အိမ်ပြောင်းရွှေ့ကူခိုင်းဖို့ အဖော်မိန်းကလေးကို 2 နာရီခန့်ငှါးရမ်းခဲ့တဲ့ အမျိုးသား


.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

အမျိုးသားတွေအတော်များများက အဖော်မိန်းကလေးကိုငှါးရမ်းပြီဆိုရင် စိတ်ထဲတွေးထင်ထားကြတာ တစ်ခုထဲသာရှိတတ်ကြပါတယ် ။ သို့ပေမဲ့လည်း အဖော်မိန်းကလေးအနေနဲ့ အလုပ်လုပ်ကိုင်နေတဲ့ Miyuna အမည်ရှိတဲ့မိန်းကလေးမှာတော့ မထင်ထားလောက်တဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ် ။ အဲတာကတော့ အမျိုးသားတစ်ဦးက သူမကို 2 နာရီခန့် ငှါးရမ်းခဲ့လို့ ဆွဲဆောင်မှုရှိလွန်းလှတဲ့ ဝတ်စုံနဲ့အဆိုပါ အမျိုးသားရဲ့နေအိမ်ကို သွားရောက်ခဲ့ပေမဲ့လည်း အမှန်တကယ်မှာတော့ အဆိုပါ အမျိုးသားဟာ အိမ်ပြောင်းရွှေ့ရာမှာ ကူညီဖို့ လူလိုနေလို့ သူမကို ငှါးရမ်းခဲ့တာ ဖြစ်နေပါတယ် ။ ထို့ကြောင့် သူမဟာ ပုံမှန်လုပ်နေကြမဟုတ်တဲ့ အိမ်ပြောင်းရွှေ့တဲ့ အလုပ်ကို 2 နာရီခန့် ပြုလုပ်ခဲ့ရပါတယ် ။ သူမ မထင်ထားတဲ့အလုပ်မျိုးကို ထူးထူးဆန်းဆန်းပြုလုပ်ခဲ့ရလို့ Miyuna ဟာ social media ပေါ်မှာ သူမရဲ့အဖြစ်အပျက်ကို ဝေမျှသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment