ကျောင်းသွားဖို့ ပလပ်စတစ်အိတ်ထဲဝင်နေပြီး ရေစီးကြမ်းတဲ့မြစ်ချောင်းကို ဖြတ်ကူးနေရတဲ့ ကလေးငယ်များ



.

.

.

.

.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

ကလေးအတော်များများဟာ ကျောင်းသွားဖို့ လွယ်ကူကြပေမဲ့လည်း အချို့ကလေးငယ်တွေအတွက်ကတော့ ခက်ခဲတဲ့ခရီးကြမ်းကိုဖြတ်ပြီးမှ ကျောင်းမှာစာသင်ကြားခွင့်ရကြတာပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ဗီယက်နမ်နိုင်ငံ ၊ Huoi Ha ရွာမှာနေထိုင်တဲ့ ကလေးငယ်တွေဟာ ကျောင်းသွားဖို့ အတော်လေးကို အခက်အခဲကြုံတွေ့နေကြရပါတယ် ။ အကြောင်းကတော့ ကျောင်းရောက်ဖို့ ကလေးငယ်တွေဟာ မြစ်ချောင်းတစ်ခုကိုဖြတ်ကျော်ရပါတယ် ။ အဆိုပါမြစ်ချောင်းဟာလည်း မိုးရာသီတွင် ရေစီးကြမ်းလွန်းလို့ ကလေးငယ်တွေဟာ ၎င်းတို့ကိုယ်စီယူလာတဲ့ ပလပ်စတစ်အိတ်ကြီးထဲဝင်ထိုင်ပြီး ဖြတ်ကူးကြရပါတယ် ။ ရွာသားတွေထဲက သန်မာတဲ့လူငယ်တွေက အဆိုပါကလေးတွေ မြစ်ချောင်ဖြတ်ကျော်နိုင်ဖို့ အမြဲကြိုးစားကူညီပေးနေကြရပါတယ် ။

ကလေးငယ်တွေကလည်း မြစ်ချောင်းကို ဖြတ်ကျော်ပြီးလျှင် ကျောင်းရောက်ဖို့ 5 မိုင်ခန့် တောထဲဖြတ်ပြီး သွားလာရသေးကြောင်း သိရပါတယ် ။ ဒါကြောင့် ကလေးငယ်တွေဟာ ကျောင်းမှာသာ အမြဲနေထိုင်ကြပြီး တစ်ပတ်တစ်ခါ ကျောင်းပိတ်ရက်တွေမှ နေအိမ်ကိုပြန်ကြကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment