Video ေတြ႐ိုက္ၿပီးအႏိုင္က်င့္ေနၾကတဲ့အတန္းေဖာ္ေတြကို မခံႏိုင္တဲ့အဆံုး မွတ္ေလာက္ေအာင္ျပန္တံု႔ျပန္ခဲ့တဲ့ေက်ာင္းသား

အႏိုင္က်င့္တယ္ဆိုတယ္က လူငယ္ေတြအၾကားမွာအျဖစ္မ်ားၾကၿပီး အထူးသျဖင့္စာသင္ေက်ာင္းေတြမွာ အျဖစ္မ်ားပါတယ္ ။ မည့္သည့္ေသခ်ာေရရာတဲ့ အေၾကာင္းျပခ်က္မ်ိဳးမ႐ွိပဲ လူတစ္ေယာက္ကို ဝိုင္ပယ္တာမ်ိဳး ၊ ေနာက္ဆံုး အုပ္စုဖြဲ႔ၿပီး ႐ိုက္ႏွက္တာမ်ိဳးေတြျပဳလုပ္ေလ့႐ွိၾကပါတယ္ ။ တစ္ခ်ိဳ႕ေသာေက်ာင္းသားေတြဆို အသက္အႏၱရာယ္ေရာက္တဲ့အထိ ဒုကၡေရာက္ခဲ့ၾကၿပီး တစ္ခ်ိဳ႕ဆိုရင္ေတာ့ မခံႏိုင္ေတာ့တဲ့အဆံုးျပန္ၿပီး လုပ္တံု႔ျပန္တာမ်ိဳး႐ွိၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံက ေက်ာင္းတစ္ေက်ာင္းမွာ ေက်ာင္းသားေလးေတြဟာ အုပ္စုဖြဲ႔ၿပီးအႏိုင္က်င့္ေနၾကတဲ့ ႐ုပ္သံကို @iloveyoulPOH ဆိုတဲ့ Twitter စာမ်က္ႏွာတစ္ခုက ျပန္လည္ေဝမ်ွေပးခဲ့လို႔ လူအမ်ားအၾကာ အေတာ္ေလးကိုမခံမရပ္ႏိုင္ေအာင္ ေျပာစရာတစ္ခုျဖစ္ေနလ်က္႐ွိပါတယ္ ။

၎အျဖစ္အပ်က္တစ္ခုလံုးကို အႏိုင္က်င့္ေနၾကတဲ့ ေက်ာင္းသားအုပ္စုက video ႐ိုက္ထားခဲ့ၾကပါတယ္ ။ Video ထဲမွာေတာ့ အဆိုပါအုပ္စုက အႏိုင္က်င့္ခံရတဲ့ေက်ာင္းသားေလးကို နံရံတြင္ကပ္လ်င္ထိုင္ေနေစခဲ့ၿပီးေနာက္ ထိုးၾက ၊ ကန္ၾက ၊ ႐ိုက္ႏွက္ေနခဲ့ၾကေပမဲ့ ေက်ာင္းသားေလးဟာ ဘားမွမလုပ္ပဲ ၿငိမ္ခံေနခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ထိုင္ခံုမွာ႐ွိေနခဲ့တဲ့ေကာင္ေလးက သူ၏မ်က္ႏွာတည့္တည့္ကန္ပစ္လိုက္ခ်ိန္မွာေတာ့ စိတ္မထိန္းႏိုင္ေတာ့ဘဲ ႐ုတ္တရက္ ထိုင္ခံုေပၚမွေကာင္ေလးကိုျပန္ဆြဲၿပီး စိတ္ပါလက္ပါကိုျပန္တိုက္ခိုက္ခဲ့ပံုကေတာ့ အေတာ္ေလး အားရဖို႔ေကာင္းလြန္းလွပါတယ္ ။ အႏိုင္က်င့္ေနၾကတဲ့ အုပ္စုေတြလည္း အေတာ္ေလးအံ့ၾသၿပီး လန္႔သြားခဲ့ပံုရကာ ဘားမွျပန္မလုပ္ႏိုင္ခဲ့တဲ့အထိ ျဖစ္ေနခဲ့ၾကပါေတာ့တယ္ ။

အဆိုပါ Video ဟာ social media ေပၚမွာအေတာ္ေလး လူၾကည့္မ်ားသြားခဲ့ၿပီး လူအမ်ားစုကေတာ့ လူတစ္ေယာက္ရဲ႕သည္းခံစိတ္ဟာ အတိုင္းအတာ႐ွိေၾကာင္း ႏွင့္ video ရဲ႕ေနာက္ဆံုးအခန္းကို အေတာ္ေလးအားရမိေၾကာင္း မ်ိဳးစံုေရးသားမွတ္ခ်က္ေပးခဲ့ၾကပါတယ္ ။ ထို႔အျပင္ ေက်ာင္းတြင္းအႏိုင္က်င့္ခံရလ်ွင္ ဆရာမမ်ား ၊ မိဘမ်ားကို အသိေပးသင့္ေၾကာင္း ႏွင့္ မိဘမ်ားကလည္း အဆိုပါေက်ာင္းမ်ိဳးကို ကိုယ့္ရဲ႕သားသမီးမ်ား အပ္ႏွံျခင္းမျပဳသင့္ေၾကာင္း ေရးသားအသိေပးခဲ့ၾကပါေသးတယ္ ။ မည္သို႔ပင္ျဖစ္ေစကာမူ အႏိုင္က်င့္ေသာေက်ာင္းသားအုပ္စုမွာလည္း ေက်ာင္းမွမွတ္သားေလာက္တဲ့ျပစ္ဒဏ္မ်ိဳးေပးျခင္းခံရသင့္ေၾကာင္း ႏွင့္ အျခားသူတစ္ေယာက္ကိုအႏိုင္က်င့္တာမ်ိဳးမလုပ္ရဲေလာက္ေအာင္ မွတ္သားေလာက္တဲ့သင္ခန္းစားမ်ိဳးလည္း ရေနေလာက္ၿပီဟု ထင္ျမင္မိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အနိုင်ကျင့်တယ်ဆိုတယ်က လူငယ်တွေအကြားမှာအဖြစ်များကြပြီး အထူးသဖြင့်စာသင်ကျောင်းတွေမှာ အဖြစ်များပါတယ် ။ မည့်သည့်သေချာရေရာတဲ့ အကြောင်းပြချက်မျိုးမရှိပဲ လူတစ်ယောက်ကို ဝိုင်ပယ်တာမျိုး ၊ နောက်ဆုံး အုပ်စုဖွဲ့ပြီး ရိုက်နှက်တာမျိုးတွေပြုလုပ်လေ့ရှိကြပါတယ် ။ တစ်ချို့သောကျောင်းသားတွေဆို အသက်အန္တရာယ်ရောက်တဲ့အထိ ဒုက္ခရောက်ခဲ့ကြပြီး တစ်ချို့ဆိုရင်တော့ မခံနိုင်တော့တဲ့အဆုံးပြန်ပြီး လုပ်တုံ့ပြန်တာမျိုးရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက ကျောင်းတစ်ကျောင်းမှာ ကျောင်းသားလေးတွေဟာ အုပ်စုဖွဲ့ပြီးအနိုင်ကျင့်နေကြတဲ့ ရုပ်သံကို @iloveyoulPOH ဆိုတဲ့ Twitter စာမျက်နှာတစ်ခုက ပြန်လည်ဝေမျှပေးခဲ့လို့ လူအများအကြာ အတော်လေးကိုမခံမရပ်နိုင်အောင် ပြောစရာတစ်ခုဖြစ်နေလျက်ရှိပါတယ် ။

၎င်းအဖြစ်အပျက်တစ်ခုလုံးကို အနိုင်ကျင့်နေကြတဲ့ ကျောင်းသားအုပ်စုက video ရိုက်ထားခဲ့ကြပါတယ် ။ Video ထဲမှာတော့ အဆိုပါအုပ်စုက အနိုင်ကျင့်ခံရတဲ့ကျောင်းသားလေးကို နံရံတွင်ကပ်လျင်ထိုင်နေစေခဲ့ပြီးနောက် ထိုးကြ ၊ ကန်ကြ ၊ ရိုက်နှက်နေခဲ့ကြပေမဲ့ ကျောင်းသားလေးဟာ ဘားမှမလုပ်ပဲ ငြိမ်ခံနေခဲ့ပါတယ် ။ သို့ပေမဲ့လည်း ထိုင်ခုံမှာရှိနေခဲ့တဲ့ကောင်လေးက သူ၏မျက်နှာတည့်တည့်ကန်ပစ်လိုက်ချိန်မှာတော့ စိတ်မထိန်းနိုင်တော့ဘဲ ရုတ်တရက် ထိုင်ခုံပေါ်မှကောင်လေးကိုပြန်ဆွဲပြီး စိတ်ပါလက်ပါကိုပြန်တိုက်ခိုက်ခဲ့ပုံကတော့ အတော်လေး အားရဖို့ကောင်းလွန်းလှပါတယ် ။ အနိုင်ကျင့်နေကြတဲ့ အုပ်စုတွေလည်း အတော်လေးအံ့သြပြီး လန့်သွားခဲ့ပုံရကာ ဘားမှပြန်မလုပ်နိုင်ခဲ့တဲ့အထိ ဖြစ်နေခဲ့ကြပါတော့တယ် ။

အဆိုပါ Video ဟာ social media ပေါ်မှာအတော်လေး လူကြည့်များသွားခဲ့ပြီး လူအများစုကတော့ လူတစ်ယောက်ရဲ့သည်းခံစိတ်ဟာ အတိုင်းအတာရှိကြောင်း နှင့် video ရဲ့နောက်ဆုံးအခန်းကို အတော်လေးအားရမိကြောင်း မျိုးစုံရေးသားမှတ်ချက်ပေးခဲ့ကြပါတယ် ။ ထို့အပြင် ကျောင်းတွင်းအနိုင်ကျင့်ခံရလျှင် ဆရာမများ ၊ မိဘများကို အသိပေးသင့်ကြောင်း နှင့် မိဘများကလည်း အဆိုပါကျောင်းမျိုးကို ကိုယ့်ရဲ့သားသမီးများ အပ်နှံခြင်းမပြုသင့်ကြောင်း ရေးသားအသိပေးခဲ့ကြပါသေးတယ် ။ မည်သို့ပင်ဖြစ်စေကာမူ အနိုင်ကျင့်သောကျောင်းသားအုပ်စုမှာလည်း ကျောင်းမှမှတ်သားလောက်တဲ့ပြစ်ဒဏ်မျိုးပေးခြင်းခံရသင့်ကြောင်း နှင့် အခြားသူတစ်ယောက်ကိုအနိုင်ကျင့်တာမျိုးမလုပ်ရဲလောက်အောင် မှတ်သားလောက်တဲ့သင်ခန်းစားမျိုးလည်း ရနေလောက်ပြီဟု ထင်မြင်မိပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "Video ေတြ႐ိုက္ၿပီးအႏိုင္က်င့္ေနၾကတဲ့အတန္းေဖာ္ေတြကို မခံႏိုင္တဲ့အဆံုး မွတ္ေလာက္ေအာင္ျပန္တံု႔ျပန္ခဲ့တဲ့ေက်ာင္းသား"

Leave a comment

Your email address will not be published.


*