နှစ် 30 အကြာမှ “အရက်အတုတွေရောင်းတဲ့ဘုရင်ကြီး”လို့ တင်စားခဲ့ရတဲ့အမျိုးသားကို ဖမ်းဆီးနိုင်ခဲ့တဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

” King of Fake Liquor ” လို့လူသိများနေတဲ့ မလေးရှားနိုင်ငံသားကို ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာရှိတဲ့ The Mall Bang Kapi ဆိုတဲ့ shopping mall ရဲ့ ကားပါကင်ထဲမှာဖမ်းမိခဲ့ပါတယ် ။ အဆိုပါအမျိုးသားဟာ အရက်အတုတွေကို ထုတ်လုပ်ရောင်းချနေခဲ့တာ နှစ်ပေါင်း 30 ကျော်ခန့်ရှိနေပြီဖြစ်ပြီး ၊ နာမည်အရင်းမှာတော့ Chan Fat Yat ဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့အပြင် Chan ဟာ တရားမဝင်အရက်ထုတ်လုပ်ရောင်းချမှု ၊ လိမ်လည်ပြီးအခြားကုန်အမှတ်တံဆိပ်အသုံးပြုမှု နှင့် visa သက်တမ်းကုန်းဆုံးနေမှု စသည့်ပြစ်မှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ် ။

Chan ဟာ အသက် 63 နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ၊ Chan ဟာ ကားပါကင်မှာသူ၏ဖောက်သည်ကို အရက်ဒါဇင်လှုက်ရောင်းချနေခဲ့ချိန်မှာ ရဲအရာရှိများက ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ် ။ Chan ၏နေထိုင်ရာနေရာကို စစ်ဆေးခဲ့ချိန်မှာတော့ နိုင်ငံခြားမှအရက်ပုလင်းလွတ်များ ၊ ပုလင်းအဖုံးများ နှင့် နိုင်ငံခြားအရက်တွေရဲ့ ကုန်အမှတ်တံဆိပ်များစွာကို တွေ့ရှိခဲ့ရပါတယ် ။

Chan ကိုဖမ်းမိခဲ့တဲ့ဖြစ်စဉ်ကတော့ စုဝဏ္ဏဘူမိလေဆိပ်ရှိ Tourist ရဲအရာရှိများက သက်ဆိုင်ရာရဲဌာနကို ချက်ချင်းအကြောင်းကြားခဲ့ပြီးနောက်မှာတော့ Chan ကိုဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ သို့ပေမဲ့လည်း Chan ကိုဖမ်းဆီးခဲ့တဲ့နောက်ပိုင်း အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြခြင်းမျိုး မရှိသေးပါဘူး ။

Jasmine (Mckzone Daily)

Be the first to comment on "နှစ် 30 အကြာမှ “အရက်အတုတွေရောင်းတဲ့ဘုရင်ကြီး”လို့ တင်စားခဲ့ရတဲ့အမျိုးသားကို ဖမ်းဆီးနိုင်ခဲ့တဲ့အဖြစ်"

Leave a comment

Your email address will not be published.


*