မည္သည့္ စည္းကမ္းကိုမွမလိုက္နာခဲ့တဲ့ဆိုင္ကယ္သမားကိုဖမ္းရမဲ့အစား ေမြးေန႔ Surprise လုပ္ေပးခဲ့တဲ့ ယာဥ္ထိန္းရဲ(႐ုပ္သံ)

မၾကာေသးခင္ကမွ ထိုင္းႏိုင္ငံယာဥ္ထိန္းရဲတစ္ဦးဟာ အ႐ွိန္ျမန္စြာေမာင္းနွင္ခဲ့သည့္အျပင္ ဆိုင္ကယ္လိုင္စင္ျပားပါ မပါ႐ွိတဲ့ဆိုင္ကယ္ရဲ႕ယာဥ္ေမာင္းကို ဖမ္းရမဲ့အစား ေမြးေန႔ Surprise လုပ္ေပးခဲ့လို႔ အဆိုပါ video ဟာ social media အသံုးျပဳသူေတြအၾကား အေတာ္ေလးကို ေရပန္းစားေနလ်က္႐ွိပါတယ္ ။ Kanokpan Putthapong အမည္႐ွိတဲ့ ယာဥ္ထိန္းရဲဟာ တာဝန္က်ေနတုန္း သတ္မွတ္ထားတဲ့ အျမန္ႏႈန္းထက္ပိုၿပီးေမာင္းႏွင္ခဲ့တဲ့ အဆိုပါဆိုင္ကယ္သမားဟာ ဆိုင္ကယ္ဦးထုပ္မေဆာင္းတဲ့အျပင္ လိုင္စင္ကပ္ျပားပါ မတပ္ထားခဲ့တဲ့အတြက္ အဆိုပါယာဥ္ေမာင္းကို လိုက္ဖမ္းဖို႔ ဆံုးျဖတ္ခဲ့ပါတယ္ ။

သို႔ေသာ္လည္း ဆိုင္ကယ္သမားဟာ မေမ်ွာ္လင့္ပဲ ငိုေႂကြးေနခဲ့တာေၾကာင့္ ယာဥ္ထိန္းရဲက အျဖစ္အပ်က္အလံုးစံုကို ေမးျမန္းခဲ့ပါေတာ့တယ္ ။ ထိုအခ်ိန္မွာမွ ဆယ္ေက်ာ္သက္အရြယ္ ဆိုင္ကယ္သမားမွာ အစ္ကိုျဖစ္သူရဲ႕တိုက္ခန္းကေန စိတ္ဆိုးေဒါသထြက္ၿပီး ထြက္လာခဲ့ေၾကာင္းႏွင့္ ဘာလို႔လည္းဆိုေတာ့ ယေန႔မွာသူ႔ရဲ႕ေမြးေန႔ျဖစ္ေပမဲ့လည္း မိသားစုဝင္တစ္ေယာက္ကမွ သူ႔ကိုဂ႐ုမစိုက္ခဲ့၍ စိတ္ဆိုးေဒါသထြက္ကာ ယခုကဲ့သို႔ျပဳမႈခဲ့မိတာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

ေကာင္ေလးစိတ္ေသာကေရာက္ေနတာကိုျမင္ေတာ့ Mr. Putthapong ဟာ ေကာင္ေလးကိုခဏထိုင္ၿပီးစိတ္ေျဖေလ်ာ့ၿပီးမွ အိမ္သို႔ျပန္ဖို႔ေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ ရဲအရာ႐ွိဟာ အနီးနားက စတိုးဆိုင္သို႔သြားၿပီး ေကာင္ေလးအတြင္ေမြးေန႔ကိတ္ေလး ႏွင့္ ဖေယာင္းတိုင္ေလးေတြဝယ္ၿပီး ေမြးေန႔ကိတ္ေလးစီစဥ္ေပးခဲ့ပါတယ္ ။ ေမြးေန႔ကိတ္ေလးျမင္ေတာ့ ေကာင္ေလးဟာ ရင္ထဲမွာေႏြးေတြးမႈေတြခံစားသြားခဲ့ရၿပီးေနာက္ ေနာက္တစ္ႀကိမ္ျပန္ငိုခဲ့ပါေတာ့တယ္ ။ ရဲအရာ႐ွိက သူရဲ႕ Facebook စာမ်က္ႏွာေပၚမွာ ” Happy Birthday ပါ ညီေလး ၊ ဒီႏွစ္ေတာ့ မင္းကို ယာဥ္ထိန္းရဲက ေမြးေန႔ကိတ္ဝယ္ေပးခဲ့တယ္ ” ဆိုၿပီး ေရးသားကာ မူရင္းဓာတ္ပံုႏွင့္အတူ ေဝမ်ွခဲ့ပါတယ္ ။ ကံဆိုးစြာနဲ႔ အဆိုပါ post ဟာ ဖယ္႐ွားခံခဲ့ရေပမဲ့လည္း ျပည္သူေတြကေတာ့ စိတ္ေစတနာ႐ွိလြန္းလွတဲ့ ရဲအရာ႐ွိကို မ်ိဳးစံုဆုေတာင္းေမတၱာပို႔ေပးခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်ကမှ ထိုင်းနိုင်ငံယာဉ်ထိန်းရဲတစ်ဦးဟာ အရှိန်မြန်စွာမောင်းနှင်ခဲ့သည့်အပြင် ဆိုင်ကယ်လိုင်စင်ပြားပါ မပါရှိတဲ့ဆိုင်ကယ်ရဲ့ယာဉ်မောင်းကို ဖမ်းရမဲ့အစား မွေးနေ့ Surprise လုပ်ပေးခဲ့လို့ အဆိုပါ video ဟာ social media အသုံးပြုသူတွေအကြား အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။ Kanokpan Putthapong အမည်ရှိတဲ့ ယာဉ်ထိန်းရဲဟာ တာဝန်ကျနေတုန်း သတ်မှတ်ထားတဲ့ အမြန်နှုန်းထက်ပိုပြီးမောင်းနှင်ခဲ့တဲ့ အဆိုပါဆိုင်ကယ်သမားဟာ ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့အပြင် လိုင်စင်ကပ်ပြားပါ မတပ်ထားခဲ့တဲ့အတွက် အဆိုပါယာဉ်မောင်းကို လိုက်ဖမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

သို့သော်လည်း ဆိုင်ကယ်သမားဟာ မမျှော်လင့်ပဲ ငိုကြွေးနေခဲ့တာကြောင့် ယာဉ်ထိန်းရဲက အဖြစ်အပျက်အလုံးစုံကို မေးမြန်းခဲ့ပါတော့တယ် ။ ထိုအချိန်မှာမှ ဆယ်ကျော်သက်အရွယ် ဆိုင်ကယ်သမားမှာ အစ်ကိုဖြစ်သူရဲ့တိုက်ခန်းကနေ စိတ်ဆိုးဒေါသထွက်ပြီး ထွက်လာခဲ့ကြောင်းနှင့် ဘာလို့လည်းဆိုတော့ ယနေ့မှာသူ့ရဲ့မွေးနေ့ဖြစ်ပေမဲ့လည်း မိသားစုဝင်တစ်ယောက်ကမှ သူ့ကိုဂရုမစိုက်ခဲ့၍ စိတ်ဆိုးဒေါသထွက်ကာ ယခုကဲ့သို့ပြုမှုခဲ့မိတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

ကောင်လေးစိတ်သောကရောက်နေတာကိုမြင်တော့ Mr. Putthapong ဟာ ကောင်လေးကိုခဏထိုင်ပြီးစိတ်ဖြေလျော့ပြီးမှ အိမ်သို့ပြန်ဖို့ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် ရဲအရာရှိဟာ အနီးနားက စတိုးဆိုင်သို့သွားပြီး ကောင်လေးအတွင်မွေးနေ့ကိတ်လေး နှင့် ဖယောင်းတိုင်လေးတွေဝယ်ပြီး မွေးနေ့ကိတ်လေးစီစဉ်ပေးခဲ့ပါတယ် ။ မွေးနေ့ကိတ်လေးမြင်တော့ ကောင်လေးဟာ ရင်ထဲမှာနွေးတွေးမှုတွေခံစားသွားခဲ့ရပြီးနောက် နောက်တစ်ကြိမ်ပြန်ငိုခဲ့ပါတော့တယ် ။ ရဲအရာရှိက သူရဲ့ Facebook စာမျက်နှာပေါ်မှာ ” Happy Birthday ပါ ညီလေး ၊ ဒီနှစ်တော့ မင်းကို ယာဉ်ထိန်းရဲက မွေးနေ့ကိတ်ဝယ်ပေးခဲ့တယ် ” ဆိုပြီး ရေးသားကာ မူရင်းဓာတ်ပုံနှင့်အတူ ဝေမျှခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ အဆိုပါ post ဟာ ဖယ်ရှားခံခဲ့ရပေမဲ့လည်း ပြည်သူတွေကတော့ စိတ်စေတနာရှိလွန်းလှတဲ့ ရဲအရာရှိကို မျိုးစုံဆုတောင်းမေတ္တာပို့ပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment