လူတွေကို ခွန်အားပေးလေ့ရှိတဲ့ K-Beauty YouTuber က သူမ မသေဆုံးခင် နောက်ဆုံး video လေးတင်ပြီး နှုတ်ဆက်သွားခဲ့



.

.

.

.

Jasmine (Mckzone Daily)

Source : nextshark

Unicode

ကိုးရီးယားအလှအပ YouTuber တစ်ယောက်ဖြစ်တဲ့ အသက် 30 အရွယ် Dawn Lee ဟာ ပြီးခဲ့တဲ့ May 30 ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သူမရဲ့အေဂျင်စီဖြစ်တဲ့ Ice Creative က ကြေညာသွားခဲ့ပါတယ် ။ Lee ဟာ 2019 ခုနှစ်ကစပြီး lymphoma ဆိုတဲ့ ကင်ဆာရောဂါကို စတင်ခံစားခဲ့ရပြီးနောက် ၊ လက်မလျှော့ဘဲ အခြား ကင်ဆာရောဂါရှင်တွေကိုလည်း စိတ်ခွန်အားပေးကာ ၊ သူမရဲ့ YouTube channel မှ အလှအပ ၊ ဖက်ရှင် နဲ့ နေ့စဉ်ဘဝ vlog တွေကို အမြဲဝေမျှနေသူပါ ။

သူမနောက်ဆုံးအနေနဲ့ ဝေမျှခဲ့တဲ့ vlog မှာ ဆိုရင် ဆရာဝန်ဆီကနေ သတင်းဆိုးကြားလိုက်ရလို့ သူမအတော်လေးစိတ်ဓာတ်ကျမိကြောင်း ပြောပြထားခဲ့ပါတယ် ။ အဆိုပါ video လေးက သူမအတွက် ကြည့်ရှုသူ အများဆုံး video လေးဖြစ်ခဲ့ပြီး ၊ ပရိသတ်အတော်များများကလည်း သူမကိုအားပေးလှုံ့ဆော်သွားခဲ့ပါတယ် ။ သူမဟာ YouTube မှာ subscribers ပေါင်း 659,000 ခန့်ရှိခဲ့ပြီး ၊ Instagram မှာတော့ followers ပေါင်း 257,000 ခန့် ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လူတွေကို ခွန်အားပေးလေ့ရှိတဲ့ K-Beauty YouTuber က သူမ မသေဆုံးခင် နောက်ဆုံး video လေးတင်ပြီး နှုတ်ဆက်သွားခဲ့"

Leave a comment

Your email address will not be published.


*