode

တောင်အာဖရိက ရဲ့ Dullstroom မြို့မှာရှိတဲ့ အသက် 52 နှစ်အရွယ် Vernon Kruger အမည်ရှိတဲ့အမျိုးသားဟာ မြေပြင်ပေါ်ခြေထောက်လုံးဝမချဘဲ 25 မီတာအမြင့်မှာရှိတဲ့ တိုင်တစ်လုံးနဲ့ထောက်ထားတဲ့ စည်ပိုင်းပေါ်မှာ ရက်ပေါင်း 73 ရက်ခန့်နေထိုင်ခဲ့ပါတယ် ။ လွန်ခဲ့တဲ့ 22 နှစ်ခန့်က အဆိုပါစည်ပေါင်းပေါ်မှာ ပထမဆုံးအကြိမ်အနေနဲ့ Kruger တက်ပြီး နေခဲ့ပါသေးတယ် ။ တစ်ရက်မှာတော့ သူငယ်ချင်းဖြစ်သူနဲ့ အပန်ဖြေခရီးထွက်ရင်း ‘ သစ်ပင်ပေါ်တက်ပြီး ထိုင်နေတဲ့စံချိန်ကို မင်းဘာလို့မချိုးတာလဲ ‘ ဆိုပြီး စနောက်ခဲ့ရာကနေ အတည်ဖြစ်လာခဲ့ပါတယ် ။ သို့ပေမဲ့လည်း စည်ပိုင်းထဲ 64 ရက် တက်နေခဲ့တဲ့ သူ့ရဲ့ 1997 ခုနှစ်က စံချိန်ကို ပြန်လည်ချိုးဖောက်ဖို့ ပြင်ဆင်ခဲ့ပါတယ် ။

ထို့ကြောင့် Kruger ဟာ အဆိုပါ စည်ပင်ထဲမှာ အနည်းဆုံးရက်ပေါင်း 73 ရက်ထက်နေထိုင်ဖို့ပြင်ဆင်ခဲ့ပြီး ၊ တစ်ကယ့်ကို စန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့ပါတယ် ။ အကြောင်းကတော့ အစားအစာ နဲ့ သောက်ရေအတွက် မြေပြင်ပေါ်က လူတွေကို မှီခိုခဲ့ရပါတယ် ။ ဘာလို့လည်းဆိုတော့ အဆိုပါကျဉ်းမြောင်းတဲ့နေရာလေးမှာ ဘာတစ်ခုမှ ကိုယ်တိုင်ပြုလုပ်လို့ မရလို့ပါပဲ ။ အညစ်အကြေးစွန့်ပစ်ဖို့ကိုတော့ တိုင်လုံးရဲ့အောက်ခြေဖက်မှာ ကန်လေးတစ်ခုရှိပြီး ၊ စည်ပိုင်းနဲ့ ချိတ်ဆက်ထားတဲ့ ရှည်လျားတဲ့ ရေနှုတ်မြောင်းစနစ်ပုံစံ ပါရှိပါတယ် ။ ယခုအကြိမ်ထက်ပိုတဲ့ စံချိန်မျိုးကို ပြန်ချိုးဖျက်ဖို့ ရက် 80 ခန့် အဆိုပါစည်းပိုင်းထဲမှာ ပြန်နေဖို့ စီစဉ်နေလျက်ရှိကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "25 မီတာအျမင့္မွာ႐ွိတဲ့ စည္ပိုင္းထဲမွာ ရက္ေပါင္း 70 ေက်ာ္ ေနထိုင္ခဲ့တဲ့အမ်ိဳးသား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*