ပင္လယ္ထဲျပဳတ္က်သြားခဲ့တဲ့ဖုန္းကို ပိုင္႐ွင္ဆီအေရာက္ျပန္လာေပးခဲ့တဲ့ Beluga ေဝလငါးေလး (႐ုပ္သံ)

အခ်ိဳ႕ေသာတိရစာၦန္ေတြဟာ လူေတြထက္ စိတ္ရင္းေစတနာပိုေကာင္းတတ္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း သမုဒၵရာထဲမေတာ္တဆျပဳတ္က်သြားခဲ့တဲ့ ဖုန္းေလးကို ပိုင္႐ွင္ဆီ အေရာက္ျပန္လာေပးခဲ့တဲ့ Beluga ေဝလငါးေလးက စိတ္ရင္းေစတနာေကာင္းလြန္းလွတာကို သက္ေသျပခဲ့တာပါပဲ ။ ျဖစ္စဥ္ကေတာ့ Ina Mansika အမည္႐ွိတဲ့အမ်ိဳးသမီးဟာ သူမရဲ႕သူငယ္ခ်င္းေတြနဲ႔အတူ Beluga ေဝလငါးေတြကို႐ွာေဖြဖို႔ ေနာ္ေဝႏိုင္ငံမွာ႐ွိတဲ့ Hammerfest ၿမိဳ႕သို႔ အေရာက္သြားခဲ့ပါတယ္ ။

သူမတို႔အုပ္စုဟာ ပင္လယ္ဖက္သို႔ ခရီးထြက္လာရင္းနဲ႔ Beluga ေဝလငါးေတြေတြ႔လိုက္လို႔ ပင္လယ္ေအာက္ဖက္ငံု႔ၾကည့္လိုက္ခ်ိန္မွာ သူမရဲ႕အိတ္ကပ္ထဲထည့္ထားတဲ့ဖုန္းေလးဟာ ဇစ္ပြင့္ေနခဲ့လို႔ ပင္လယ္ေရေအာက္ထဲကို ျပဳတ္က်သြားခဲ့ပါတယ္ ။ Mansika ရဲ႕ ေျပာျပခ်က္အရ ‘ ဖုန္းကိုလံုးဝျပန္႐ွာလို႔မရႏိုင္ေတာ့ဘူးလို႔ ကြၽန္မတို႔ ယူဆထားတာပါ ၊ ခဏအၾကာမွာေတာ့ ေဝလငါးေလးက ကြၽန္မရဲ႕ဖုန္းေလးကို ကိုက္ခ်ီၿပီး ကြၽန္မဆီကိုအေရာက္ျပန္လာေပးခဲ့ပါတယ္ ၊ လူတိုင္းက အေတာ္ေလးအံ့အားသင့္ခဲ့ၾကတာပါ ၊ ကြၽန္မတို႔ျမင္ေတြ႔ေနရတဲ့အရာကို လံုးဝမယံုၾကည္ႏိုင္ေလာက္တဲ့ အထိပါပဲ ‘ ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

အရင္ခ်ိန္ကလည္းအဆိုပါေဒသမွာပဲ ေဝလငါးေလးတစ္ေကာင္ဟာ သူ႔ရဲ႕ခႏၶာကိုယ္ေပၚမွာ ရစ္ပတ္ေနတဲ့ ကသိုင္းႀကိဳးေလးကို ျဖဳတ္ေပးဖို႔ ေလွေပၚက လူေတြထံလာေရာက္အကူအညီေတာင္းခံခဲ့ဖူးေၾကာင္း သိ႐ွိရပါတယ္ ။ ဒါေၾကာင့္ Beluga ေဝလငါးေတြဟာ အေတာ္ေလးကိုဥာဏ္ရည္ထက္ျမတ္ၿပီး စိတ္ရင္းေစတနာေကာင္းတဲ့ငါးဆိုၿပီး လူသိမ်ားၾကပါတယ္ ။

Jasmine (Mckzone Daily)

Source : elitereaders

Unicode

အချို့သောတိရစ္ဆာန်တွေဟာ လူတွေထက် စိတ်ရင်းစေတနာပိုကောင်းတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း သမုဒ္ဒရာထဲမတော်တဆပြုတ်ကျသွားခဲ့တဲ့ ဖုန်းလေးကို ပိုင်ရှင်ဆီ အရောက်ပြန်လာပေးခဲ့တဲ့ Beluga ဝေလငါးလေးက စိတ်ရင်းစေတနာကောင်းလွန်းလှတာကို သက်သေပြခဲ့တာပါပဲ ။ ဖြစ်စဉ်ကတော့ Ina Mansika အမည်ရှိတဲ့အမျိုးသမီးဟာ သူမရဲ့သူငယ်ချင်းတွေနဲ့အတူ Beluga ဝေလငါးတွေကိုရှာဖွေဖို့ နော်ဝေနိုင်ငံမှာရှိတဲ့ Hammerfest မြို့သို့ အရောက်သွားခဲ့ပါတယ် ။

သူမတို့အုပ်စုဟာ ပင်လယ်ဖက်သို့ ခရီးထွက်လာရင်းနဲ့ Beluga ဝေလငါးတွေတွေ့လိုက်လို့ ပင်လယ်အောက်ဖက်ငုံ့ကြည့်လိုက်ချိန်မှာ သူမရဲ့အိတ်ကပ်ထဲထည့်ထားတဲ့ဖုန်းလေးဟာ ဇစ်ပွင့်နေခဲ့လို့ ပင်လယ်ရေအောက်ထဲကို ပြုတ်ကျသွားခဲ့ပါတယ် ။ Mansika ရဲ့ ပြောပြချက်အရ ‘ ဖုန်းကိုလုံးဝပြန်ရှာလို့မရနိုင်တော့ဘူးလို့ ကျွန်မတို့ ယူဆထားတာပါ ၊ ခဏအကြာမှာတော့ ဝေလငါးလေးက ကျွန်မရဲ့ဖုန်းလေးကို ကိုက်ချီပြီး ကျွန်မဆီကိုအရောက်ပြန်လာပေးခဲ့ပါတယ် ၊ လူတိုင်းက အတော်လေးအံ့အားသင့်ခဲ့ကြတာပါ ၊ ကျွန်မတို့မြင်တွေ့နေရတဲ့အရာကို လုံးဝမယုံကြည်နိုင်လောက်တဲ့ အထိပါပဲ ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။

အရင်ချိန်ကလည်းအဆိုပါဒေသမှာပဲ ဝေလငါးလေးတစ်ကောင်ဟာ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရစ်ပတ်နေတဲ့ ကသိုင်းကြိုးလေးကို ဖြုတ်ပေးဖို့ လှေပေါ်က လူတွေထံလာရောက်အကူအညီတောင်းခံခဲ့ဖူးကြောင်း သိရှိရပါတယ် ။ ဒါကြောင့် Beluga ဝေလငါးတွေဟာ အတော်လေးကိုဉာဏ်ရည်ထက်မြတ်ပြီး စိတ်ရင်းစေတနာကောင်းတဲ့ငါးဆိုပြီး လူသိများကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment