ဘိလပ်မြေအိတ်တွေနဲ့ ဆွဲဆောင်မှုရှိလွန်းလှတဲ့ မင်္ဂလာဝတ်စုံ ဖန်တီးပြခဲ့တဲ့ မိန်းကလေး




Source : odditycentral

Unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 28 နှစ်အရွယ် Lili Tan အမည်ရှိတဲ့အမျိုးသမီးဟာ ဒီဇိုင်နာသင်တန်း တက်ရောက်သင်ကြားခဲ့ခြင်းမျိုး မရှိပါဘူး ။ သို့ပေမဲ့လည်း ဘိလပ်မြေအိတ်ခွံပေါင်း 40 ကို အသုံးပြုပြီး သတို့သမီးဂါဝန်လေးဖန်တီးပြနိုင်ခဲ့လို့ အင်တာနက်ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။ သူမရဲ့အချိန်အတော်များများကို လယ်ကွင်းအတွင်းမှာသာ ကုန်ဆုံးစေလေ့ရှိပေမဲ့လည်း ၊ တစ်ရက်မှာတော့ မိုးရွာလွန်းလို့ အလုပ်မလုပ်နိုင်တဲ့အချိန်မှာ မဂ္ဂဇင်စာအုပ်ထဲမှာ တွေ့ခဲ့ဖူးတဲ့ သတို့သမီးဂါဝန်အတိုင်း ဘိလပ်မြေအိတ်ခွံတွေကိုအသုံးပြုပြီး ချုပ်လုပ်ခဲ့ပါတယ် ။

သူမဂါဝန်ချုပ်လုပ်ခဲ့တဲ့အချိန်ဟာ 3 နာရီသာ ကြာမြင့်ခဲ့ပါတယ် ။ အဆိုပါ video ကို တရုတ်နိုင်ငံအတွင်း ကြည့်ရှု့သူပေါင်း 5 သန်းခန့်ရှိခဲ့ပြီး ၊ အနောက်နိုင်ငံက ဒီဇိုင်နာတွေပါ သူမရဲ့တီထွင်ဖန်တီးမှုကို အံ့အားသင့်နေလျက်ရှိပါတယ် ။ သူမဟာ အဆိုပါဂါဝန်ကိုတော့ သူမရဲ့မင်္ဂလာပွဲမှာ ဝတ်ဆင်ခဲ့ခြင်းမျိုးမရှိပါဘူး ။ အကြောင်းကတော့ သူမဟာ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး ဖြစ်နင့်နေခဲ့ပြီး ၊ သားတစ်ယောက်ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ဦးလည်း ဖြစ်နေခဲ့လို့ပါပဲ ။

Jaasmine (Mckzone Daily)

Be the first to comment on "ဘိလပ်မြေအိတ်တွေနဲ့ ဆွဲဆောင်မှုရှိလွန်းလှတဲ့ မင်္ဂလာဝတ်စုံ ဖန်တီးပြခဲ့တဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*