အလုပ်ကနေနှုတ်ထွက်မဲ့ နောက်ဆုံးရက်မှာ Spider-Man ဝတ်စုံ ဝတ်ဆင်ပြီး အလုပ်တက်ခဲ့တဲ့ ဘဏ်ဝန်ထမ်း (ရုပ်သံ)




Jasmine (Mckzone Daily)

Source : elitereaders

Unicode

လူတွေအတော်များများဟာ ကိုယ်အချိန်အတော်ကြာလုပ်ခဲ့တဲ့ လုပ်ငန်းတစ်ခုကနေထွက်ခွာလာရတော့မယ်ဆိုရင် စိတ်အလိုမကျ ၊ ဝမ်းနည်းမှုမျိုးကိုတော့ ခံစားမိကြမှာပါ ။ သို့ပေမဲ့လည်း ယခုဖော်ပြမဲ့ဘဏ်ဝန်ထမ်းအမျိုးသားကတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို သူရဲ့နောက်ဆုံးအလုပ်တက်တဲ့နေ့မှာ ပြုံးပျော်ရွှင်အောင် လုပ်ဆောင်ခဲ့ပြီး ၊ အပျော်ဆုံးနေ့အဖြစ် ဖန်တီးပေးခဲ့ပါတယ် ။ အကြောင်းကတော့ အဆိုပါဘဏ်ဝန်ထမ်းအမျိုးသားဟာ သူ့ရဲ့နောက်ဆုံးအလုပ်ရက်မှာ Spider-Man ဝတ်စုံ ဝတ်ဆင်ပြီး တာဝန်ထမ်းဆောင်ခဲ့လို့ပါပဲ ။

အဆိုပါအမျိုးသားရဲ့အဖြစ်ကိုတော့ ksguile အမည်နဲ့ user တစ်ဦးက social media ပေါ်မှာ ဝေမျှခဲ့ရင်း အဆိုပါ post ဟာ အတော်လေးကို ရေပန်းစားသွားခဲ့တာပါ ။ အခြားနာမည်ကြီး page တွေကလည်း ပုံစံမျိုးစုံနဲ့ ပြန်လည်ဝေမျှကြလို့ လူအတော်အများ အားကျအတုယူစေလောက်တဲ့အထိ ဖြစ်ခဲ့ရပါတယ် ။

အဆိုပါနေ့မှာတော့ ဘဏ်ဝန်ထမ်းအမျိုးသားဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ပျော်ရွှင်စွာ လုပ်ငန်းလွဲပြောင်းပေးခဲ့ပြီး ၊ Spider -Man ဝတ်စုံနဲ့ ဘဏ်ဝန်ထမ်းကြောင့် ဘဏ်သို့လာရောက်ခဲ့ကြတဲ့ဧည့်သည်တွေမှာလည်း အတွေ့အကြုံအသစ်အဆန်းတွေဖြစ်ခဲ့ပြီး အတော်လေးပျော်ရွှင်ခဲ့ကြကြောင်းလည်း သိရပါတယ် ။ နောက်ဆုံးနေ့အထိ ပျော်ပျော်ရွှင်ရွှင် နဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ ဘဏ်ဝန်ထမ်းအမျိုးသားလို့ အသိအမှတ်ပြုရမှာပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "အလုပ်ကနေနှုတ်ထွက်မဲ့ နောက်ဆုံးရက်မှာ Spider-Man ဝတ်စုံ ဝတ်ဆင်ပြီး အလုပ်တက်ခဲ့တဲ့ ဘဏ်ဝန်ထမ်း (ရုပ်သံ)"

Leave a comment

Your email address will not be published.


*