ဟမ္ဘာဂါ အလကားစားချင်လို့ ဆိုင်ရှေ့မှာ လမ်းဘေးခွေးလိုဟန်ဆောင်နေခဲ့တဲ့ခွေးလေးကြောင့် သခင်ဖြစ်သူ အံ့သြထိတ်လန့်ခဲ့ရ


.

.

.

.

.

Jasmine (Mckzone Daily)

Source : elitereaders

Unicode

အမေရိကန်နိုင်ငံ ၊ Oklahoma မြို့မှာနေထိုင်တဲ့ Besty Reyes အမည်ရှိတဲ့မိန်းကလေးဟာ လမ်းဘေးခွေးတစ်ကောင်လို ဟန်ဆောင်နေခဲ့တဲ့ သူမရဲ့ခွေးလေးအကြောင်းကို ပြောပြခဲ့ပါတယ် ။ သူမရဲ့ခွေးလေးဟာ ညတိုင်းအပြင်ထွက်နေခဲ့လို့ တစ်ရက်သူမ အနောက်ကနေလိုက်ကြည့်ခဲ့ချိန်မှာတော့ ခွေးလေးဟာ McDonald ဆိုင်ရှေ့မှာ ဟမ်ဘာဂါအလကားစားရဖို့ လမ်းဘေးခွေးလိုဟန်ဆောင်ပြီး ထိုင်စောင့်နေခဲ့တာပါ ။ လမ်းဘေးခွေးပုံစံနဲ့ သနားစရာကောင်းလွန်းတဲ့မျက်နှာတွေကြောင့် ဆိုင်သို့လာရောက်တဲ့ဧည့်သည်တွေက ခွေးလေးကို သနားပြီးမုန့်တွေချကျွေးခဲ့ပါတယ် ။

သခင်ဖြစ်သူက အဆိုပါအဖြစ်အပျက်ကိုမြင်ပြီး ဟန်ဆောင်ကောင်းလွန်းတဲ့ သူမရဲ့ခွေးလေးဓာတ်ပုံကို social media ပေါ်မှာ ဝေမျှပေးခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment