အိမ်ပြင်ထွက်လည်လွန်းတဲ့ အသက် 15 နှစ်အရွယ်သားဖြစ်သူကို လူအိုဆံပင်ပုံစံညှပ်ပစ်ခဲ့တဲ့ မိခင်



Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

အချို့နိုင်ငံတွေက ယခုအချိန်အထိ ကိုဗစ်ကူးစက်ရောဂါတွေမြင့်မားနေလို့ မိဘတွေအနေနဲ့ သူတို့ရဲ့သားသမီး အိမ်ပြင်မထွက်အောင် အတော်လေးထိန်းချုပ်နေရတာပါ ။ သို့ပေမဲ့လည်း ဆယ်ကျော်သက်လူငယ်လေးတွေကတော့ မိဘတွေရဲ့စကားကို နာခံဖို့ အတော်လေးခဲရင်းလွန်းလှပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်ဝမ်းက မိခင်တစ်ဦးဟာ သူ့ရဲ့ အသက် 15 နှစ်အရွယ်သားလေးကို ဆံပင်ညှပ်ဆိုင်သို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ‘အိမ်ပြင်လုံးဝမထွက်ရဲမဲ့ ဆံပင်ပုံစံမျိုးညှပ်ပေးပါ ‘ ဆိုပြီး ဆံသဆရာကို တောင်းဆိုခဲ့ပါတယ် ။

ဆံသဆရာဖြစ်သူမှာလည်း ဆံပင်ပုံစံအမျိုးမျိုးကို စဉ်းစားခဲ့ပြီး နောက်ဆုံးမှာမှ ကောင်လေးရဲ့ဆံပင်ထိပ်ဖက်ကို အကုန်လုံးပြောင်အောင်ရိတ်ပစ်ပြီး ဘေးဖက်တွေကိုသာ ချန်ထားပေးခဲ့ပါတယ် ။ ဆံပင်ပုံစံ ညှပ်လို့ပြီးဆုံးသွားခဲ့ချိန်မှာတော့ သားဖြစ်သူက ငိုကြွေးပြီး မိခင်ဖြစ်သူကို အိမ်ပြင်မထွက်တော့ပါဘူးဆိုပြီး ပြောဆိုခဲ့ပါတယ် ။ ဆံပင်တွေက ပြန်ပြီးရှည်လာမှာဆိုပေမဲ့လည်း ဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်အတွက်ကတော့ အဆိုပါဆံပင်ပုံစံက စိတ်သောက အတော်လေးဖြစ်စေမှာ လမုချပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "အိမ်ပြင်ထွက်လည်လွန်းတဲ့ အသက် 15 နှစ်အရွယ်သားဖြစ်သူကို လူအိုဆံပင်ပုံစံညှပ်ပစ်ခဲ့တဲ့ မိခင်"

Leave a comment

Your email address will not be published.


*