ကမ္ဘာပေါ်မှာ နွေးထွေးမှုတွေ အမြဲရှိနေတယ်ဆိုတဲ့အရာကို သက်သေပြခဲ့ကြသူများ


.

.

.

.

.

Jasmine (Mckzone Daily)

Source : 小回忆 Little Memories

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ အကြောင်းအရာလေးကတော့ တွေ့မြင်ရသူတွေအဖို့ ရင်ထဲနွေးထွေးမှုခံစားရစေမဲ့အဖြစ်ပါ ။ အကြောင်းကတော့ လမ်းဘေးမှာ နှစ်အတော်ကြာနေထိုင်နေရပြီး ၊ ရေမိုးချိုးခြင်းမရှိဘဲ အများသူတွေ ဆက်ဆံပေါင်းသင်းခြင်းမရှိတဲ့ အဘိုးအိုကို စေတနာရှင်အုပ်စုတစ်စုက ပြုပြင်ပြောင်းလဲပေးခဲ့လို့ပါဘဲ ။ အဘိုးအိုဟာ နှစ်ပေါင်းများစွာ အဝတ်တစ်ထည်ထဲနဲ့ နေထိုင်နေရပြီး ဆံပင်ရှည်ကာ ၊ မုတ်ဆိတ်မွေးတွေလည်း အတော်လေးရှည်နေခဲ့တာပါ ။ ကိုယ်လက်ဆေးကြောသန့်စင်ခြင်းမရှိလို့ ခန္ဓာကိုယ်တစ်ခုလုံး ညစ်ပတ်ပေကျံနေလျက်ရှိနေသူပါ ။ သို့ပေမဲ့လည်း စေတနာရှင်တွေရဲ့ ပြုပြင်ပြောင်းလဲပေးမှုကြောင့် မမှတ်မိနိုင်လောက်အောင် အဘိုးအိုရဲ့ ရုပ်ရည်ဟာ ပြောင်းလဲသွားခဲ့ရပါတယ် ။ ဒါကြောင့် ကမ္ဘာပေါ်မှာလည်း နွေးထွေးမှုဆိုတာ ရှိနေစမြဲပဲဆိုတာကို သက်သေပြပေးခဲ့ကြသူတွေလို့ ပြောရမှာပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment