ဖခင္ျဖစ္သူရဲ႕ ဆံပင္ပံုစံကိုျမင္လိုက္ၿပီး စိတ္ဓာတ္က်ကာ ငိုေႂကြးေနခဲ့တဲ့ ကေလးငယ္ (႐ုပ္သံ)

Greg Harris Jr. အမည္႐ွိတဲ့အမ်ိဳးသားဟာ ဆံပင္ပံုစံသစ္ညႇပ္လိုက္တဲ့ခ်ိန္မွာေတာ့ သားျဖစ္သူ Mason Carter Harris ရဲ႕ စိတ္ပ်က္လက္ပ်က္ တံု႔ျပန္ျခင္းမ်ိဳးခံခဲ့ရပါတယ္ ။ Video ကိုၾကည့္လိုက္မယ္ဆိုရင္ျဖင့္ ဖခင္ျဖစ္သူရဲ႕ ဆံပင္ကိုျမင္လိုက္တာနဲ႔ သားေလး Mason က လက္ေသးေသးေလးနဲ႔ သူ႔ရဲ႕မ်က္ႏွာကိုေထာက္ထားၿပီး လံုးဝစိတ္ဓာတ္က်စြာ ေအာ္ငိုေနခဲ့တာပါ ။ ဖခင္ျဖစ္သူရဲ႕ မ်က္ႏွာကို အႀကိမ္ႀကိမ္လွမ္းၾကည့္ရင္း အဆိုပါစိတ္ဓာတ္က်ေနတဲ့ပံုစံနဲ႔ေအာ္ငိုေနခဲ့တဲ့ Mason ေလးေၾကာင့္ ဖခင္ျဖစ္သူ ေျပာစရာ စကားေပ်ာက္႐ွသြားရေလာက္တဲ့အထိပါပဲေလ ။

ကေလးေတြ အေတာ္မ်ားမ်ားက သူတို႔ရဲ႕မိဘေတြကို သူတို႔ခ်စ္ေနရတဲ့ ပံုစံအတိုင္း မေျပာင္းမလဲဘဲ ႐ွိေစခ်င္ၾကတာပါ ။ Video ႐ိုက္ကူးေနခဲ့တဲ့ မိခင္ကလည္း ၎တို႔သားအဖရဲ႕အျဖစ္အပ်က္ကိုျမင္ၿပီး ေအာ္ရယ္ေနလ်က္႐ွိပါတယ္ ။ သားေလး Mason ရဲ႕ video ဟာ အေတာ္ေလးကို ေရပန္းစားသြားခဲ့ၿပီး သူ႔ရဲ႕ ဓာတ္ပံုေလးေတြဟာဆိုရင္ online ေပၚမွာ meme ႐ုပ္အေနနဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔သံုးေနၾကတာကို ေတြ႔ဖူး ၊ ျမင္ဖူးၾကမွာပါ ။

.

.

.

.

.

.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

Greg Harris Jr. အမည်ရှိတဲ့အမျိုးသားဟာ ဆံပင်ပုံစံသစ်ညှပ်လိုက်တဲ့ချိန်မှာတော့ သားဖြစ်သူ Mason Carter Harris ရဲ့ စိတ်ပျက်လက်ပျက် တုံ့ပြန်ခြင်းမျိုးခံခဲ့ရပါတယ် ။ Video ကိုကြည့်လိုက်မယ်ဆိုရင်ဖြင့် ဖခင်ဖြစ်သူရဲ့ ဆံပင်ကိုမြင်လိုက်တာနဲ့ သားလေး Mason က လက်သေးသေးလေးနဲ့ သူ့ရဲ့မျက်နှာကိုထောက်ထားပြီး လုံးဝစိတ်ဓာတ်ကျစွာ အော်ငိုနေခဲ့တာပါ ။ ဖခင်ဖြစ်သူရဲ့ မျက်နှာကို အကြိမ်ကြိမ်လှမ်းကြည့်ရင်း အဆိုပါစိတ်ဓာတ်ကျနေတဲ့ပုံစံနဲ့အော်ငိုနေခဲ့တဲ့ Mason လေးကြောင့် ဖခင်ဖြစ်သူ ပြောစရာ စကားပျောက်ရှသွားရလောက်တဲ့အထိပါပဲလေ ။

ကလေးတွေ အတော်များများက သူတို့ရဲ့မိဘတွေကို သူတို့ချစ်နေရတဲ့ ပုံစံအတိုင်း မပြောင်းမလဲဘဲ ရှိစေချင်ကြတာပါ ။ Video ရိုက်ကူးနေခဲ့တဲ့ မိခင်ကလည်း ၎င်းတို့သားအဖရဲ့အဖြစ်အပျက်ကိုမြင်ပြီး အော်ရယ်နေလျက်ရှိပါတယ် ။ သားလေး Mason ရဲ့ video ဟာ အတော်လေးကို ရေပန်းစားသွားခဲ့ပြီး သူ့ရဲ့ ဓာတ်ပုံလေးတွေဟာဆိုရင် online ပေါ်မှာ meme ရုပ်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်သုံးနေကြတာကို တွေ့ဖူး ၊ မြင်ဖူးကြမှာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment