ဧရာမေႁမြႀကီးကို ခႏၶာကိုယ္မွာရစ္ပတ္ထားၿပီး ဆိုင္ကယ္ေပၚတင္စီးကာ ေတာ႐ိုင္းတိရစာၦန္ကာကြယ္ေစာင့္ေ႐ွာက္ေရးဌာနသို႔ ပို႔ေဆာင္ေပးခဲ့ၾကတဲ့အမ်ိဳးသား (႐ုပ္သံ)

မၾကာေသးခင္ကမွ ဧရာမစပါးအံုးေႁမြႀကီးကို ခႏၶာကိုယ္မွာရစ္ေခြေစၿပီး ဆိုင္ကယ္တင္စီးခဲ့တဲ့ video ဟာ မေလး႐ွားႏိုင္ငံရဲ႕ social media ေပၚမွာ အေတာ္ေလးကိုပ်ံ့ႏွံ႔လ်က္႐ွိေနပါတယ္ ။ Video ထဲမွာ ျမင္ေတြ႔ရတဲ့အတိုင္း ဆိုင္ကယ္ယဥ္ေမာင္းသူဟာ သူ႔ရဲ႕ခႏၶာကိုယ္မွာ ေႁမြကိုရစ္ပတ္ေစခဲ့ၿပီး ၊ အေနာက္မွာေတာ့ လူငယ္တစ္ဦးက လိုက္ပါလာခဲ့တာပါ ။ အဆိုပါ စပါးအံုးေႁမြရဲ႕အေလးခ်ိန္ဟာ 200kg ခန္႔႐ွိေၾကာင္းလည္း သိရပါတယ္ ။

ေတာ႐ိုင္းတိရစာၦန္ကာကြယ္ေစာင့္ေ႐ွာက္ေရးဌာနရဲ႕ ေျပာျပခ်က္အရ ၿပီးခဲ့တဲ့ ေမလ 29 ရက္ေန႔ ၊ ညေန 6 နာရီအခ်ိန္ခန္႔မွာ ရာဘာစိုက္ခင္းျခံတစ္ခုရဲ႕ပိုင္႐ွင္ အသက္ 34 ႏွစ္အရြယ္အမ်ိဳးသားက စပါးအံုးေႁမြဖမ္းဆီးမိေၾကာင္း ဆက္သြယ္အေၾကာင္းၾကားလာခဲ့ပါတယ္ ။ စိုက္ခင္းပိုင္႐ွင္က အဆိုပါေႁမြႀကီးက အျခားေဒသခံေတြကို ဒုကၡေပးမွာစိုးရိမ္လို႔ ေနာက္ေန႔ ေန႔လယ္ 12 နာရီခန္႔ ေတာ႐ိုင္တိရစာၦန္ကာကြယ္ေစာင့္ေ႐ွာက္ေရးဌာနကို ေႁမြလာေရာက္ပို႔ေဆာင္ေပးမည္ျဖစ္ေၾကာင္း အေၾကာင္းၾကားခဲ့ၿပီး ၊ ေန႔ခင္ 2 နာရီမွာေတာ့ အဆိုပါဌာနသို႔ ေႁမြကိုအေရာက္ပို႔ေပးခဲ့တာပါ ။ ရာဘာစိုက္ခင္းပိုင္႐ွင္ကလည္း ယခုလို သူ႔ရဲ႕ video ဟာ social media ေပၚမွာ ပ်ံ့ႏွံ႔သြားဖို႔ဆိုတဲ့ အစီအစဥ္မ႐ွိခဲ့လို႔ ေတာင္းပန္ပါေၾကာင္း ျပန္လည္ေျဖၾကားသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

မကြာသေးခင်ကမှ ဧရာမစပါးအုံးမြွေကြီးကို ခန္ဓာကိုယ်မှာရစ်ခွေစေပြီး ဆိုင်ကယ်တင်စီးခဲ့တဲ့ video ဟာ မလေးရှားနိုင်ငံရဲ့ social media ပေါ်မှာ အတော်လေးကိုပျံ့နှံ့လျက်ရှိနေပါတယ် ။ Video ထဲမှာ မြင်တွေ့ရတဲ့အတိုင်း ဆိုင်ကယ်ယဉ်မောင်းသူဟာ သူ့ရဲ့ခန္ဓာကိုယ်မှာ မြွေကိုရစ်ပတ်စေခဲ့ပြီး ၊ အနောက်မှာတော့ လူငယ်တစ်ဦးက လိုက်ပါလာခဲ့တာပါ ။ အဆိုပါ စပါးအုံးမြွေရဲ့အလေးချိန်ဟာ 200kg ခန့်ရှိကြောင်းလည်း သိရပါတယ် ။

တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့ မေလ 29 ရက်နေ့ ၊ ညနေ 6 နာရီအချိန်ခန့်မှာ ရာဘာစိုက်ခင်းခြံတစ်ခုရဲ့ပိုင်ရှင် အသက် 34 နှစ်အရွယ်အမျိုးသားက စပါးအုံးမြွေဖမ်းဆီးမိကြောင်း ဆက်သွယ်အကြောင်းကြားလာခဲ့ပါတယ် ။ စိုက်ခင်းပိုင်ရှင်က အဆိုပါမြွေကြီးက အခြားဒေသခံတွေကို ဒုက္ခပေးမှာစိုးရိမ်လို့ နောက်နေ့ နေ့လယ် 12 နာရီခန့် တောရိုင်တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနကို မြွေလာရောက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း အကြောင်းကြားခဲ့ပြီး ၊ နေ့ခင် 2 နာရီမှာတော့ အဆိုပါဌာနသို့ မြွေကိုအရောက်ပို့ပေးခဲ့တာပါ ။ ရာဘာစိုက်ခင်းပိုင်ရှင်ကလည်း ယခုလို သူ့ရဲ့ video ဟာ social media ပေါ်မှာ ပျံ့နှံ့သွားဖို့ဆိုတဲ့ အစီအစဉ်မရှိခဲ့လို့ တောင်းပန်ပါကြောင်း ပြန်လည်ဖြေကြားသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment