17 လက္မအ႐ွည္႐ွိတဲ့ အဆိပ္ျပင္းလြန္းတဲ့ကင္းေျခမ်ားကို တယုတယေမြးထားၿပီး ခႏၶာကိုယ္ေပၚအႏွံ႔ တြားသြားခြင့္ေပးထားတဲ့ အမ်ိဳးသား (႐ုပ္သံ)

လူအေတာ္အမ်ားက အိမ္ေမြးတိရစာၦန္ေတြဆိုရင္ ခ်စ္ဖို႔ေကာင္းတဲ့ ေခြးေလး ၊ ေၾကာင္ေလးေတြကို ေမြးေလ့႐ွိေပမဲ့လည္း ၊ အခ်ိဳ႕ေသာသူေတြကေတာ့ ေၾကာက္ဖို႔ေကာင္းလြန္းၿပီး အဆိပ္ျပင္းတဲ့ အေကာင္ေတြကို အိမ္ေမြးအေကာင္အျဖစ္ ေမြးထားတတ္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ထိုင္ဝမ္မွာ ေနထိုင္တဲ့အမ်ိဳးသားတစ္ဦးဟာ 17 လက္မခန္႔အ႐ွည္႐ွိတဲ့ ႀကီးမားၿပီးအဆိပ္ျပင္းလြန္းတဲ့ ကင္းေျခမ်ားကို အိမ္ေမြးအေကာင္အျဖစ္ တယုတယေမြးထားၿပီး ၊ သူ႔ရဲ႕ခႏၶာကိုယ္အႏွံ႔ တြားသြားခြင့္ေပးထားတဲ့ video ဟာ social media ေပၚမွာ အေတာ္ေလးကိုပ်ံ့ႏွံ႔လ်က္႐ွိေနပါတယ္ ။

Neil Cheng Le အမည္႐ွိတဲ့ အမ်ိဳးသားဟာ 2014 ခုႏွစ္က အဆိုပါကင္းေျခမ်ားကို ဝယ္ၿပီးေမြးခဲ့တာပါ ။ အစပိုင္းမွာ ကင္းေျခမ်ားက ယခုေလာက္အထိေတာ့ မႀကီးေသးပါဘူး ။ Neil ဟာ အဆိုပါကင္းေျခမ်ားကို ေၾကာင္ေတြ ၊ ေခြးေတြ ေမြးသလို ေမြးထားၿပီး ေနရာအႏွံ႔ေပးသြားခြင့္ေပးကာ ၊ လက္နဲ႔လည္း ကိုယ္တိုင္အစာေကြၽးၿပီး ၊ ေခါင္းကိုပါ လက္နဲ႔ပြတ္သပ္ေပးေလ့႐ွိပါေသးတယ္ ။ ကင္ေျခမ်ားကေတာ့ သူ႔ကို တစ္ႀကိမ္တစ္ခါမွ ထိခိုက္ဒဏ္ရာ ေပးဖူးျခင္းမ်ိဳး မ႐ွိေၾကာင္းလည္း Neil က ေျပာျပခဲ့ပါေသးတယ္ ။

ကင္ေျခမ်ားေတြကိုက္ရင္ေတာ့ မအီမသာျဖစ္ၿပီး ပ်ိဳ႕အန္ျခင္း ၊ အဖ်ားတက္ျခင္း နဲ႔ ရည္ၾကည္ဖုထျခင္း စတဲ့လကၡဏာမ်ိဳး ခံစားၾကရမွာပါ ။ ယခုလို အေကာင္ႀကီးဆိုရင္ေတာ့ ပိုၿပီးေတာ့ေတာင္ အႏၱရာယ္ျဖစ္ႏိုင္လို႔ အကိုက္မခံရဖို႔ အထူးသတိထားသင့္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source : elitereaders

Unicode

လူအတော်အများက အိမ်မွေးတိရစ္ဆာန်တွေဆိုရင် ချစ်ဖို့ကောင်းတဲ့ ခွေးလေး ၊ ကြောင်လေးတွေကို မွေးလေ့ရှိပေမဲ့လည်း ၊ အချို့သောသူတွေကတော့ ကြောက်ဖို့ကောင်းလွန်းပြီး အဆိပ်ပြင်းတဲ့ အကောင်တွေကို အိမ်မွေးအကောင်အဖြစ် မွေးထားတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်ဝမ်မှာ နေထိုင်တဲ့အမျိုးသားတစ်ဦးဟာ 17 လက်မခန့်အရှည်ရှိတဲ့ ကြီးမားပြီးအဆိပ်ပြင်းလွန်းတဲ့ ကင်းခြေများကို အိမ်မွေးအကောင်အဖြစ် တယုတယမွေးထားပြီး ၊ သူ့ရဲ့ခန္ဓာကိုယ်အနှံ့ တွားသွားခွင့်ပေးထားတဲ့ video ဟာ social media ပေါ်မှာ အတော်လေးကိုပျံ့နှံ့လျက်ရှိနေပါတယ် ။

Neil Cheng Le အမည်ရှိတဲ့ အမျိုးသားဟာ 2014 ခုနှစ်က အဆိုပါကင်းခြေများကို ဝယ်ပြီးမွေးခဲ့တာပါ ။ အစပိုင်းမှာ ကင်းခြေများက ယခုလောက်အထိတော့ မကြီးသေးပါဘူး ။ Neil ဟာ အဆိုပါကင်းခြေများကို ကြောင်တွေ ၊ ခွေးတွေ မွေးသလို မွေးထားပြီး နေရာအနှံ့ပေးသွားခွင့်ပေးကာ ၊ လက်နဲ့လည်း ကိုယ်တိုင်အစာကျွေးပြီး ၊ ခေါင်းကိုပါ လက်နဲ့ပွတ်သပ်ပေးလေ့ရှိပါသေးတယ် ။ ကင်ခြေများကတော့ သူ့ကို တစ်ကြိမ်တစ်ခါမှ ထိခိုက်ဒဏ်ရာ ပေးဖူးခြင်းမျိုး မရှိကြောင်းလည်း Neil က ပြောပြခဲ့ပါသေးတယ် ။

ကင်ခြေများတွေကိုက်ရင်တော့ မအီမသာဖြစ်ပြီး ပျို့အန်ခြင်း ၊ အဖျားတက်ခြင်း နဲ့ ရည်ကြည်ဖုထခြင်း စတဲ့လက္ခဏာမျိုး ခံစားကြရမှာပါ ။ ယခုလို အကောင်ကြီးဆိုရင်တော့ ပိုပြီးတော့တောင် အန္တရာယ်ဖြစ်နိုင်လို့ အကိုက်မခံရဖို့ အထူးသတိထားသင့်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "17 လက္မအ႐ွည္႐ွိတဲ့ အဆိပ္ျပင္းလြန္းတဲ့ကင္းေျခမ်ားကို တယုတယေမြးထားၿပီး ခႏၶာကိုယ္ေပၚအႏွံ႔ တြားသြားခြင့္ေပးထားတဲ့ အမ်ိဳးသား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*