အားရပါးရ ရယ္ေမာပစ္ခဲ့လို႔ ပါးစပ္ျပန္စိလို႔မရဘဲ ေမး႐ိုးလြဲသြားခဲ့တဲ့ အမ်ိဳးသမီးအျဖစ္

ဒီအျဖစ္အပ်က္ကေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ အျမန္မီးရထားေပၚမွာျဖစ္ပ်က္ခဲ့တာပါ ။ Luo Wensheng အမည္႐ွိတဲ့ဆရာဝန္ဟာ အျမန္ရထားစီးေနစဥ္ speaker ကေန အေရးေပၚအကူအညီလိုအပ္ေၾကာင္း ေျပာဆိုေနတာကို ၾကားသိခဲ့ရပါတယ္ ။ ထို႔ေနာက္ လူနာဆီသို႔အေရာက္သြားခဲ့ခ်ိန္မွာေတာ့ အဆိုပါအမ်ိဳးသမီးလူနာဟာ အရမ္းရယ္ေမာပစ္ခဲ့ၿပီးေနာက္ ပါးစပ္ျပန္စိလို႔မရဘဲ ၊ အဆိုပါအတိုင္းပါးစပ္ပြင့္ေနခဲ့တာျဖစ္ေၾကာင္း မ်က္ျမင္သက္ေသလူေတြရဲ႕ေျပာၾကားခ်က္အရ သိခဲ့ရပါတယ္ ။ ထို႔ေၾကာင့္ ဆရာဝန္ကလည္း လူနာဟာ ႐ုတ္တရက္ေလျဖတ္တာလည္း ျဖစ္ႏိုင္လို႔ ေသြးေပါင္တိုင္းၾကည့္ခ်ိန္မွာ ပံုမွန္အတိုင္းျဖစ္ေနခဲ့ပါတယ္ ။ ထို႔ေနာက္ သူမဟာ ပါးစပ္ကလြဲၿပီး က်န္တာ ဘားမွမျဖစ္တဲ့အတြက္ ေမး႐ိုးလြဲသြားခဲ့တာျဖစ္ေၾကာင္း သိခဲ့ရပါတယ္ ။

ထို႔ေၾကာင့္ အစပိုင္းမွာ ဆရာဝန္က အႏၱရာယ္မ်ားလ်ိဳ႕ သူမကိုသာ ေဆးရံုတန္းသြားဖို႔ ေျပာခဲ့ေပမဲ့လည္း သူမက ႀကိဳးစားေပးၾကည့္ဖို႔သာေတာင္းဆိုခဲ့ပါတယ္ ။ လူနာကလည္း အေတာ္ေလးစိတ္လႈပ္႐ွားလာၿပီး ၊ သူမရဲ႕ မ်က္ႏွာေတြကလည္း မာေက်ာေတာင့္တင္းလာခဲ့ပါတယ္ ။ သူမရဲ႕ ေမး႐ိုးကို ျပန္ညိွဖို႔ႀကိဳးစားခဲ့တဲ့ ပထမဆံုးအႀကိမ္မွာ မေအာင္ျမင္ခဲ့ပါဘူး ။ ထို႔ေၾကာင့္ ဆရာဝန္ကေဆးရံုသို႔သာသြားဖို႔ေျပာခဲ့ေပမဲ့လည္း မီးရထားဝန္ထမ္းမ်ားက ေဆးရံုေရာက္ဖို႔ အခ်ိန္ 1 နာရီခန္႔ၾကာျမင့္အံုးမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ၿပီး အျခားခရီးသြားေတြကလည္း ထပ္မံႀကိဳးစားၾကည့္ေပးဖို႔ ေတာင္းဆိုၾကည့္ခဲ့ခ်ိန္မွာေတာ့ ေနာက္တစ္ႀကိမ္ထပ္မံႀကိဳးစားခဲ့ရာ သူမရဲ႕မူလေမး႐ိုးပံုစံအတိုင္း ျပန္ထားႏိုင္ခဲ့ပါတယ္ ။

လူနာအမ်ိဳးသမီးကလည္း အေတာ္ေလးဝမ္းသာေပ်ာ္ရႊင္သြားခဲ့ၿပီး သူမအရင္ခ်ိန္ ကိုယ္ဝန္ေဆာင္စဥ္ကလည္း ယခုလို ျဖစ္ဖူးေၾကာင္း ေျပာျပခဲ့ပါတယ္ ။ ဒါေၾကာင့္ ေမး႐ိုးတစ္ႀကိမ္လြဲဖူးၿပီးသားလူေတြဟာ အရမ္းရယ္ေမာတာတို႔ ၊ သန္းတာတို႔ နဲ႔ ပါးစပ္အက်ယ္ႀကီးဟတာတို႔ ဆိုရင္ အထူးအေလးထားသင့္ေၾကာင္း ဆရာဝန္က ထပ္မံအသိေပးခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source : odditycentral

