တံခါးမႀကီးကို တက္ညီလက္ညီ ဖြင့္ ၊ ပိတ္ ခဲ့ၾကတဲ့ ေခြးငယ္ေလး 3 ေကာင္ (႐ုပ္သံ)

Teamwork ညီစြာနဲ႔ ကိုယ့္တာဝန္ကိုယ္သိၿပီး တက္ညီလက္ညီ ေနအိမ္တံခါးမႀကီး ဖြင့္ ၊ ပိတ္ ခဲ့ၾကတဲ့ ေခြးေလး 3 ေကာင္ရဲ႕ video ဟာ social media ေပၚမွာ အေတာ္ေလးကို ေရပန္းစားေနလ်က္႐ွိပါတယ္ ။ အစပိုင္းမွာေတာ့ အညိဳေရာင္ နဲ႔ အမဲေရာင္ ေခြးေလးႏွစ္ေကာင္ဟာ ေနအိမ္ရဲ႕အျပင္ဖက္မွာေရာက္ေနခဲ့တာပါ ။ ဒါေၾကာင့္ အညိဳေရာင္ေခြးေလးဟာ သူ႔အရပ္ထက္အေတာ္ေလးကို ျမင့္တဲ့တံခါးကိုဆြဲဖြင့္ဖို႔ တံခါးတံတိုင္ေလးေပၚႀကိဳးစားတက္ၿပီး တံခါးလက္ကိုင္မွာတပ္ထားတဲ့ ႀကိဳးေလးကိုလွမ္းဆြဲၿပီး တံခါးဖြင့္ခဲ့ပါတယ္ ။ အဆိုပါ အခ်ိန္မွာ အိမ္အတြင္း႐ွိေနတဲ့ ေခြးႀကီးတစ္ေကာင္က ေရာက္လာၿပီး တံခါးကို တြန္းဖြင့္ကူေပးခဲ့ပါတယ္ ။

3 ေကာင္လံုး ေနအိမ္အတြင္းသို႔ေရာက္ခဲ့ခ်ိန္မွာေတာ့ ေခြးႀကီးတစ္ေကာင္က ပိုၿပီး စိတ္ခ်ရေအာင္ ေနာက္တစ္ႀကိမ္ တံခါးကို လွမ္းဆြဲပိတ္လိုက္ပါေသးတယ္ ။ ပိုင္႐ွင္ျဖစ္သူရဲ႕ေျပာျပခ်က္အရ ေနအိမ္အျပင္ဖက္ တံခါးနားမွာခ်ိတ္ဆြဲထားတဲ့ အနီေရာင္ႀကိဳးေလးက ကံေကာင္းေစလိုတဲ့ အဓိပၸါယ္အေနနဲ႔ ခ်ိတ္ဆြဲထားတာျဖစ္ေၾကာင္း ၊ သို႔ေပမဲ့လည္း ေခြးေလးေတြက အေတာ့္ကိုဥာဏ္ေကာင္းလြန္းၿပီး တံခါးဖြင့္ရာတြင္ အသံုးျပဳခဲ့တာျဖစ္ေၾကာင္း သခင္ျဖစ္သူက ခ်ီးက်ဴးခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source : elitereaders

Unicode

Teamwork ညီစွာနဲ့ ကိုယ့်တာဝန်ကိုယ်သိပြီး တက်ညီလက်ညီ နေအိမ်တံခါးမကြီး ဖွင့် ၊ ပိတ် ခဲ့ကြတဲ့ ခွေးလေး 3 ကောင်ရဲ့ video ဟာ social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။ အစပိုင်းမှာတော့ အညိုရောင် နဲ့ အမဲရောင် ခွေးလေးနှစ်ကောင်ဟာ နေအိမ်ရဲ့အပြင်ဖက်မှာရောက်နေခဲ့တာပါ ။ ဒါကြောင့် အညိုရောင်ခွေးလေးဟာ သူ့အရပ်ထက်အတော်လေးကို မြင့်တဲ့တံခါးကိုဆွဲဖွင့်ဖို့ တံခါးတံတိုင်လေးပေါ်ကြိုးစားတက်ပြီး တံခါးလက်ကိုင်မှာတပ်ထားတဲ့ ကြိုးလေးကိုလှမ်းဆွဲပြီး တံခါးဖွင့်ခဲ့ပါတယ် ။ အဆိုပါ အချိန်မှာ အိမ်အတွင်းရှိနေတဲ့ ခွေးကြီးတစ်ကောင်က ရောက်လာပြီး တံခါးကို တွန်းဖွင့်ကူပေးခဲ့ပါတယ် ။

3 ကောင်လုံး နေအိမ်အတွင်းသို့ရောက်ခဲ့ချိန်မှာတော့ ခွေးကြီးတစ်ကောင်က ပိုပြီး စိတ်ချရအောင် နောက်တစ်ကြိမ် တံခါးကို လှမ်းဆွဲပိတ်လိုက်ပါသေးတယ် ။ ပိုင်ရှင်ဖြစ်သူရဲ့ပြောပြချက်အရ နေအိမ်အပြင်ဖက် တံခါးနားမှာချိတ်ဆွဲထားတဲ့ အနီရောင်ကြိုးလေးက ကံကောင်းစေလိုတဲ့ အဓိပ္ပါယ်အနေနဲ့ ချိတ်ဆွဲထားတာဖြစ်ကြောင်း ၊ သို့ပေမဲ့လည်း ခွေးလေးတွေက အတော့်ကိုဉာဏ်ကောင်းလွန်းပြီး တံခါးဖွင့်ရာတွင် အသုံးပြုခဲ့တာဖြစ်ကြောင်း သခင်ဖြစ်သူက ချီးကျူးခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment