ႂကြက္သားေတြႀကီးထြားလာေအာင္ ေဆးထိုးသြင္းၿပီး ခႏၶာကိုယ္အခ်ိဳးအစားေျပာင္းလဲပစ္ခဲ့တဲ့ အမ်ိဳးသား

ဘရာဇီးနိုင္ငံမွာ ​ေနထိုင္လ်က္ရွိတဲ့ Valdir Seegato အမည္႐ွိတဲ့ အသက္ 50 အရြယ္အမ်ိဳးသားဟာ သူ႔ရဲ႕ႂကြက္သားေတြ ႀကီးထြားလာေအာင္ ႂကြက္သားထဲ ေဆးထိုးသြင္းေလ့႐ွိေၾကာင္းသိရပါတယ္ ။ အဆိုပါေဆးေတြ ထိုးသြင္းဖန္မ်ားလာၿပီး ႏွစ္အနည္းငယ္အၾကာမွာေတာ့ သူ႔ရဲ႕ႂကြက္သားေတြဟာ ပူေဖာင္းထဲေလထိုးထည့္ထားသလို ေပါက္ကြဲေတာ့မဲ့ ပံုစံမ်ိဳးျဖစ္ေနခဲ့ပါေတာ့တယ္ ။ Valdir ဟာ အသက္ငယ္ရြယ္စဥ္ 10 ေက်ာ္သက္အရြယ္တုန္းက ပိန္လြန္းလို႔ သူငယ္ခ်င္းေတြက ‘Skinny dog’ ဆိုၿပီး စေနာက္ေခၚဆိုျခင္းခံခဲ့ရပါတယ္ ။ ဒါေၾကာင့္ သူ႔ရဲ႕ဘဝပံုစံေျပာင္းလဲေအာင္ gym သို႔ ေန႔စဥ္သြားေရာက္ၿပီး ေဆာ့ကစားခဲ့ပါတယ္ ။

တစ္ရက္မွာေတာ့ သူငယ္ခ်င္းတစ္ေယာက္က ႂကြက္သားေတြႀကီးထြားသန္မာေစမဲ့ ေဆးတစ္မ်ိဳးကို Valdir အား မိတ္ဆက္ေပးခဲ့ပါတယ္ ။ အဆိုပါေဆးကို အသံုးျပဳၿပီးေနာက္ ႂကြက္သားေတြႀကီးထြားလာတာကို Valdir က အေတာ္ေလး ႀကိဳက္ႏွစ္သက္သြားခဲ့ၿပီး စြဲစြဲျမဲျမဲ အသံုးျပဳခဲ့ပါေတာ့တယ္ ။

လက္႐ွိမွာေတာ့ အႏၱရာယ္မ်ားလြန္းလို႔ အဆိုပါေဆးကို သံုးစြဲေနတာ ရပ္တန္႔ဖို႔ ဆရာဝန္က Valdir ကို အၾကံေပးခဲ့ေပမဲ့လည္း ၊ Valdir က အျခားသူေတြက သူ႔အား Hulk, Schwarzenegger လို႔ ေခၚဆိုျခင္းကို ႀကိဳက္ႏွစ္သက္ၿပီး ေပ်ာ္ရႊင္ေနရလို႔ ေဆးထိုးသြင္းမႈ့ကို မရပ္တန္႔ႏိုင္ဘဲ စြဲလမ္းေနလ်က္႐ွိပါတယ္ ။ လက္႐ွိမွာေတာ့ Valdir ဟာ Twitter ေပၚမွာ Followers ေပါင္း 19,000 ခန္႔ရ႐ွိထားသူျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source : odditycentral

Unicode

ဘရာဇီးနိုင်ငံမှာ နေထိုင်လျက်ရှိတဲ့ Valdir Seegato အမည်ရှိတဲ့ အသက် 50 အရွယ်အမျိုးသားဟာ သူ့ရဲ့ကြွက်သားတွေ ကြီးထွားလာအောင် ကြွက်သားထဲ ဆေးထိုးသွင်းလေ့ရှိကြောင်းသိရပါတယ် ။ အဆိုပါဆေးတွေ ထိုးသွင်းဖန်များလာပြီး နှစ်အနည်းငယ်အကြာမှာတော့ သူ့ရဲ့ကြွက်သားတွေဟာ ပူဖောင်းထဲလေထိုးထည့်ထားသလို ပေါက်ကွဲတော့မဲ့ ပုံစံမျိုးဖြစ်နေခဲ့ပါတော့တယ် ။ Valdir ဟာ အသက်ငယ်ရွယ်စဉ် 10 ကျော်သက်အရွယ်တုန်းက ပိန်လွန်းလို့ သူငယ်ချင်းတွေက ‘Skinny dog’ ဆိုပြီး စနောက်ခေါ်ဆိုခြင်းခံခဲ့ရပါတယ် ။ ဒါကြောင့် သူ့ရဲ့ဘဝပုံစံပြောင်းလဲအောင် gym သို့ နေ့စဉ်သွားရောက်ပြီး ဆော့ကစားခဲ့ပါတယ် ။

တစ်ရက်မှာတော့ သူငယ်ချင်းတစ်ယောက်က ကြွက်သားတွေကြီးထွားသန်မာစေမဲ့ ဆေးတစ်မျိုးကို Valdir အား မိတ်ဆက်ပေးခဲ့ပါတယ် ။ အဆိုပါဆေးကို အသုံးပြုပြီးနောက် ကြွက်သားတွေကြီးထွားလာတာကို Valdir က အတော်လေး ကြိုက်နှစ်သက်သွားခဲ့ပြီး စွဲစွဲမြဲမြဲ အသုံးပြုခဲ့ပါတော့တယ် ။

လက်ရှိမှာတော့ အန္တရာယ်များလွန်းလို့ အဆိုပါဆေးကို သုံးစွဲနေတာ ရပ်တန့်ဖို့ ဆရာဝန်က Valdir ကို အကြံပေးခဲ့ပေမဲ့လည်း ၊ Valdir က အခြားသူတွေက သူ့အား Hulk, Schwarzenegger လို့ ခေါ်ဆိုခြင်းကို ကြိုက်နှစ်သက်ပြီး ပျော်ရွှင်နေရလို့ ဆေးထိုးသွင်းမှု့ကို မရပ်တန့်နိုင်ဘဲ စွဲလမ်းနေလျက်ရှိပါတယ် ။ လက်ရှိမှာတော့ Valdir ဟာ Twitter ပေါ်မှာ Followers ပေါင်း 19,000 ခန့်ရရှိထားသူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment