အံကပ္သြားအတုကိုတပ္ၿပီး လူတိုင္းကိုရယ္ေမာေပ်ာ္ရႊင္ေစခဲ့တဲ့ ေခြးေလး

ေခြးေလးေတြက လူေတြကို ရယ္ေမာေပ်ာ္ရႊင္မႈေတြေပးစြမ္းႏိုင္တယ္ဆိုတာကို ယခုေဖာ္ျပမဲ့ေခြးေလးက သက္ေသျပလိုက္တာပါပဲ ။ Anna Carolina Lima အမည္႐ွိတဲ့ အသက္ 27 ႏွစ္အရြယ္ ေက်ာင္းသူတစ္ဦးဟာ သူမရဲ႕အားလပ္ရက္ေန႔ေတြမွာ ဘရာဇီးႏိုင္ငံ ၊ Minas Gerais ျပည္နယ္မွာ႐ွိတဲ့ အဘြားရဲ႕ေနအိမ္သို႔အလည္သြားခဲ့ပါတယ္ ။ အလည္အပတ္သြားေရာက္စဥ္ သူမရဲ႕ေခြးေလး Luna ကိုလည္း ေခၚေဆာင္သြားခဲ့တာပါ ။ ေခြးေလးမွာလည္း ခဏေလးအတြင္းမွာပဲ အဘြားျဖစ္သူရဲ႕ေနအိမ္မွာ အကြၽမ္းတဝင္ျဖစ္ခဲ့ပါတယ္ ။

တစ္ရက္မွာေတာ့ အဘြားျဖစ္သူဟာ သူမရဲ႕ေခါင္းအံုးေအာက္မွာ အျမဲထားေလ့႐ွိတဲ့ အံကပ္သြား ေပ်ာက္ဆံုးသြားခဲ့လို႔ အေတာ္ေလး အခက္ေတြ႔ေနၾကတာပါ ။ Anna နဲ႔ မိခင္ျဖစ္သူတို႔ဟာ ေနရာအႏွံလိုက္႐ွာခဲ့ေပမဲ့လည္း လံုးဝမေတြ႔႐ွိခဲ့ပါဘူး ။ အေၾကာင္းကေတာ့ ေခြးေလးဟာ ဆိုဖာထိုင္ခံုနားမွာ အဆိုပါ အံကပ္သြားကို ပုန္းေအာင္ထားၿပီး ေဆာ့ကစားေနခဲ့လို႔ပါပဲ ။ Anna တို႔ ေခြးေလးနား ေရာက္ခဲ့ခ်ိန္မွာေတာ့ ေခြးေလးဟာ အံကပ္သြားကို ကိုက္ထားၿပီး ဘယ္သူကမွမျမင္ႏိုင္ေအာင္ သူ႔ရဲ႕သြားအေနနဲ႔ ဟန္ေဆာင္ထားတဲ့ပံုစံမ်ိဳးနဲ႔ ေတြ႔ခဲ့ရပါတယ္ ။ ေခြးေလးရဲ႕ပံုစံက ဓာတ္ပံုထဲကအတိုင္း အေတာ္ေလးကိုဟာသဆန္လြန္းေနလို႔ တစ္မိသားစုလံုး အားရပါးရရယ္ေမာခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source : elitereaders

Unicode

ခွေးလေးတွေက လူတွေကို ရယ်မောပျော်ရွှင်မှုတွေပေးစွမ်းနိုင်တယ်ဆိုတာကို ယခုဖော်ပြမဲ့ခွေးလေးက သက်သေပြလိုက်တာပါပဲ ။ Anna Carolina Lima အမည်ရှိတဲ့ အသက် 27 နှစ်အရွယ် ကျောင်းသူတစ်ဦးဟာ သူမရဲ့အားလပ်ရက်နေ့တွေမှာ ဘရာဇီးနိုင်ငံ ၊ Minas Gerais ပြည်နယ်မှာရှိတဲ့ အဘွားရဲ့နေအိမ်သို့အလည်သွားခဲ့ပါတယ် ။ အလည်အပတ်သွားရောက်စဉ် သူမရဲ့ခွေးလေး Luna ကိုလည်း ခေါ်ဆောင်သွားခဲ့တာပါ ။ ခွေးလေးမှာလည်း ခဏလေးအတွင်းမှာပဲ အဘွားဖြစ်သူရဲ့နေအိမ်မှာ အကျွမ်းတဝင်ဖြစ်ခဲ့ပါတယ် ။

တစ်ရက်မှာတော့ အဘွားဖြစ်သူဟာ သူမရဲ့ခေါင်းအုံးအောက်မှာ အမြဲထားလေ့ရှိတဲ့ အံကပ်သွား ပျောက်ဆုံးသွားခဲ့လို့ အတော်လေး အခက်တွေ့နေကြတာပါ ။ Anna နဲ့ မိခင်ဖြစ်သူတို့ဟာ နေရာအနှံလိုက်ရှာခဲ့ပေမဲ့လည်း လုံးဝမတွေ့ရှိခဲ့ပါဘူး ။ အကြောင်းကတော့ ခွေးလေးဟာ ဆိုဖာထိုင်ခုံနားမှာ အဆိုပါ အံကပ်သွားကို ပုန်းအောင်ထားပြီး ဆော့ကစားနေခဲ့လို့ပါပဲ ။ Anna တို့ ခွေးလေးနား ရောက်ခဲ့ချိန်မှာတော့ ခွေးလေးဟာ အံကပ်သွားကို ကိုက်ထားပြီး ဘယ်သူကမှမမြင်နိုင်အောင် သူ့ရဲ့သွားအနေနဲ့ ဟန်ဆောင်ထားတဲ့ပုံစံမျိုးနဲ့ တွေ့ခဲ့ရပါတယ် ။ ခွေးလေးရဲ့ပုံစံက ဓာတ်ပုံထဲကအတိုင်း အတော်လေးကိုဟာသဆန်လွန်းနေလို့ တစ်မိသားစုလုံး အားရပါးရရယ်မောခဲ့ရကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment