သာမာန္လူေတြထက္ ပိုႀကီးမားတဲ့ မ်က္လံုးမ်ိဳးပိုင္ဆိုင္ထားတဲ့ မိန္းကေလး (႐ုပ္သံ)

Instagram ေမာ္ဒယ္အေတာ္မ်ားမ်ားဟာ အေတာ္ေလးကိုက်ယ္တဲ့ မ်က္ဝန္းမ်ိဳးပိုင္ဆိုင္ထားေပမဲ့လည္း Maria Oz အမည္႐ွိတဲ့ ယူကရိန္းႏိုင္ငံက မိန္းကေလးလိုေတာ့ ပံုမွန္ထက္ႀကီးမားတဲ့ မ်က္လံုးမ်ိဳးေတြေတာ့႐ွိၾကမွာ မဟုတ္ပါဘူး ။ သူမရဲ႕ က်ယ္လြန္းတဲ့မ်က္ဝန္းေတြေၾကာင့္ Instagram followers ေပါင္း 117,000 ခန္႔ရ႐ွိထားသူျဖစ္ၿပီး ၊ လူအခ်ိဳ႕ကေတာ့ သူမရဲ႕ဓာတ္ပံုေတြဟာ edit လုပ္ၿပီး ျပဳျပင္ထားတာေတြသာျဖစ္ေၾကာင္း မုခ်ယံုၾကည္ေနၾကပါတယ္ ။ အေၾကာင္းကေတာ့ အခ်ိဳ႕ဓာတ္ပံုေတြမွာဆိုရင္ သူမရဲ႕လည္ပင္းက အေတာ္ေလး႐ွည္ေနၿပီး ၊ မ်က္လံုးအေရာင္ေတြကလည္း မတူညီလို႔ပါပဲ ။ သို႔ေပမဲ့လည္း Maria Oz ကေတာ့ သူမရဲ႕မ်က္လံုးေတြဟာ အျပင္ဖက္မွာလည္း တစ္ကယ့္ကို သာမာန္ထက္ပိုႀကီးမားေၾကာင္း အခိုင္အမာေျပာဆိုခဲ့ပါတယ္ ။ ဒါေၾကာင့္ သူမရဲ႕မ်က္လံုးေတြက အမွန္တကယ္ႀကီးမားတာလားဆိုတာကို စာဖတ္သူတို႔သံုးသပ္ႏိုင္ေအာင္ သူမရဲ႕ YouTube video ကိုပါ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ ။

.

.

.

.

.

.

.

.

Jasmine (Mckzone Daily)

Source : odditycentral

Unicode

Instagram မော်ဒယ်အတော်များများဟာ အတော်လေးကိုကျယ်တဲ့ မျက်ဝန်းမျိုးပိုင်ဆိုင်ထားပေမဲ့လည်း Maria Oz အမည်ရှိတဲ့ ယူကရိန်းနိုင်ငံက မိန်းကလေးလိုတော့ ပုံမှန်ထက်ကြီးမားတဲ့ မျက်လုံးမျိုးတွေတော့ရှိကြမှာ မဟုတ်ပါဘူး ။ သူမရဲ့ ကျယ်လွန်းတဲ့မျက်ဝန်းတွေကြောင့် Instagram followers ပေါင်း 117,000 ခန့်ရရှိထားသူဖြစ်ပြီး ၊ လူအချို့ကတော့ သူမရဲ့ဓာတ်ပုံတွေဟာ edit လုပ်ပြီး ပြုပြင်ထားတာတွေသာဖြစ်ကြောင်း မုချယုံကြည်နေကြပါတယ် ။ အကြောင်းကတော့ အချို့ဓာတ်ပုံတွေမှာဆိုရင် သူမရဲ့လည်ပင်းက အတော်လေးရှည်နေပြီး ၊ မျက်လုံးအရောင်တွေကလည်း မတူညီလို့ပါပဲ ။ သို့ပေမဲ့လည်း Maria Oz ကတော့ သူမရဲ့မျက်လုံးတွေဟာ အပြင်ဖက်မှာလည်း တစ်ကယ့်ကို သာမာန်ထက်ပိုကြီးမားကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ် ။ ဒါကြောင့် သူမရဲ့မျက်လုံးတွေက အမှန်တကယ်ကြီးမားတာလားဆိုတာကို စာဖတ်သူတို့သုံးသပ်နိုင်အောင် သူမရဲ့ YouTube video ကိုပါ ဖော်ပြပေးလိုက်ပါတယ်နော် ။

Jasmine (Mckzone Daily)

  • Leave a Comment