ျခံထဲကႏြားကို က်ားတစ္ေကာင္လိုေဆးျခယ္ၿပီး လူစြမ္းေကာင္းဓာတ္ပံု႐ိုက္ခဲ့ၾကသူမ်ား

ယခုလို ကူးစက္ေရာဂါျဖစ္ပြားေနတဲ့ကာလေတြမွာ လူေတြဟာအိမ္မွာသာေနထိုင္ၿပီး TV ေလးၾကည့္ၿပီး အနားယူေနၾကတာပါ ။ ဒါေၾကာင့္ လူအေတာ္မ်ားမ်ားက Netflix ကထုတ္လြင့္ျပသတဲ့ ဇာတ္ကားအေတာ္မ်ားမ်ားကို အားေပးၾကည့္႐ႈၾကရင္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ အေမရိကန္ႏိုင္ငံ ၊ Wisconsin ျပည္နယ္မွာ ေနထိုင္တဲ့ စိုက္ပ်ိဳးေမြးျမဴေရး လယ္ယာပိုင္႐ွင္ႏွစ္ဦးကေတာ့ Netflix ကထုတ္လြင့္တဲ့ Tiger King လို႔ေခၚတဲ့ ျဖစ္ရပ္မွန္ မွတ္တမ္း႐ုပ္႐ွင္ series ကို အေတာ္ေလးႀကိဳက္ႏွစ္သက္သြားခဲ့ၾကပါတယ္ ။

ဒါေၾကာင့္ ၎တို႔ႏွစ္ဦးကလည္း ျခံထဲမွာေမြးျမဴထားတဲ့ ႏြားတစ္ေကာင္ကို က်ားလို ေဆးျခယ္သပစ္လိုက္ၿပီး လူစြမ္းေကာင္ေတြပံုစံနဲ႔ ဓာတ္ပံု႐ိုက္ကူးခဲ့ၾကပါတယ္ ။ အခုလို ခရီးသြားလာမႈခက္ခဲၿပီး လူတိုင္းအခက္ေတြ႔ေနတဲ့အခ်ိန္မွာ သူတို႔ရဲ႕ဓာတ္ပံုေလးေတြက ရယ္ေမာေပ်ာ္ရႊင္မႈကိုေပးေစခဲ့လို႔ social media ေပၚမွာ အေတာ္ေလးကို ေရပန္းစားသြားခဲ့ရပါတယ္ ။

.

.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

ယခုလို ကူးစက်ရောဂါဖြစ်ပွားနေတဲ့ကာလတွေမှာ လူတွေဟာအိမ်မှာသာနေထိုင်ပြီး TV လေးကြည့်ပြီး အနားယူနေကြတာပါ ။ ဒါကြောင့် လူအတော်များများက Netflix ကထုတ်လွင့်ပြသတဲ့ ဇာတ်ကားအတော်များများကို အားပေးကြည့်ရှုကြရင်း ဒီတစ်ခေါက်ဖော်ပြမဲ့ အမေရိကန်နိုင်ငံ ၊ Wisconsin ပြည်နယ်မှာ နေထိုင်တဲ့ စိုက်ပျိုးမွေးမြူရေး လယ်ယာပိုင်ရှင်နှစ်ဦးကတော့ Netflix ကထုတ်လွင့်တဲ့ Tiger King လို့ခေါ်တဲ့ ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင် series ကို အတော်လေးကြိုက်နှစ်သက်သွားခဲ့ကြပါတယ် ။

ဒါကြောင့် ၎င်းတို့နှစ်ဦးကလည်း ခြံထဲမှာမွေးမြူထားတဲ့ နွားတစ်ကောင်ကို ကျားလို ဆေးခြယ်သပစ်လိုက်ပြီး လူစွမ်းကောင်တွေပုံစံနဲ့ ဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ် ။ အခုလို ခရီးသွားလာမှုခက်ခဲပြီး လူတိုင်းအခက်တွေ့နေတဲ့အချိန်မှာ သူတို့ရဲ့ဓာတ်ပုံလေးတွေက ရယ်မောပျော်ရွှင်မှုကိုပေးစေခဲ့လို့ social media ပေါ်မှာ အတော်လေးကို ရေပန်းစားသွားခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment