Online ပေါ်မှာတွေ့ခဲ့တဲ့ကောင်လေးနဲ့ လက်ထပ်နိုင်ဖို့ ဖိလစ်ပိုင်နိုင်ငံကိုအရောက်သွားခဲ့တဲ့ ကနေဒါသူလေး



.

.

Jasmine (Mckzone Daily)

Source : elitereaders

.

Unicode

အချစ်စစ်ဆိုတဲ့အရာက ရုပ်ရှင်ဇာတ်ကားထဲမှာပဲ ရှိတာမဟုတ်ပါဘူး ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲဝေးကွာနေပါစေ ဖူးစာရှင်အစစ်အမှန်သာဆိုရင် ဆုံဆည်းနိုင်ပါတယ်လေ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ကနေဒါနိုင်ငံသူလေးဟာ ဆိုရင် Online ပေါ်မှာတွေ့ရှိခဲ့တဲ့ သူမရဲ့ချစ်သူကောင်လေးကို အပြင်မှာ တွေ့ဆုံချင်လို့ မိုင် 8,000 ကွာဝေးတဲ့ ဖိလစ်ပိုင်နိုင်ငံဆီသို့ အရောက်သွားခဲ့ပါတယ် ။ သူတို့စုံတွဲ ပထမဆုံး တွေ့ဆုံခဲ့တဲ့အချိန်က Facebook ပေါ်မှာ friend request ပို့လိုက်တာကနေ အစပြုခဲ့တာပါ ။ Online ပေါ်မှာ တွေ့ဆုံပြီး 2 နှစ်အကြာမှာမှ ကောင်မလေးက ကောင်လေးဆီ အရောက်သွားခဲ့တာပါ ။

သို့ပေမဲ့လည်း သူတို့စုံတွဲရဲ့ပျော်ရွှင်မှုက အရမ်းမကြာခဲ့ပါဘူး ။ အကြောင်းကတော့ ကောင်မလေးဟာ သူ့ရဲ့နေရပ်ဆီသို့ပြန်ခဲ့ရလို့ပါပဲ ။ ဒီလိုနဲ့ ဝေးကွာလွန်းတဲ့ သူတို့ရဲ့စုံတွဲဟာ 1 နှစ်ခွဲခန့် အချိန်ယူခဲ့ရပြီး ၊ နောက်ဆုံးမှ ကောင်မလေးဟာ ကောင်လေးဆီသို့ နောက်တစ်ကြိမ်အရောက်ပြန်လာပြီး လက်ထပ်ပွဲပါ တစ်ခါတည်းကျင်းပခဲ့ပါတော့တယ် ။ Online ပေါ်ကနေလည်း အချစ်စစ်တစ်ကယ်ရှာတွေ့နိုင်တယ်ဆိုတာကို သူတို့စုံတွဲက သက်သေပြခဲ့တာပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment