တည္ခိုခန္းမွာအိမ္သာလုတက္ဖို္႔ႀကိဳးစားၾကရင္း ေဆာင့္မိခဲ့ၾကလို႔ လူသတ္မႈပါျဖစ္ပြားခဲ့ရတဲ့ အျဖစ္

မေလး႐ွားႏိုင္ငံ ၊ Georgetown တကၠသိုလ္အနီးမွာ႐ွိတဲ့ တည္ခိုခန္းမွာအလုပ္လုပ္ကိုင္ေနလ်က္႐ွိတဲ့ အသက္ 69ႏွစ္အရြယ္ဦးေလးႀကီးတစ္ေယာက္ဟာ အဆိုပါတည္ခိုခန္းသို႔ယာယီလာေရာက္တည္ခိုေနခဲ့တဲ့ ဆီးရီးယားႏိုင္ငံသားတစ္ဦးရဲ႕ ဝမ္းဗိုက္ ၊ ဦးေခါင္း ႏွင့္ ဘယ္ဖက္ေျခေထာက္တို႔ကို မီးဖိုေခ်ာင္သံုးဓားျဖင့္ ထိုးသတ္ခဲ့မႈျဖစ္ပြားခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ ၎အမ်ိဳးသားႏွစ္ေယာက္လံုဟာ ေျမညီထပ္မွာ႐ွိတဲ့ သန္႔စင္ခန္းသို႔သြားၾကရင္း ႏွစ္ေယာက္သား တစ္ဦးႏွင့္တစ္ဦး တိုက္မိခဲ့ၾကပါတယ္ ။ ထို႔ေနာက္ ႏွစ္ေယာက္သားရန္ျဖစ္ၾကရင္နဲ႔ ဦးေလးႀကီးဟာ မီးဖိုေခ်ာင္သံုးဓားကိုသြားဆြဲယူၿပီးေနာက္ အဆိုပါႏိုင္ငံျခားသားရဲ႕ဝမ္းဗိုက္ကို ထိုးစိုက္ခဲ့ပါေတာ့တယ္ ။

ထို႔ေနာက္ အဆိုပါႏိုင္ငံျခားဟာ ေဆးရံုသို႔ထြက္ေျပးတိမ္းေ႐ွာင္သြားခဲ့ရၿပီးေနာက္ ယခုခ်ိန္မွာေတာ့ က်န္းမာေရးအေျခအေနတည္ၿငိမ္ေနေၾကာင္း သိ႐ွိရပါတယ္ ။ တရားခံဦးေလးႀကီးဟာ အဆိုပါတည္းခိုခန္းမွာ ဝန္ထမ္းတစ္ဦးအေနျဖင့္အလုပ္ဝင္ေနခဲ့တာ 8လခန္႔႐ွိေနၿပီျဖစ္ၿပီး ၊ လာေရာက္တည္းခိုသူႏိုင္ငံျခားသားမွာေတာ့ တည္ခိုခန္းအတြင္းယာယီလာေရာက္ေနထိုင္ေနခဲ့တာ 5လ ခန္႔႐ွိေနၿပီျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ယခုျပစ္မႈမ်ိဳး မျဖစ္ခင္အခ်ိန္က ႏိုင္ငံျခားသားဟာ ညနက္မွတည္ခိုခန္းသို႔ျပန္လာၿပီး အဆိုပါဝန္ထမ္းဦးေလးႀကီးရဲ႕ အနားယူခ်ိန္ကိုထိခိုက္ေစေသာေၾကာင့္ ဦးေလးႀကီးဟာအေတာ္ေလးကို မေက်မနပ္ျဖစ္ေနခဲ့တာျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

ရဲအရာ႐ွိမ်ားက စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ခ်ိန္မွာေတာ့ အဆိုပါဝန္ထမ္းဦးေလးႀကီးဟာ ျပစ္မႈေပါင္း 15 ခု က်ဴ းလြန္ခဲ့ဖူးေၾကာင္း ႏွင့္ 4မႈမွာ မူးယစ္ေဆးမႈျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ ႏိုင္ငံျခားသားမွာေတာ့ သူ႔ရဲ႕သက္ေသခံစာရြက္စာတမ္းကိုျဖည့္ဖို႔ ေနာက္က်ခဲ့၍ အဖမ္းခံခဲ့ရတဲ့ျပစ္မႈ႐ွိခဲ့ဖူးေၾကာင္းသိ႐ွိရပါတယ္ ။ ထို႔ေၾကာင့္ ယခုကိစၥရပ္ကို ဆက္လက္ၿပီးစံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ ၊ Georgetown တက္ကသိုလ်အနီးမှာရှိတဲ့ တည်ခိုခန်းမှာအလုပ်လုပ်ကိုင်နေလျက်ရှိတဲ့ အသက် 69နှစ်အရွယ်ဦးလေးကြီးတစ်ယောက်ဟာ အဆိုပါတည်ခိုခန်းသို့ယာယီလာရောက်တည်ခိုနေခဲ့တဲ့ ဆီးရီးယားနိုင်ငံသားတစ်ဦးရဲ့ ဝမ်းဗိုက် ၊ ဦးခေါင်း နှင့် ဘယ်ဖက်ခြေထောက်တို့ကို မီးဖိုချောင်သုံးဓားဖြင့် ထိုးသတ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ၎င်းအမျိုးသားနှစ်ယောက်လုံဟာ မြေညီထပ်မှာရှိတဲ့ သန့်စင်ခန်းသို့သွားကြရင်း နှစ်ယောက်သား တစ်ဦးနှင့်တစ်ဦး တိုက်မိခဲ့ကြပါတယ် ။ ထို့နောက် နှစ်ယောက်သားရန်ဖြစ်ကြရင်နဲ့ ဦးလေးကြီးဟာ မီးဖိုချောင်သုံးဓားကိုသွားဆွဲယူပြီးနောက် အဆိုပါနိုင်ငံခြားသားရဲ့ဝမ်းဗိုက်ကို ထိုးစိုက်ခဲ့ပါတော့တယ် ။

ထို့နောက် အဆိုပါနိုင်ငံခြားဟာ ဆေးရုံသို့ထွက်ပြေးတိမ်းရှောင်သွားခဲ့ရပြီးနောက် ယခုချိန်မှာတော့ ကျန်းမာရေးအခြေအနေတည်ငြိမ်နေကြောင်း သိရှိရပါတယ် ။ တရားခံဦးလေးကြီးဟာ အဆိုပါတည်းခိုခန်းမှာ ဝန်ထမ်းတစ်ဦးအနေဖြင့်အလုပ်ဝင်နေခဲ့တာ 8လခန့်ရှိနေပြီဖြစ်ပြီး ၊ လာရောက်တည်းခိုသူနိုင်ငံခြားသားမှာတော့ တည်ခိုခန်းအတွင်းယာယီလာရောက်နေထိုင်နေခဲ့တာ 5လ ခန့်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ် ။ ယခုပြစ်မှုမျိုး မဖြစ်ခင်အချိန်က နိုင်ငံခြားသားဟာ ညနက်မှတည်ခိုခန်းသို့ပြန်လာပြီး အဆိုပါဝန်ထမ်းဦးလေးကြီးရဲ့ အနားယူချိန်ကိုထိခိုက်စေသောကြောင့် ဦးလေးကြီးဟာအတော်လေးကို မကျေမနပ်ဖြစ်နေခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

ရဲအရာရှိများက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ချိန်မှာတော့ အဆိုပါဝန်ထမ်းဦးလေးကြီးဟာ ပြစ်မှုပေါင်း 15 ခု ကျူ းလွန်ခဲ့ဖူးကြောင်း နှင့် 4မှုမှာ မူးယစ်ဆေးမှုဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့အပြင် နိုင်ငံခြားသားမှာတော့ သူ့ရဲ့သက်သေခံစာရွက်စာတမ်းကိုဖြည့်ဖို့ နောက်ကျခဲ့၍ အဖမ်းခံခဲ့ရတဲ့ပြစ်မှုရှိခဲ့ဖူးကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် ယခုကိစ္စရပ်ကို ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "တည္ခိုခန္းမွာအိမ္သာလုတက္ဖို္႔ႀကိဳးစားၾကရင္း ေဆာင့္မိခဲ့ၾကလို႔ လူသတ္မႈပါျဖစ္ပြားခဲ့ရတဲ့ အျဖစ္"

Leave a comment

Your email address will not be published.


*