ဥခွံထဲက ထွက်လာပြီးတာတောင်မသိလိုက်ဘဲ ကွေးကွေးလေးအိပ်မောကျနေခဲ့တဲ့ ပုတ်သင်ညိုလေး


.

.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

ဥခွံထဲကနေ ထွက်လာမိတာတောင် သတိမထားမိတဲ့ ပုတ်သင်ညိုပေါက်စလေးရဲ့ ဓာတ်ပုံတွေဟာ social media ပေါ်မှာ အတော်လေးကို ပျံ့နှံ့လို့ရှိနေပါတယ် ။ အကြောင်းကတော့ အိမ်မွေးတိရစ္ဆာန်ဆိုင်မှ အဆိုပါ ပုတ်သင်ညိုဥလေးဟာ ပုံစံတစ်ကျ ကွဲအက်ခြင်းမျိုးမရှိခဲ့ပါဘူး ။ ဥထဲက အကောင်လေးကလည်း အဆိုပါ အခွံကနေ ထွက်ခွာနိုင်အောင် အားနဲ့တွန်းကန်နိုင်စွမ်းမရှိခဲ့လို့ နောက်ဆုံး ဆိုင်ရှင်က ဇာကနာလေးနဲ့ ဥခွံကို ဖွဖွလေး ခွဲထုတ်ရင်း ပုတ်သင်ညိုလေးကို ကယ်ထုတ်ပေးခဲ့တာပါ ။ စက္ကန့်ပိုင်လောက် ဥခွံထဲကနေ လွတ်မြောက်လာခဲ့တဲ့ ပုတ်သင်ညိုလေးကနေ ဥခွံအပြင်ဖက် ရောက်လို့ရောက်နေမှန်းမသိဘဲ မျက်လုံးလေးမှိတ်ကာ ကွေးကွေးလေးအိပ်မောကျနေခဲ့ပါတယ် ။ ပုတ်သင်ညိုပေါက်စလေးရဲ့ပုံစံလေးက အရမ်းကိုချစ်ဖို့ကောင်းလွန်းလို့ ဆိုင်ရှင်က ဓာတ်ပုံရိုက်ပြီး ယခုလို social media ပေါ်မှာ ဝေမျှခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဥခွံထဲက ထွက်လာပြီးတာတောင်မသိလိုက်ဘဲ ကွေးကွေးလေးအိပ်မောကျနေခဲ့တဲ့ ပုတ်သင်ညိုလေး"

Leave a comment

Your email address will not be published.


*