အမိႈက္ေကာက္သမားျဖစ္ေပမဲ့လည္း သမီးျဖစ္သူဘြဲ႔ရတဲ့အထိ ေက်ာင္းထားေပးခဲ့တဲ့ ရင္နင့္ဖြယ္ဖခင္တစ္ဦးရဲ႕အျဖစ္ (႐ုပ္သံ)

မိဘေတြဟာ သားသမီးေတြအတြက္ဆိုရင္ သူတို႔ေနာင္တရခဲ့မဲ့အျဖစ္မ်ိဳးနဲ႔ၾကံဳေတြ႔ရမယ္ဆိုရင္ေတာင္ အတတ္ႏိုင္ဆံုးႀကိဳးစား႐ုန္းကန္ၿပီး ေပးဆပ္ေနၾကသူေတြပါ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ဖိလစ္ပိုင္ႏိုင္ငံမွ အမႈိက္ေကာက္သမားအျဖစ္အလုပ္လုပ္ကိုင္ေနတဲ့ အသက္ 51 ႏွစ္အရြယ္ Cristito Quimado အမည္႐ွိတဲ့အမ်ိဳးသားဟာ မိသားစုအတြက္ အံ့အားသင့္ေလာက္ေအာင္ႀကိဳးစားကာ သားသမီးေတြကို ပညာသင္ၾကားေပးခဲ့လို႔ပါပဲ ။ Cristito ရဲ႕ေျပာျပခ်က္အရ ‘ ကြၽန္ေတာ့္ရဲ႕အလုပ္က မလြယ္ကူပါဘူး ၊ အမႈိက္တိုင္းကို လက္နဲ႔ကိုင္ရပါတယ္ ၊ အျမဲတမ္း ဖန္ကြဲစေတြနဲ႔ လက္ကိုျခစ္မိပါတယ္ ‘ ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။ ဒါ့အျပင္ Cristito ဟာ လြန္ခဲ့တဲ့ ႏွစ္ 20 ခန္႔ေလာက္ကတည္းက မနက္ 3 နာရီအခ်ိန္ အိပ္ယာကထၿပီး 4 နာရီတြင္အလုပ္သြားရကာ အမႈိက္ေတြလိုက္လံေကာက္ယူေနခဲ့ရတာပါ ။ ဖခင္တစ္ေယာက္အေနနဲ႔ ‘ ကြၽန္ေတာ့္ရဲ႕ မိသားစု နဲ႔ သားသမီးေတြအတြက္ လုပ္ေနတာပါ ‘ ဆိုၿပီးေတာ့လည္း ေျပာျပခဲ့ပါတယ္ ။ တစ္ရက္ကို $1 ဝန္းက်င္ခန္႔သာ ဝင္ေငြရ႐ွိေပမဲ့လည္း ၊ သားသမီး 4 ေယာက္ကို ေက်ာင္းထားႏိုင္ခဲ့တဲ့ ဖခင္တစ္ဦးပါ ။ တစ္ခါတစ္ေလ စားစရာဝယ္ဖို႔ေတာင္ ပိုက္ဆံမ႐ွိတဲ့အခ်ိန္မ်ိဳး ႐ွိခဲ့ဖူးေၾကာင္း မ်က္ရည္ေလးေတြနဲ႔ Cristito က ရင္ဖြင့္ခဲ့ပါတယ္ ။

အခုအခ်ိန္မွာေတာ့ သမီးႀကီးျဖစ္သူက ေကာလိပ္ကေန ဘြဲ႔ရ႐ွိခဲ့ၿပီျဖစ္ပါတယ္ ။ သမီးျဖစ္သူကေတာ့ ဖခင္ရဲ႕အလုပ္ဟာ ဝင္ေငြနဲေပမဲ့လည္း တရားမဝင္တဲ့အလုပ္မ်ိဳးမဟုတ္တာေၾကာင့္ ဂုဏ္ယူမိေၾကာင္း ၊ သူမအလုပ္ရ႐ွိခဲ့တဲ့အခ်ိန္ေရာက္ရင္ေတာ့ ဖခင္ကို ေက်းဇူးျပန္ဆပ္မွာ ျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ သမီးျဖစ္သူကလည္း ငိုေႂကြးစြာျဖင့္ ‘ အေဖ့ကို စားေသာက္ဆိုင္ႀကီးတစ္ခုကို ေခၚသြားခ်င္တယ္ ၊ အဝတ္အစားေကာင္းေတြ ဝယ္ေပးခ်င္တယ္ ၊ ကြၽန္မရဲ႕ေမာင္ႏွမေတြရဲ႕ ပညာေရးကိုျပန္ေထာက္ပံ့ေပးခ်င္လို႔ အလုပ္အရမ္းလုပ္ခ်င္ေနပါၿပီ ‘ ဆိုၿပီး ေျပာျပသြားခဲ့ပါတယ္ ။