Unicode

ဒီအဖြစ်အပျက်ကတော့ တရုတ်နိုင်ငံရဲ့ အမြန်မီးရထားပေါ်မှာဖြစ်ပျက်ခဲ့တာပါ ။ Luo Wensheng အမည်ရှိတဲ့ဆရာဝန်ဟာ အမြန်ရထားစီးနေစဉ် speaker ကနေ အရေးပေါ်အကူအညီလိုအပ်ကြောင်း ပြောဆိုနေတာကို ကြားသိခဲ့ရပါတယ် ။ ထို့နောက် လူနာဆီသို့အရောက်သွားခဲ့ချိန်မှာတော့ အဆိုပါအမျိုးသမီးလူနာဟာ အရမ်းရယ်မောပစ်ခဲ့ပြီးနောက် ပါးစပ်ပြန်စိလို့မရဘဲ ၊ အဆိုပါအတိုင်းပါးစပ်ပွင့်နေခဲ့တာဖြစ်ကြောင်း မျက်မြင်သက်သေလူတွေရဲ့ပြောကြားချက်အရ သိခဲ့ရပါတယ် ။ ထို့ကြောင့် ဆရာဝန်ကလည်း လူနာဟာ ရုတ်တရက်လေဖြတ်တာလည်း ဖြစ်နိုင်လို့ သွေးပေါင်တိုင်းကြည့်ချိန်မှာ ပုံမှန်အတိုင်းဖြစ်နေခဲ့ပါတယ် ။ ထို့နောက် သူမဟာ ပါးစပ်ကလွဲပြီး ကျန်တာ ဘားမှမဖြစ်တဲ့အတွက် မေးရိုးလွဲသွားခဲ့တာဖြစ်ကြောင်း သိခဲ့ရပါတယ် ။

ထို့ကြောင့် အစပိုင်းမှာ ဆရာဝန်က အန္တရာယ်များလျို့ သူမကိုသာ ဆေးရုံတန်းသွားဖို့ ပြောခဲ့ပေမဲ့လည်း သူမက ကြိုးစားပေးကြည့်ဖို့သာတောင်းဆိုခဲ့ပါတယ် ။ လူနာကလည်း အတော်လေးစိတ်လှုပ်ရှားလာပြီး ၊ သူမရဲ့ မျက်နှာတွေကလည်း မာကျောတောင့်တင်းလာခဲ့ပါတယ် ။ သူမရဲ့ မေးရိုးကို ပြန်ညှိဖို့ကြိုးစားခဲ့တဲ့ ပထမဆုံးအကြိမ်မှာ မအောင်မြင်ခဲ့ပါဘူး ။ ထို့ကြောင့် ဆရာဝန်ကဆေးရုံသို့သာသွားဖို့ပြောခဲ့ပေမဲ့လည်း မီးရထားဝန်ထမ်းများက ဆေးရုံရောက်ဖို့ အချိန် 1 နာရီခန့်ကြာမြင့်အုံးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး အခြားခရီးသွားတွေကလည်း ထပ်မံကြိုးစားကြည့်ပေးဖို့ တောင်းဆိုကြည့်ခဲ့ချိန်မှာတော့ နောက်တစ်ကြိမ်ထပ်မံကြိုးစားခဲ့ရာ သူမရဲ့မူလမေးရိုးပုံစံအတိုင်း ပြန်ထားနိုင်ခဲ့ပါတယ် ။

လူနာအမျိုးသမီးကလည်း အတော်လေးဝမ်းသာပျော်ရွှင်သွားခဲ့ပြီး သူမအရင်ချိန် ကိုယ်ဝန်ဆောင်စဉ်ကလည်း ယခုလို ဖြစ်ဖူးကြောင်း ပြောပြခဲ့ပါတယ် ။ ဒါကြောင့် မေးရိုးတစ်ကြိမ်လွဲဖူးပြီးသားလူတွေဟာ အရမ်းရယ်မောတာတို့ ၊ သန်းတာတို့ နဲ့ ပါးစပ်အကျယ်ကြီးဟတာတို့ ဆိုရင် အထူးအလေးထားသင့်ကြောင်း ဆရာဝန်က ထပ်မံအသိပေးခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment