ခ်စ္သူက ကပ္ေစးနဲလြန္းၿပီး ေနာက္ဆံုကြန္ဒံုးဖိုးကိုေတာင္ တစ္ေယာက္တစ္ဝက္႐ွင္းရတဲ့အေၾကာင္း ေျပာျပခဲ့တဲ့ မိန္းကေလး

ထ္ိုင္ဝမ္က မိန္းကေလးတစ္ေယာက္ဟာ သူမရဲ႕ခ်စ္သူေကာင္းေလးဟာ ေငြေရးေၾကးေရးနဲ႔ပက္သက္လာရင္ အေတာ္ေလးကို ေစ့ေစ့စပ္စပ္႐ွိတဲ့အေၾကာင္း ႏွင့္ သူမရဲ႕အေတြ႔အၾကံဳကို Dcard ေပၚမွာ ေဝမ်ွသြားခဲ့ပါတယ္ ။ ထို႔အျပင္ သူမဟာ အဆိုပါခ်စ္သူကို စိတ္ကုန္သြားခဲ့ၿပီး ယခုခ်ိန္မွာေတာ့ လမ္းခြဲခ်င္ေနၿပီျဖစ္ေၾကာင္း ေျပာျပသြားခဲ့ပါတယ္ ။ သူမေရးသားထားခဲ့တာကေတာ့ “ကြၽန္မခ်စ္သူနဲ႔တြဲေနတာ တစ္ႏွစ္ေက်ာ္ခန္႔႐ွိပါၿပီ ၊ သူကေငြေရးေၾကးေရးနဲ႔ ပက္သက္ရင္ စည္းစနစ္တအား႐ွိတယ္ ၊ အေႂကြေစ့ေတြက အစလံုးဝ တိက်ေသခ်ာလြန္းပါတယ္ ၊ ပံုမွန္အရ ကြၽန္မတို႔ခ်ိန္းေတြ႔ရင္ အေအးဖိုး ၊ ကားပါကင္ခ ၊ နဲ႔ ေနာက္ဆံုး ကြန္ဒံုးဖိုးကိုေတာင္ တစ္ေယာက္တစ္ဝက္႐ွင္းဖို႔ ကြၽန္မကိုေျပာပါတယ္ ၊ ကြၽန္မလည္း သူ႔အေပၚ အခြင့္ေကာင္းမယူခ်င္တာနဲ႔စိတ္မဆိုးပဲ တစ္ေယာက္တစ္ဝက္႐ွင္းခဲ့ပါတယ္ ” ဆိုၿပီး ေရးသားထားခဲ့ပါတယ္ ။

သူမက အေတာ္ေလးကိုနားလည္ေပးခဲ့ေပမဲ့လည္း သူမရဲ႕ခ်စ္သူဟာ သူ႔အိမ္အတြက္ ဆံပင္ေလမႈတ္စက္ဝယ္တာေတာင္ သူမက သူ႔အိမ္ေရာက္ရင္ အတူတူသံုးေလ့႐ွိတဲ့အတြက္ သူမကိုတစ္ဝက္႐ွင္းခိုင္းခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သူမရဲ့ခ်စ္သူကို လံုးဝစိတ္ကုန္သြားခဲ့တဲ့အခ်က္ကေတာ့ တစ္ရက္မွာသူမတို႔ ေန႔လည္စာစားဖို႔ သြားၾကရင္း ခ်စ္သူေကာင္းေလးရဲ႕ဆိုင္ကယ္ပ်က္သြားခဲ့လို႔ သူမတို႔ လ်ွပ္စစ္စက္ဘီးအေသးေလးငွါးခဲ့ၿပီး ထမင္းဆိုင္သြားခဲ့ၾကပါတယ္ ။ သူမတို႔ေန႔လည္စာ စားေနရင္းနဲ႔ ေကာင္ေလးက ” ခ်စ္ ကိုယ့္ကို 11 TWD (ျမန္မာေငြ 500 က်ပ္ ဝန္းက်င္) ျပန္ေပးဖို႔ မေမ့နဲ႔ေနာ္ ” ဆိုၿပီးေျပာခဲ့ပါတယ္ ။

ထို႔ေနာက္ သူမက ဘာအတြက္လဲဆိုၿပီးေမးလိုက္ခ်ိန္မွာေတာ့ ေကာင္ေလးက ခုနက လ်ွပ္စစ္စက္ဘီးငွါးတာ ငွါးခ 22 TWD (ျမန္မာေငြ 1000 က်ပ္) ေပးရတယ္ ဆိုၿပီးေျပာဆိုခဲ့လို႔ သူမအေတာ္ေလးကိုစိတ္ပ်က္သြားခဲ့ရၿပီးေနာက္ အျမဲ တစ္ေယာက္တစ္ဝက္႐ွင္းခိုင္းၿပီး ၊ တြက္ကပ္လြန္းတဲ့ ခ်စ္သူကို လမ္းခြဲခ်င္ေနၿပီျဖစ္ေၾကာင္း သူမရဲ႕အေတြ႔အၾကံဳကို ေဝမ်ွခဲ့ပါတယ္ ။ ထို႔ေၾကာင့္ လူအမ်ားစုက သူမရဲ႕ခ်စ္သူဟာ လူေကာင္းတစ္ေယာက္မဟုတ္ဘဲ ၊ အေတာ္ေလးကို ကပ္ေစးနဲ႔လြန္တဲ့သူတစ္ေယာက္ျဖစ္ေၾကာင္း မ်ိဳးစံုသံုးသပ္ေဝဖန္ေပးခဲ့ၾကၿပီး ၎လိုလူမ်ိဳးကိုလမ္းခြဲပစ္လိုက္ဖို႔ အားေပးခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ထိုင်ဝမ်က မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ချစ်သူကောင်းလေးဟာ ငွေရေးကြေးရေးနဲ့ပက်သက်လာရင် အတော်လေးကို စေ့စေ့စပ်စပ်ရှိတဲ့အကြောင်း နှင့် သူမရဲ့အတွေ့အကြုံကို Dcard ပေါ်မှာ ဝေမျှသွားခဲ့ပါတယ် ။ ထို့အပြင် သူမဟာ အဆိုပါချစ်သူကို စိတ်ကုန်သွားခဲ့ပြီး ယခုချိန်မှာတော့ လမ်းခွဲချင်နေပြီဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ် ။ သူမရေးသားထားခဲ့တာကတော့ “ကျွန်မချစ်သူနဲ့တွဲနေတာ တစ်နှစ်ကျော်ခန့်ရှိပါပြီ ၊ သူကငွေရေးကြေးရေးနဲ့ ပက်သက်ရင် စည်းစနစ်တအားရှိတယ် ၊ အကြွေစေ့တွေက အစလုံးဝ တိကျသေချာလွန်းပါတယ် ၊ ပုံမှန်အရ ကျွန်မတို့ချိန်းတွေ့ရင် အအေးဖိုး ၊ ကားပါကင်ခ ၊ နဲ့ နောက်ဆုံး ကွန်ဒုံးဖိုးကိုတောင် တစ်ယောက်တစ်ဝက်ရှင်းဖို့ ကျွန်မကိုပြောပါတယ် ၊ ကျွန်မလည်း သူ့အပေါ် အခွင့်ကောင်းမယူချင်တာနဲ့စိတ်မဆိုးပဲ တစ်ယောက်တစ်ဝက်ရှင်းခဲ့ပါတယ် ” ဆိုပြီး ရေးသားထားခဲ့ပါတယ် ။

သူမက အတော်လေးကိုနားလည်ပေးခဲ့ပေမဲ့လည်း သူမရဲ့ချစ်သူဟာ သူ့အိမ်အတွက် ဆံပင်လေမှုတ်စက်ဝယ်တာတောင် သူမက သူ့အိမ်ရောက်ရင် အတူတူသုံးလေ့ရှိတဲ့အတွက် သူမကိုတစ်ဝက်ရှင်းခိုင်းခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမရဲ့ချစ်သူကို လုံးဝစိတ်ကုန်သွားခဲ့တဲ့အချက်ကတော့ တစ်ရက်မှာသူမတို့ နေ့လည်စာစားဖို့ သွားကြရင်း ချစ်သူကောင်းလေးရဲ့ဆိုင်ကယ်ပျက်သွားခဲ့လို့ သူမတို့ လျှပ်စစ်စက်ဘီးအသေးလေးငှါးခဲ့ပြီး ထမင်းဆိုင်သွားခဲ့ကြပါတယ် ။ သူမတို့နေ့လည်စာ စားနေရင်းနဲ့ ကောင်လေးက ” ချစ် ကိုယ့်ကို 11 TWD (မြန်မာငွေ 500 ကျပ် ဝန်းကျင်) ပြန်ပေးဖို့ မမေ့နဲ့နော် ” ဆိုပြီးပြောခဲ့ပါတယ် ။

ထို့နောက် သူမက ဘာအတွက်လဲဆိုပြီးမေးလိုက်ချိန်မှာတော့ ကောင်လေးက ခုနက လျှပ်စစ်စက်ဘီးငှါးတာ ငှါးခ 22 TWD (မြန်မာငွေ 1000 ကျပ်) ပေးရတယ် ဆိုပြီးပြောဆိုခဲ့လို့ သူမအတော်လေးကိုစိတ်ပျက်သွားခဲ့ရပြီးနောက် အမြဲ တစ်ယောက်တစ်ဝက်ရှင်းခိုင်းပြီး ၊ တွက်ကပ်လွန်းတဲ့ ချစ်သူကို လမ်းခွဲချင်နေပြီဖြစ်ကြောင်း သူမရဲ့အတွေ့အကြုံကို ဝေမျှခဲ့ပါတယ် ။ ထို့ကြောင့် လူအများစုက သူမရဲ့ချစ်သူဟာ လူကောင်းတစ်ယောက်မဟုတ်ဘဲ ၊ အတော်လေးကို ကပ်စေးနဲ့လွန်တဲ့သူတစ်ယောက်ဖြစ်ကြောင်း မျိုးစုံသုံးသပ်ဝေဖန်ပေးခဲ့ကြပြီး ၎င်းလိုလူမျိုးကိုလမ်းခွဲပစ်လိုက်ဖို့ အားပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ခ်စ္သူက ကပ္ေစးနဲလြန္းၿပီး ေနာက္ဆံုကြန္ဒံုးဖိုးကိုေတာင္ တစ္ေယာက္တစ္ဝက္႐ွင္းရတဲ့အေၾကာင္း ေျပာျပခဲ့တဲ့ မိန္းကေလး"

Leave a comment

Your email address will not be published.


*