မုဆိုးမသရဲရဲ့ ရန်ကနေလွတ်မြောက်နိုင်အောင် လက်သည်းနီးတွေဆိုးလေ့ရှိကြတဲ့ ရွာမှအမျိုးသားမျာ



Jasmine (Mckzone Daily)

Source : odditycentral

Unicode

ထိုင်းနိုင်ငံ ၊ Pu Hong ရွာငယ်လေးမှာနေထိုင်တဲ့ လူငယ်လေးတွေဟာ မုဆိုးမသရဲရဲ့ ရန်ကနေ လွတ်မြောက်နိုင်အောင် လက်သည်းနီတွေ ဆိုးလေ့ရှိကြကြောင်း သိရပါတယ် ။ အကြောင်းကတော့ ၎င်းတို့ရဲ့ရွာမှာ မကြာသေးခင်ကဘဲ လူ 5 ဦးခန့်ဟာ ဆိုးဝါးလွန်းတဲ့ မတော်တဆမှုတွေနဲ့ အသက်ဆုံးရှုံးခဲ့ကြရတာပါ ။ ဒါကြောင့် ရွာမှာ အရမ်းနာမည်ကြီးတဲ့ မုဆိုးမသရဲ နဲ့ pop လို့ လူသိများတဲ့ ရှေးရိုးစဉ်လာသရဲကြောင့်လို့ ရွာသူ၊ရွာသားတွေက ယုံကြည်နေကြတာပါ ။ မုဆိုးမသရဲကတော့ ယောင်္ကျားတွေကို ပစ်မှတ်ထားလေ့ရှိပြီး ၊ ကျန်ရှိတဲ့ pop ဆိုတဲ့သရဲကတော့ သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထားတာပါ ။

ဒါကြောင့် ရွာမှာနေထိုင်တဲ့ လူငယ်ယောင်္ကျားတွေက မုဆိုးမသရဲကို လှည့်စားနိုင်အောင် လက်သည်းနီတွေ ဆိုးထားကြပြီး ၊ အိမ်အပြင်ဖက်မှာလည်း ‘ ဒီအိမ်မှာ ယောင်္ကျား တစ်ယောက်မှမနေဘူး ‘ ဆိုတဲ့ ဆိုင်းဘုတ်လေးတွေကို ချိတ်ဆွဲထားပြီး မုဆိုးမသရဲရဲ့ ပစ်မှတ်မဖြစ်အောင် ကြံစည်ကြိုးစားလေ့ရှိကြောင်းလည်း သိရှိရပါတယ် ။ အချို့မှာလည်း ဘုန်းကြီးကျောင်းမှာ သွားရောက်နေထိုင်ပြီး ဦးပဉ္စင်းဝတ်နေကြကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment