ေျခေထာက္တစ္ဖက္တည္းသာ႐ွိေပမဲ့လည္း စကိတ္ကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ စီးျပခဲ့တဲ့ကေလးငယ္ (႐ုပ္သံ)

အိမ္မက္ကို အမွန္တကယ္ မဆုတ္မနစ္တမ္းႀကိဳးစားၿပီး လံုးလစိုက္အားထုတ္မယ္ဆိုရင္ေတာ့ မျဖစ္ႏိုင္တာမ႐ွိပါဘူး ။ မရပ္မနားတမ္း ႀကိဳးစားျခင္းက ကိုယ့္ရဲ႕အိမ္မက္ကို အေရာက္လွမ္းႏိုင္တယ္ဆိုတာကို ဒီတစ္ေခါက္ေဖာ္ျပမဲ့ ဖိလစ္ပိုင္ႏိုင္ငံ ၊ lligan ၿမိဳ႕မွာေနထိုင္တဲ့ ကေလးငယ္က သက္ေသျပခဲ့တာပါပဲ ။ Alrey Codilla Toring အမည္႐ွိတဲ့ အသက္ 13 ႏွစ္အရြယ္ ေကာင္ေလးဟာ သူ႔အရြယ္အျခားကေလးငယ္ေတြနဲ႔ယွဥ္ၾကည့္လိုက္ရင္ မျပည့္စံုမႈေတြ႐ွိေနပါတယ္ ။ အဲတာကေတာ့ သူ႔ရဲ႕ညာဖက္ေျခေထာက္ ေအာက္ဖက္ပိုင္းဟာ ေမြးဖြာခဲ့စဥ္အခ်ိန္ကတည္းက မပါ႐ွိခဲ့လို႔ပါပဲ ။

ၿပီးခဲ့တဲ့ႏွစ္မွ Alery ရဲ႕မိခင္ဟာ ေနအိမ္ကေနထြက္ခြာသြားခဲ့ၿပီးေနာက္ ၊ Alery ဟာ ဖခင္ျဖစ္သူကို စကိတ္ဘုတ္ျပားဝယ္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္ ။ ဖခင္ျဖစ္သူကလည္း သားငယ္ေလးစိတ္ဒဏ္ရာရမွာကို စိုးရိမ္ခဲ့လို႔ စကိတ္ဝယ္ေပးခဲ့ေပမဲ့လည္း စိုးရိမ္ပူပန္ေနရတာပါ ။ ဒါေၾကာင့္ သားျဖစ္သူ ဟန္ခ်က္ညီစြာ ထိန္းႏိုင္ေအာင္ ဖခင္ျဖစ္သူက ေျခအတု ဝယ္ေပးခဲ့ပါတယ္ ။ Alery ရဲ႕ ေျပာျပခ်က္အရ ‘ ကြၽန္ေတာ့္ရဲ႕ ေျခအတုကို ၿပီးခဲ့တဲ့ August လကမွ စရခဲ့တာပါ ၊ ကြၽန္ေတာ္အဲ့အခ်ိန္ကမွ စၿပီး စကိတ္စီးခဲ့တာပါ ၊ ကြၽန္ေတာ့္သူငယ္ခ်င္းေတြကလည္း ကူညီသင္ၾကားေပးခဲ့ၾကတယ္ ၊ ကြၽန္ေတာ္ အေတာ္ေလးကိုႀကိဳးစားမယ္ဆိုရင္ေတာ့ ေအာင္ျမင္ေက်ာ္ၾကားႏိုင္တယ္ဆိုၿပီး သူငယ္ခ်င္းေတြကေျပာခဲ့ၾကတယ္ ၊ ဒါကလည္း ကြၽန္ေတာ့္ရဲ႕ ပင္ကိုစြမ္းရည္တစ္ခုပါပဲ ‘ ဆိုၿပီး ေျပာျပသြားခဲ့ပါတယ္ ။ ဘယ္ေလာက္ေတာင္ ႀကိဳးစား႐ုန္းကန္ခဲ့လည္းဆိုတာကို Alery ရဲ႕ စကိတ္ကြၽမ္းက်င္ပိုင္ႏိုင္စြာ စီးေနတဲ့ video ေလးကိုၾကည့္ရံုနဲ႔ သိႏိုင္ပါတယ္ေလ ။

Jasmine (Mckzone Daily)

Source : elitereaders

Unicode

အိမ်မက်ကို အမှန်တကယ် မဆုတ်မနစ်တမ်းကြိုးစားပြီး လုံးလစိုက်အားထုတ်မယ်ဆိုရင်တော့ မဖြစ်နိုင်တာမရှိပါဘူး ။ မရပ်မနားတမ်း ကြိုးစားခြင်းက ကိုယ့်ရဲ့အိမ်မက်ကို အရောက်လှမ်းနိုင်တယ်ဆိုတာကို ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံ ၊ lligan မြို့မှာနေထိုင်တဲ့ ကလေးငယ်က သက်သေပြခဲ့တာပါပဲ ။ Alrey Codilla Toring အမည်ရှိတဲ့ အသက် 13 နှစ်အရွယ် ကောင်လေးဟာ သူ့အရွယ်အခြားကလေးငယ်တွေနဲ့ယှဉ်ကြည့်လိုက်ရင် မပြည့်စုံမှုတွေရှိနေပါတယ် ။ အဲတာကတော့ သူ့ရဲ့ညာဖက်ခြေထောက် အောက်ဖက်ပိုင်းဟာ မွေးဖွာခဲ့စဉ်အချိန်ကတည်းက မပါရှိခဲ့လို့ပါပဲ ။

ပြီးခဲ့တဲ့နှစ်မှ Alery ရဲ့မိခင်ဟာ နေအိမ်ကနေထွက်ခွာသွားခဲ့ပြီးနောက် ၊ Alery ဟာ ဖခင်ဖြစ်သူကို စကိတ်ဘုတ်ပြားဝယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။ ဖခင်ဖြစ်သူကလည်း သားငယ်လေးစိတ်ဒဏ်ရာရမှာကို စိုးရိမ်ခဲ့လို့ စကိတ်ဝယ်ပေးခဲ့ပေမဲ့လည်း စိုးရိမ်ပူပန်နေရတာပါ ။ ဒါကြောင့် သားဖြစ်သူ ဟန်ချက်ညီစွာ ထိန်းနိုင်အောင် ဖခင်ဖြစ်သူက ခြေအတု ဝယ်ပေးခဲ့ပါတယ် ။ Alery ရဲ့ ပြောပြချက်အရ ‘ ကျွန်တော့်ရဲ့ ခြေအတုကို ပြီးခဲ့တဲ့ August လကမှ စရခဲ့တာပါ ၊ ကျွန်တော်အဲ့အချိန်ကမှ စပြီး စကိတ်စီးခဲ့တာပါ ၊ ကျွန်တော့်သူငယ်ချင်းတွေကလည်း ကူညီသင်ကြားပေးခဲ့ကြတယ် ၊ ကျွန်တော် အတော်လေးကိုကြိုးစားမယ်ဆိုရင်တော့ အောင်မြင်ကျော်ကြားနိုင်တယ်ဆိုပြီး သူငယ်ချင်းတွေကပြောခဲ့ကြတယ် ၊ ဒါကလည်း ကျွန်တော့်ရဲ့ ပင်ကိုစွမ်းရည်တစ်ခုပါပဲ ‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။ ဘယ်လောက်တောင် ကြိုးစားရုန်းကန်ခဲ့လည်းဆိုတာကို Alery ရဲ့ စကိတ်ကျွမ်းကျင်ပိုင်နိုင်စွာ စီးနေတဲ့ video လေးကိုကြည့်ရုံနဲ့ သိနိုင်ပါတယ်လေ ။

Jasmine (Mckzone Daily)

Be the first to comment on "ေျခေထာက္တစ္ဖက္တည္းသာ႐ွိေပမဲ့လည္း စကိတ္ကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ စီးျပခဲ့တဲ့ကေလးငယ္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*