မျပင္မဆင္ထားတဲ့ပံုစံနဲ႔ ညႇပ္ဖိနပ္ေလးစီးၿပီး တန္ဖိုးႀကီး Ford Mustang ကားတစ္စီးကို လာေရာက္ဝယ္ယူခဲ့တဲ့ အမ်ိဳးသား

မိဘေတြအေတာ္မ်ားမ်ားက ကေလးငယ္ေတြဂိမ္းေဆာ့ကစားရင္ အနာဂတ္မွာ ေရေရရာရာေအာင္ျမင္မႈမ်ိဳးမရႏိုင္ဘူးဆိုၿပီး ကေလးေတြကိုဆူပူေလ့႐ွိၾကပါတယ္ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ ဂိမ္းေဆာ့ကစားၿပီး အသက္ေမြးဝမ္းေၾကာင္းေနခဲ့တဲ့ အမ်ိဳးသားကေတာ့ ဘဝမွာ မထင္ထားေလာက္တဲ့ ေအာင္ျမင္မႈမ်ိဳး ရ႐ွိေနခဲ့သူပါ ။ အသက္ 27 ႏွစ္အရြယ္ Soloz အမည္႐ွိတဲ့အမ်ိဳးသားဟာ mobile games ၿပိဳင္ပြဲအေတာ္မ်ားမ်ားမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့သူပါ ။ သူဟာ Mobile Legends နဲ႔ PUBG games ေတြကိုေဆည့ကစားၿပီး Streaming လုပ္ေနသူလို႔ ပရိသတ္အေတာ္မ်ားမ်ားက သိ႐ွိထားသူပါ ။ သူဟာ မေလး႐ွားႏိုင္ငံသားျဖစ္ၿပီး ျပည္တြင္း ၊ ျပည္ပ ၿပိဳင္ပြဲေတြအေတာ္မ်ားမ်ားမွာ ေအာင္ႏိုင္ခဲ့သူျဖစ္ပါတယ္ ။

မၾကာေသးခင္က Soloz ဟာ သာမာန္ မျပင္မဆင္ထားတဲ့အဝတ္အစားေလးနဲ႔ ညႇပ္ဖိနပ္ေလးပဲစီးကာ တန္ဖိုးႀကီးကား Ford Mustang ကားတစ္စီးကို ဝယ္ယူခဲ့ပါတယ္ ။ ထို႔ေနာက္ သူ႔ရဲ႕ဝမ္းသာပီတိျဖစ္ခဲ့ရတဲ့ ကားဝယ္တုန္းကအေျခအေန ဓာတ္ပံုေလးေတြကို သူ႔ရဲ႕ပရိသတ္ေတြထံျပန္လည္ေဝမ်ွခဲ့ပါတယ္ ။ သူ႔ရဲ႕ သာမာန္ပံုစံအတိုင္းမႂကြားမဝါဘဲ ေအာက္က်ိဳ႕တတ္တဲ့ပံုစံေလးေတြေၾကာင့္ သူ႔ရဲ႕အေၾကာင္းဟာ social media ေပၚမွာ အေတာ္ေလးကိုပ်ံ့ႏွံ႔သြားခဲ့ေသးေၾကာင္း သိ႐ွိရပါတယ္ ။

.

.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

မိဘတွေအတော်များများက ကလေးငယ်တွေဂိမ်းဆော့ကစားရင် အနာဂတ်မှာ ရေရေရာရာအောင်မြင်မှုမျိုးမရနိုင်ဘူးဆိုပြီး ကလေးတွေကိုဆူပူလေ့ရှိကြပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ ဂိမ်းဆော့ကစားပြီး အသက်မွေးဝမ်းကြောင်းနေခဲ့တဲ့ အမျိုးသားကတော့ ဘဝမှာ မထင်ထားလောက်တဲ့ အောင်မြင်မှုမျိုး ရရှိနေခဲ့သူပါ ။ အသက် 27 နှစ်အရွယ် Soloz အမည်ရှိတဲ့အမျိုးသားဟာ mobile games ပြိုင်ပွဲအတော်များများမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူပါ ။ သူဟာ Mobile Legends နဲ့ PUBG games တွေကိုဆေည့ကစားပြီး Streaming လုပ်နေသူလို့ ပရိသတ်အတော်များများက သိရှိထားသူပါ ။ သူဟာ မလေးရှားနိုင်ငံသားဖြစ်ပြီး ပြည်တွင်း ၊ ပြည်ပ ပြိုင်ပွဲတွေအတော်များများမှာ အောင်နိုင်ခဲ့သူဖြစ်ပါတယ် ။

မကြာသေးခင်က Soloz ဟာ သာမာန် မပြင်မဆင်ထားတဲ့အဝတ်အစားလေးနဲ့ ညှပ်ဖိနပ်လေးပဲစီးကာ တန်ဖိုးကြီးကား Ford Mustang ကားတစ်စီးကို ဝယ်ယူခဲ့ပါတယ် ။ ထို့နောက် သူ့ရဲ့ဝမ်းသာပီတိဖြစ်ခဲ့ရတဲ့ ကားဝယ်တုန်းကအခြေအနေ ဓာတ်ပုံလေးတွေကို သူ့ရဲ့ပရိသတ်တွေထံပြန်လည်ဝေမျှခဲ့ပါတယ် ။ သူ့ရဲ့ သာမာန်ပုံစံအတိုင်းမကြွားမဝါဘဲ အောက်ကျို့တတ်တဲ့ပုံစံလေးတွေကြောင့် သူ့ရဲ့အကြောင်းဟာ social media ပေါ်မှာ အတော်လေးကိုပျံ့နှံ့သွားခဲ့သေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment