ရာသီဥတု ပူပြင်းလွန်းလို့ အဲကွန်းထဲဝင်နေပြီး ဇိမ်ခံနေခဲ့တဲ့ မြွေ


.

.

Jasmine (Mckzone Daily)

Source : 小回忆 Little Memories

Unicode

နေ့လယ်နေ့ခင် ပူပြင်းလွန်းလို့ လူတွေမှမဟုတ်ပါဘူး ၊ တိရစ္ဆာန်တွေလည်း အပူဒဏ်ကြောင့် အခက်တွေ့နေရတာပါ ။ ဒီတစ်ခေါက်မှာလည်း အမျိုးသားတစ်ဦးဟာ အိမ်ပြန်ရောက်လာချိန်ပူပြင်းလွန်းလို့ သူ့ရဲ့အဲကွန်းကို ဖွင့်လိုက်ချိန် ထူးဆန်းတဲ့အသံတွေမြည်နေလို့ အဲကွန်းကိုဖွင့်လိုက်ချိန်မှာတော့ အဆိပ်ပြင်းလွန်းတဲ့ မြွေတစ်ကောင် ကိုတွေ့ရှိခဲ့ပါတယ် ။ ပူပြင်းလွန်းလို့ မြွေက ဝင်ပြီး အအေးခံနေပုံရပါတယ် ။ ဒါကြောင့် အခုလိုပူပြင်းလွန်းတဲ့အချိန်တွေမှာ အဲကွန်းဖွင့်တဲ့အချိန်ဂရုစိုက်ကြဖို့ စာဖတ်သူတို့ကို သတိပေးလိုက်ရပါတယ်နော် ။ ဘာလို့လည်းဆိုတော့ မြွေတွေကလည်း မကြာခဏ အဲကွန်းထဲဝင်ပြီး ခိုအောင်းနေတတ်ကြလို့ပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "ရာသီဥတု ပူပြင်းလွန်းလို့ အဲကွန်းထဲဝင်နေပြီး ဇိမ်ခံနေခဲ့တဲ့ မြွေ"

Leave a comment

Your email address will not be published.


*