Racing Games တွေကို ကျွမ်းကျင်စွာ​ဆော့ကစားရင်း ဘဝကိုအပျော်ဆုံး ဖြတ်သန်းနေတဲ့ 93 နှစ်အရွယ် အဘိုးအို(ရုပ်သံ)



Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

Japan နိုင်ငံ တိုကျိုမြို့မှာနေထိုင်တဲ့ အသက် 93 နှစ်အရွယ်အဘိုးအိုဟာ သူအရမ်းကြိုက်နှစ်သက်တဲ့ ကားမောင်းခြင်းကို မရပ်မနားတမ်းမောင်းနှင်ရင်း ဘဝကိုအပျော်ဆုံးဖြတ်သန်းနေခဲ့သူပါ ။ အဘိုးအိုဟာ အရင်ချိန်က Taxi ကားမောင်းဆရာတစ်ယောက်ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ 7 နှစ်ကမှ အသက်အရွယ်ကြီးရင့်နေပြီမို့ လိုင်စင်အသိမ်းခံခဲ့ရတာပါ ။ တစ်ရက်မှာတော့ မြေးဖြစ်သူဟာ Forza Motorsport 7 game ဆော့ကစားနေခဲ့တာကို တွေ့ရှိခဲ့ပြီးနောက် အရင်အချိန်လို သူ့ဘဝကိုဆက်ပြီး ကားမောင်းနှင်လို့ရအုံးမယ်ဆိုတာကို သဘောပေါက်သွားခဲ့ပါတယ် ။

ဒါကြောင့် မြေးဖြစ်သူ Olivin Crop ကို game ဆော့ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် ၊ မြေးဖြစ်သူကလည်း အဘိုး game ဆော့ကစားနေခဲ့တဲ့ video ကို social media ပေါ် ဝေမျှပေးခဲ့ပါတယ် ။ အဘိုးအိုဟာလည်း အောက်ဆီဂျင်ပိုက်ကို နှာခေါင်ပေါက်မှာ တပ်ဆင်ထားလျက်ဖြင့် Racing game ဆော့ကစားနေတာကို video မှာ တွေ့ရှိရမှာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment