ဒဏ္ရာရေနတဲ့ ပိုးဟပ္ကို တိရစာၦန္အထူးကုေဆးခန္းသို႔ ေခၚေဆာင္သြားေပးခဲ့တဲ့ စိတ္ထားမြန္ျမတ္လြန္းတဲ့ အမ်ိဳးသား

လူအေတာ္မ်ားမ်ားကေတာ့ ပိုးဟပ္ေတြကိုေတြ႔ရင္ ေၾကာက္ရြံၿပီး ရြံ႐ွာတတ္ၾကေပမဲ့လည္း အခ်ိဳ႕ေသာသူေတြအတြက္ကေတာ့ မဟုတ္ဘူးဆိုတာကို ယခုအျဖစ္အပ်က္ေလးက သက္ေသျပလိုက္တာပါပဲ ။ ထိုင္းႏိုင္ငံက အမ်ိဳးသားတစ္ဦးရဲ႕ စိတ္ႏွလံုးသားဟာ အရမ္းႏူညံ့ၿပီးမြန္ျမတ္လြန္းတယ္လို႔ ေျပာရေလာက္ေအာင္ပါပဲ ။ အေၾကာင္းကေတာ့ အဆိုပါအမ်ိဳးသားဟာ လမ္းေဘးမွာေတြ႔ခဲ့တဲ့ ဒဏ္ရာရေနတဲ့ပိုးဟပ္ကို မသိခ်င္ေယာင္ေဆာင္ၿပီး မေနႏိုင္တဲ့အဆံုး အဆိုပါပိုးဟပ္ကို တိရစာၦန္အထူးကုေဆးခန္းသို႔ ေခၚေဆာင္လာခဲ့ပါတယ္ ။

ေနာက္ေျပာင္က်ီစယ္ျခင္းမ်ိဳးမဟုတ္ဘဲ အမွန္တကယ္ပိုးဟပ္ကို ေဆးကုသေပးဖို႔ ေဆးခန္းေရာက္လာခဲ့တဲ့ဓာတ္ပံုေတြကို ဆရာဝန္က social media ေပၚမွာ ေဝမ်ွေပးခဲ့တာျဖစ္ပါတယ္ ။ ဆရာဝန္ကေတာ့ အခုလို ပိုးဟပ္ကိုေဆးကုသေပးခဲ့ရတာ ပထမဆံုးအႀကိမ္ျဖစ္ေၾကာင္း ႏွင့္ ပိုးဟပ္မွာလည္း ျပန္လည္ေကာင္းမြန္လာႏိုင္ဖို႔ 50/50 % သာ႐ွိေၾကာင္း ႐ွင္းျပခဲ့ရပါေသးတယ္ ။ ေဆးကုသဖို႔ သိပ္မ႐ွိတဲ့အဆံုး ပိုးဟပ္ကို ေအာက္စီဂ်င္အခန္းေလးထဲ ထည့္ေပးထားခဲ့ရေၾကာင္း သိရပါတယ္ ။

” ပိုးဟပ္ကို အိမ္ျပန္ေခၚသြားၿပီး ဂ႐ုစိုက္ေပးဖို႔ ကြၽန္ေတာ္ အဲ့အမ်ိဳးသားကို ခြင့္ျပဳေပးလိုက္ပါတယ္ ။ ကုသစရိတ္ ေပးစရာမလိုပါဘူး ၊ ဒီလို ထူးဆန္းတဲ့ကိစၥေတြေျပာရမယ္ဆိုရင္ အရင္ခ်ိန္တုန္းက အိမ္ေျမာင္း ၊ ဖားျပဳတ္ စတဲ့ တိရစၧာန္ မ်ိဳးစံုကိုလည္း ကုသေပးခဲ့ဖူးပါတယ္ ” ဆိုၿပီး ဆရာဝန္က ေျပာျပထားပါေသးတယ္ ။

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

လူအတော်များများကတော့ ပိုးဟပ်တွေကိုတွေ့ရင် ကြောက်ရွံပြီး ရွံရှာတတ်ကြပေမဲ့လည်း အချို့သောသူတွေအတွက်ကတော့ မဟုတ်ဘူးဆိုတာကို ယခုအဖြစ်အပျက်လေးက သက်သေပြလိုက်တာပါပဲ ။ ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးရဲ့ စိတ်နှလုံးသားဟာ အရမ်းနူညံ့ပြီးမွန်မြတ်လွန်းတယ်လို့ ပြောရလောက်အောင်ပါပဲ ။ အကြောင်းကတော့ အဆိုပါအမျိုးသားဟာ လမ်းဘေးမှာတွေ့ခဲ့တဲ့ ဒဏ်ရာရနေတဲ့ပိုးဟပ်ကို မသိချင်ယောင်ဆောင်ပြီး မနေနိုင်တဲ့အဆုံး အဆိုပါပိုးဟပ်ကို တိရစ္ဆာန်အထူးကုဆေးခန်းသို့ ခေါ်ဆောင်လာခဲ့ပါတယ် ။

နောက်ပြောင်ကျီစယ်ခြင်းမျိုးမဟုတ်ဘဲ အမှန်တကယ်ပိုးဟပ်ကို ဆေးကုသပေးဖို့ ဆေးခန်းရောက်လာခဲ့တဲ့ဓာတ်ပုံတွေကို ဆရာဝန်က social media ပေါ်မှာ ဝေမျှပေးခဲ့တာဖြစ်ပါတယ် ။ ဆရာဝန်ကတော့ အခုလို ပိုးဟပ်ကိုဆေးကုသပေးခဲ့ရတာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း နှင့် ပိုးဟပ်မှာလည်း ပြန်လည်ကောင်းမွန်လာနိုင်ဖို့ 50/50 % သာရှိကြောင်း ရှင်းပြခဲ့ရပါသေးတယ် ။ ဆေးကုသဖို့ သိပ်မရှိတဲ့အဆုံး ပိုးဟပ်ကို အောက်စီဂျင်အခန်းလေးထဲ ထည့်ပေးထားခဲ့ရကြောင်း သိရပါတယ် ။

” ပိုးဟပ်ကို အိမ်ပြန်ခေါ်သွားပြီး ဂရုစိုက်ပေးဖို့ ကျွန်တော် အဲ့အမျိုးသားကို ခွင့်ပြုပေးလိုက်ပါတယ် ။ ကုသစရိတ် ပေးစရာမလိုပါဘူး ၊ ဒီလို ထူးဆန်းတဲ့ကိစ္စတွေပြောရမယ်ဆိုရင် အရင်ချိန်တုန်းက အိမ်မြောင်း ၊ ဖားပြုတ် စတဲ့ တိရစ္ဆာန် မျိုးစုံကိုလည်း ကုသပေးခဲ့ဖူးပါတယ် ” ဆိုပြီး ဆရာဝန်က ပြောပြထားပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment