ေန႔လယ္စာအတြက္ ေက်ာင္းမသြားခင္ လမ္းေဘးမွာဖိနပ္ခ်ဳပ္ၿပီး ေငြ႐ွာေနရတဲ့ ေမာင္ႏွမႏွစ္ေယာက္ (႐ုပ္သံ)

အခ်ိဳ႕ေသာကေလးေတြအတြက္ ေက်ာင္းတက္ဖို႔က ေအးေဆးလြယ္ကူေပမဲ့လည္း အခ်ိဳ႕ေသာကေလးေတြအတြက္ကေတာ့ ေငြေရးေၾကးေရးေၾကာင့္ အေတာ္ေလး အခက္ေတြ႔ေနၾကတာပါ ။ ဒီတစ္ေခါက္မွာလည္း ဖိလစ္ပိုင္ႏိုင္ငံ ၊ Puerto Princesa ၿမိဳ႕မွာ ေက်ာင္းတက္ေနခဲ့တဲ့ ေမာင္ႏွမ ႏွစ္ေယာက္က ေက်ာင္းမသြားခင္ သူတို႔ရဲ႕ေန႔လယ္စာအတြက္ စားစရိတ္ကို ကိုယ္တိုင္႐ွာေဖြေနရလို႔ပါပဲ ။ အသက္ 13 ႏွစ္အရြယ္ Manuelita နဲ႔ အသက္ 12 ႏွစ္အရြယ္ Micko တို႔ဟာ ေက်ာင္းမသြားခင္ ေန႔လယ္စာအတြက္ ရသေလာက္ ၊ ၿပီးသေလာက္ ဖိနပ္​ေတြကို ျပဳျပင္ခဲ့ၾကရပါတယ္ ။ ကေလးေတြရဲ႕ေျပာျပခ်က္အရ သူတို႔ေလးေတြျပဳျပင္ခဲ့တဲ့ ဖိနပ္ေတြရဲ႕တန္ဖိုးက ေန႔လယ္စာ စားစရိတ္ထက္ ပိုေၾကာင္း သိ႐ွိရပါတယ္ ။

မိဘႏွစ္ပါးကလည္း လမ္းေထာင့္ေလးမွာ ဖိနပ္ျပဳျပင္ေနၾကတာမို႔ သူတို႔ေမာင္ႏွမႏွစ္ဦးဟာ ဖိနပ္ကိုကြၽမ္းက်င္လ်င္ျမန္စြာ ျပင္ဆင္တတ္ၾကပါတယ္ ။ သူတို႔မိသားစုေလးက အိမ္ငွါးေနရတာျဖစ္တာမို႔ ေငြေရးေၾကးေရး ခက္ခဲေနေပမဲ့လည္း သားသမီးႏွစ္ေယာက္လံုးက ဖိနပ္ျပင္ၿပီး ကိုယ့္ရဲ႕ေက်ာင္းစရိတ္ကို ကိုယ္တိုင္႐ွာေဖြေနၾကရတာပါ ။ ေမာင္ႏွမနွစ္ေယာက္လံုးက ဖိနပ္ျပဳျပင္ရတဲ့အလုပ္ကို ႐ွက္ရြံေနျခင္းမ်ိဳးလံုးဝမ႐ွိေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source : elitereaders

Unicode

အချို့သောကလေးတွေအတွက် ကျောင်းတက်ဖို့က အေးဆေးလွယ်ကူပေမဲ့လည်း အချို့သောကလေးတွေအတွက်ကတော့ ငွေရေးကြေးရေးကြောင့် အတော်လေး အခက်တွေ့နေကြတာပါ ။ ဒီတစ်ခေါက်မှာလည်း ဖိလစ်ပိုင်နိုင်ငံ ၊ Puerto Princesa မြို့မှာ ကျောင်းတက်နေခဲ့တဲ့ မောင်နှမ နှစ်ယောက်က ကျောင်းမသွားခင် သူတို့ရဲ့နေ့လယ်စာအတွက် စားစရိတ်ကို ကိုယ်တိုင်ရှာဖွေနေရလို့ပါပဲ ။ အသက် 13 နှစ်အရွယ် Manuelita နဲ့ အသက် 12 နှစ်အရွယ် Micko တို့ဟာ ကျောင်းမသွားခင် နေ့လယ်စာအတွက် ရသလောက် ၊ ပြီးသလောက် ဖိနပ်တွေကို ပြုပြင်ခဲ့ကြရပါတယ် ။ ကလေးတွေရဲ့ပြောပြချက်အရ သူတို့လေးတွေပြုပြင်ခဲ့တဲ့ ဖိနပ်တွေရဲ့တန်ဖိုးက နေ့လယ်စာ စားစရိတ်ထက် ပိုကြောင်း သိရှိရပါတယ် ။

မိဘနှစ်ပါးကလည်း လမ်းထောင့်လေးမှာ ဖိနပ်ပြုပြင်နေကြတာမို့ သူတို့မောင်နှမနှစ်ဦးဟာ ဖိနပ်ကိုကျွမ်းကျင်လျင်မြန်စွာ ပြင်ဆင်တတ်ကြပါတယ် ။ သူတို့မိသားစုလေးက အိမ်ငှါးနေရတာဖြစ်တာမို့ ငွေရေးကြေးရေး ခက်ခဲနေပေမဲ့လည်း သားသမီးနှစ်ယောက်လုံးက ဖိနပ်ပြင်ပြီး ကိုယ့်ရဲ့ကျောင်းစရိတ်ကို ကိုယ်တိုင်ရှာဖွေနေကြရတာပါ ။ မောင်နှမနှစ်ယောက်လုံးက ဖိနပ်ပြုပြင်ရတဲ့အလုပ်ကို ရှက်ရွံနေခြင်းမျိုးလုံးဝမရှိကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေန႔လယ္စာအတြက္ ေက်ာင္းမသြားခင္ လမ္းေဘးမွာဖိနပ္ခ်ဳပ္ၿပီး ေငြ႐ွာေနရတဲ့ ေမာင္ႏွမႏွစ္ေယာက္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*