Cristito ကလည္း သမီးႀကီးရဲ႕စိတ္ဓာတ္ပံုစံကို ‘ ကြၽန္ေတာ့္အလုပ္ကဘာလဲဆိုၿပီး လူေတြက သမီးကိုေမးလိုက္ရင္ သမီးက အမႈိက္ေကာက္သမားလို႔ အျမဲတမ္းျပန္ေျဖေလ့႐ွိပါတယ္ ၊ က်ြန္ေတာ့္ရဲ႕အလုပ္နဲ႔ပက္သက္ၿပီး သူတစ္ခါးမွ အ႐ွက္ရမိတာမ်ိဳး မျဖစ္ဖူးပါဘူး ‘ ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။ သားသမီးေတြအတြက္ ခ်န္ထားေပးႏိုင္တာ ပညာ တစ္ခု႐ွိလို႔ ယခုလို ႀကိဳးစားေနရတာျဖစ္ေၾကာင္း လည္းေျပာျပသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source : elitereaders

Unicode

မိဘတွေဟာ သားသမီးတွေအတွက်ဆိုရင် သူတို့နောင်တရခဲ့မဲ့အဖြစ်မျိုးနဲ့ကြုံတွေ့ရမယ်ဆိုရင်တောင် အတတ်နိုင်ဆုံးကြိုးစားရုန်းကန်ပြီး ပေးဆပ်နေကြသူတွေပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံမှ အမှိုက်ကောက်သမားအဖြစ်အလုပ်လုပ်ကိုင်နေတဲ့ အသက် 51 နှစ်အရွယ် Cristito Quimado အမည်ရှိတဲ့အမျိုးသားဟာ မိသားစုအတွက် အံ့အားသင့်လောက်အောင်ကြိုးစားကာ သားသမီးတွေကို ပညာသင်ကြားပေးခဲ့လို့ပါပဲ ။ Cristito ရဲ့ပြောပြချက်အရ ‘ ကျွန်တော့်ရဲ့အလုပ်က မလွယ်ကူပါဘူး ၊ အမှိုက်တိုင်းကို လက်နဲ့ကိုင်ရပါတယ် ၊ အမြဲတမ်း ဖန်ကွဲစတွေနဲ့ လက်ကိုခြစ်မိပါတယ် ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။ ဒါ့အပြင် Cristito ဟာ လွန်ခဲ့တဲ့ နှစ် 20 ခန့်လောက်ကတည်းက မနက် 3 နာရီအချိန် အိပ်ယာကထပြီး 4 နာရီတွင်အလုပ်သွားရကာ အမှိုက်တွေလိုက်လံကောက်ယူနေခဲ့ရတာပါ ။ ဖခင်တစ်ယောက်အနေနဲ့ ‘ ကျွန်တော့်ရဲ့ မိသားစု နဲ့ သားသမီးတွေအတွက် လုပ်နေတာပါ ‘ ဆိုပြီးတော့လည်း ပြောပြခဲ့ပါတယ် ။ တစ်ရက်ကို $1 ဝန်းကျင်ခန့်သာ ဝင်ငွေရရှိပေမဲ့လည်း ၊ သားသမီး 4 ယောက်ကို ကျောင်းထားနိုင်ခဲ့တဲ့ ဖခင်တစ်ဦးပါ ။ တစ်ခါတစ်လေ စားစရာဝယ်ဖို့တောင် ပိုက်ဆံမရှိတဲ့အချိန်မျိုး ရှိခဲ့ဖူးကြောင်း မျက်ရည်လေးတွေနဲ့ Cristito က ရင်ဖွင့်ခဲ့ပါတယ် ။

အခုအချိန်မှာတော့ သမီးကြီးဖြစ်သူက ကောလိပ်ကနေ ဘွဲ့ရရှိခဲ့ပြီဖြစ်ပါတယ် ။ သမီးဖြစ်သူကတော့ ဖခင်ရဲ့အလုပ်ဟာ ဝင်ငွေနဲပေမဲ့လည်း တရားမဝင်တဲ့အလုပ်မျိုးမဟုတ်တာကြောင့် ဂုဏ်ယူမိကြောင်း ၊ သူမအလုပ်ရရှိခဲ့တဲ့အချိန်ရောက်ရင်တော့ ဖခင်ကို ကျေးဇူးပြန်ဆပ်မှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ သမီးဖြစ်သူကလည်း ငိုကြွေးစွာဖြင့် ‘ အဖေ့ကို စားသောက်ဆိုင်ကြီးတစ်ခုကို ခေါ်သွားချင်တယ် ၊ အဝတ်အစားကောင်းတွေ ဝယ်ပေးချင်တယ် ၊ ကျွန်မရဲ့မောင်နှမတွေရဲ့ ပညာရေးကိုပြန်ထောက်ပံ့ပေးချင်လို့ အလုပ်အရမ်းလုပ်ချင်နေပါပြီ ‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။

Cristito ကလည်း သမီးကြီးရဲ့စိတ်ဓာတ်ပုံစံကို ‘ ကျွန်တော့်အလုပ်ကဘာလဲဆိုပြီး လူတွေက သမီးကိုမေးလိုက်ရင် သမီးက အမှိုက်ကောက်သမားလို့ အမြဲတမ်းပြန်ဖြေလေ့ရှိပါတယ် ၊ ကျွန်တော့်ရဲ့အလုပ်နဲ့ပက်သက်ပြီး သူတစ်ခါးမှ အရှက်ရမိတာမျိုး မဖြစ်ဖူးပါဘူး ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။ သားသမီးတွေအတွက် ချန်ထားပေးနိုင်တာ ပညာ တစ်ခုရှိလို့ ယခုလို ကြိုးစားနေရတာဖြစ်ကြောင်း လည်းပြောပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment