ဆံပင္ညႇပ္ဆိုင္မွာ အႏွိပ္ခံရင္း ေဆးရံုတက္လိုက္ရတဲ့ အမ်ိဳးသားရဲ႕အျဖစ္

ဆံပင္ညႇပ္ဆိုင္အေတာ္မ်ားမ်ားက ဆံပင္ညႇပ္ၿပီးရင္ လည္ပင္း နဲ႔ ေခါင္းေတြကိုႏွိပ္နယ္ေပးတတ္လို႔ ဆိုင္ကေနထြက္လာရင္ေတာ့ သန္႔႐ွင္းၿပီးတက္ႂကြလန္းဆန္းသလိုခံစားမိၾကမွာပါ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ အိႏၷိယႏိုင္ငံက Ajay အမ်ိဳးသားမွာေတာ့ ဆံပင္ညႇပ္ဆိုင္က တက္ကြၽမ္းမႈမ႐ွိေသးတဲ့ဝန္ထမ္းရဲ႕ ႏွိပ္နယ္ေပးမႈေၾကာင့္ တစ္ဘဝလံုးအခက္ေတြ႔ခဲ့ရပါတယ္ ။ အေၾကာင္းကေတာ့ Ajay ဟာ ဆံပင္ညႇပ္ဆိုင္ကေန ထြက္လာၿပီးေနာက္မွာေတာ့ အသက္႐ႈဖို႔ခက္ခဲလြန္းတဲ့ ခံစားခ်က္မ်ိဳးျဖစ္ခဲ့လို႔ အလ်င္အျမန္ေဆးရံုေျပးတက္ခဲ့ရပါတယ္ ။ အေၾကာင္းကေတာ့ ဆံပင္ညႇပ္ဆိုင္က ေသခ်ာေလ့က်င့္သင္ၾကားထားေပးျခင္းမ႐ွိတဲ့ ဝန္ထမ္းက Ajay ရဲ႕ လည္ပင္း႐ွိ အသက္႐ႈျခင္းလမ္းေၾကာင္းနဲ႔ပက္သက္တဲ့ အာရံုေၾကာ (phrenic nerves)ကို ေပါက္ျပဲေအာင္ လုပ္ခဲ့မိလို႔ပါပဲ ။ အဆိုပါ အေၾကာဟာ ရင္ဘတ္ႏွင့္ ဝမ္းဗိုက္သားအၾကား႐ွိ ႂကြက္သားစိုင္ေတြကို ထိန္းခ်ဳပ္ေပးၿပီး ၊ အသက္႐ႈျခင္းနဲ႔သက္ဆိုင္တဲ့ ႂကြက္သားေတြအတြက္ မ႐ွိမျဖစ္အေရးႀကီးကာ အဆိုပါလည္ပင္းအက္ကြဲျခင္းက လံုးဝပ်က္စီးေစခဲ့လို႔ပါပဲ ။

ဒါေၾကာင့္ ဆံပင္ညႇပ္ဆိုင္မွာ တစ္ကယ့္ဆရာက်လြန္းသူေတြ ႏွိပ္နယ္ေပးျခင္းက တက္ႂကြလန္းဆန္းျခင္းကိုျဖစ္ေစေပမဲ့လည္း ၊ အခ်ိဳ႕ေသာ မကြၽမ္းက်င္သူေတြရဲ႕ ႏွိပ္နယ္ေပးျခင္းက ကိုယ့္ကိုသာျပန္ၿပီး ဒုကၡေရာက္ေစႏိုင္လို႔ သတိထားဆင္ျခင္ၾကဖို႔ အသိေပးလိုက္ရပါတယ္ေနာ္ ။

Jasmine (Mckzone Daily)

Source : elitereaders

Unicode

ဆံပင်ညှပ်ဆိုင်အတော်များများက ဆံပင်ညှပ်ပြီးရင် လည်ပင်း နဲ့ ခေါင်းတွေကိုနှိပ်နယ်ပေးတတ်လို့ ဆိုင်ကနေထွက်လာရင်တော့ သန့်ရှင်းပြီးတက်ကြွလန်းဆန်းသလိုခံစားမိကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ အိန္နိယနိုင်ငံက Ajay အမျိုးသားမှာတော့ ဆံပင်ညှပ်ဆိုင်က တက်ကျွမ်းမှုမရှိသေးတဲ့ဝန်ထမ်းရဲ့ နှိပ်နယ်ပေးမှုကြောင့် တစ်ဘဝလုံးအခက်တွေ့ခဲ့ရပါတယ် ။ အကြောင်းကတော့ Ajay ဟာ ဆံပင်ညှပ်ဆိုင်ကနေ ထွက်လာပြီးနောက်မှာတော့ အသက်ရှုဖို့ခက်ခဲလွန်းတဲ့ ခံစားချက်မျိုးဖြစ်ခဲ့လို့ အလျင်အမြန်ဆေးရုံပြေးတက်ခဲ့ရပါတယ် ။ အကြောင်းကတော့ ဆံပင်ညှပ်ဆိုင်က သေချာလေ့ကျင့်သင်ကြားထားပေးခြင်းမရှိတဲ့ ဝန်ထမ်းက Ajay ရဲ့ လည်ပင်းရှိ အသက်ရှုခြင်းလမ်းကြောင်းနဲ့ပက်သက်တဲ့ အာရုံကြော (phrenic nerves)ကို ပေါက်ပြဲအောင် လုပ်ခဲ့မိလို့ပါပဲ ။ အဆိုပါ အကြောဟာ ရင်ဘတ်နှင့် ဝမ်းဗိုက်သားအကြားရှိ ကြွက်သားစိုင်တွေကို ထိန်းချုပ်ပေးပြီး ၊ အသက်ရှုခြင်းနဲ့သက်ဆိုင်တဲ့ ကြွက်သားတွေအတွက် မရှိမဖြစ်အရေးကြီးကာ အဆိုပါလည်ပင်းအက်ကွဲခြင်းက လုံးဝပျက်စီးစေခဲ့လို့ပါပဲ ။

ဒါကြောင့် ဆံပင်ညှပ်ဆိုင်မှာ တစ်ကယ့်ဆရာကျလွန်းသူတွေ နှိပ်နယ်ပေးခြင်းက တက်ကြွလန်းဆန်းခြင်းကိုဖြစ်စေပေမဲ့လည်း ၊ အချို့သော မကျွမ်းကျင်သူတွေရဲ့ နှိပ်နယ်ပေးခြင်းက ကိုယ့်ကိုသာပြန်ပြီး ဒုက္ခရောက်စေနိုင်လို့ သတိထားဆင်ခြင်ကြဖို့ အသိပေးလိုက်ရပါတယ်နော် ။

Jasmine (Mckzone Daily)

Be the first to comment on "ဆံပင္ညႇပ္ဆိုင္မွာ အႏွိပ္ခံရင္း ေဆးရံုတက္လိုက္ရတဲ့ အမ်ိဳးသားရဲ႕အျဖစ္"

Leave a comment

Your email address will not be published.


*