လမ်းကြောင်းပြောင်းခဲ့တဲ့ကားကြောင့် ဆိုင်ကယ်သမားလေပေါ် ကျွမ်းပျံသွားတဲ့အထိဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှု (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ 27ရက်နေ့က မလေးရှားနိုင်ငံရဲ့လမ်းမကြီးတစ်နေရာမှာဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ် ။ ဒီအဖြစ်အပျက်ဟာ ကားသမားဟာ ရုတ်တရက် လမ်းကြောင်းပြောင်းခဲ့လို့ အနောက်ဖက်ကနေရောက်လာခဲ့တဲ့ ဆိုင်ကယ်မှာအရှိန်မထိန်းနိုင်တော့ဘဲ ဝင်တိုက်မိခဲ့ပြီးနောက် ဆိုင်ကယ်သမားဟာ လေပေါ်မှာ အကြိမ်ပေါင်းများစွာ ကျွမ်းပျံသွားခဲ့ပြီးမှ ကားရဲ့ ခေါင်မိုးပေါ် ပြန်ကျသွားခဲ့တာပါ ။ သို့ပေမဲ့လည်း ကံကောင်းစွာနဲ့ပဲ ဆိုင်ကယ်သမားဟာ လက်ကျိုးသွားတဲ့ ဒဏ်ရာတစ်မျိုးသာရရှိခဲ့ပြီး အခြားသောအသက်အန္တရာယ်ထိခိုက်စေသည့် ဒဏ်ရာများရရှိခြင်းမျိုးမရှိကြောင်း သိရှိရပါတယ် ။

စုံစမ်းစစ်ဆေးမှုအရ ကားဆရာမှာ စင်ကာပူနိုင်ငံသားဖြစ်ပြီး ရုတ်တရက် လမ်းအလယ်ကနေကနေ လမ်းညာဖက်သို့ကူးပြောင်းသွားခဲ့၍ အနောက်ဖက်က ဆိုင်ကယ်သမားအရှိန်လျော့ဖို့ မမှီတော့ဘဲ ကားကိုဝင်တိုက်မိခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် ။ Video ထဲမှာ တွေ့မြင်ရတာကတော့ ကားမှာအချက်ပြမီးပြထားပေးပါတယ် ။ သို့ပေမဲ့လည်း အဆိုပါ video ကို Twitter ပေါ်မှာဝေမျှခဲ့ပြီးနောက် ကားဆရာမှာ အချက်မီးပြထားသော်လည်း အနောက်ဖက်ကိုမကြည့်တော့ဘဲ လမ်းကြောင်းပြောင်းခဲ့၍ ယခုကဲ့သို့ ဖြစ်ပျက်ခဲ့ကြတာဖြစ်ကြောင်း သုံးသပ်ခဲ့ကြပါတယ် ။

သို့ပေမဲ့လည်း အခြားသူတွေကတော့ အရှိန်အလွန်မြင့်စွာ မောင်းနှင်ခဲ့တဲ့ ဆိုင်ကယ်သမားရဲ့ အပြစ်သာ ဖြစ်ကြောင်း မျိုးစုံသုံးသပ်ဝေဖန်ခဲ့ကြပါတယ် ။ မည်သို့ပင်ဖြစ်စေကာမှု ယာဉ်မောင်းတဲ့သူတိုင်း အမြဲသတိဝီရိယနှင့်သာ မောင်းနှင်သင့်ကြောင်း သတိပေးပြောဆိုလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လမ်းကြောင်းပြောင်းခဲ့တဲ့ကားကြောင့် ဆိုင်ကယ်သမားလေပေါ် ကျွမ်းပျံသွားတဲ့အထိဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှု (ရုပ်သံ)"

Leave a comment

Your email address will not be published.


*