သံႀကိဳးနဲ႔ခ်ည္ၿပီး အစာအငတ္ထားတဲ့သခင္ေၾကာင့္ အသက္႐ွင္ႏိုင္ဖို႔ ကိုယ့္ေျခေထာက္ကိုျပန္ကိုက္စားခဲ့ရတဲ့ ေခြးေလး

ကိုယ့္ရဲ႕အိမ္မွာ အိမ္ေမြးတိရစာၦန္ေမြးမယ္ဆိုရင္ေတာ့ ဘယ္လိုပဲျဖစ္ျဖစ္သူတို႔ေလးေတြကိုမိသားစုဝင္တစ္ေယာက္ ဂ႐ုစိုက္မႈေတြေပးရေတာ့မွာပါ ။ သူတို႔ေလးေတြက ကိုယ္ေတြအေပၚမွီခိုအားထားၿပီး သစၥာ႐ွိၾကလို႔ပါပဲ ။ သို႔ေပမဲ့လည္း လူတိုင္းကေတာ့ အဲ့လိုစိတ္ဓာတ္မ်ိဳးထားေပးၿပီး ၊ နားလည္ေပးဖို႔ မလုပ္ႏိုင္ခဲ့ၾကပါဘူး ။ ဒီတစ္ေခါက္မွာလည္း New York ၿမိဳ႕မွာ႐ွိတဲ့ ဂ်ာမန္သိုးထိန္ေခြးအမ်ိဳးအစားေလးတစ္ေကာင္ဟာ သူ၏သခင္မွ အိမ္ျပင္မွာအစာအငတ္ခံေစၿပီးသံႀကိဳးႏွင့္ခ်ည္ေႏွာင္ထားခဲ့တာကို ပစၥည္းအျမန္ေခ်ာပို႔သမားတစ္ေယာက္ကေတြ႔ျမင္ၿပီးေနာက္ ကယ္ဆယ္ေပးခဲ့ရပါတယ္ ။

ျဖစ္စဥ္ကေတာ့ အျမန္ေခ်ာပို႔သမားဟာ ေခြေလးကိုေတြ႔႐ွိခဲ့ခ်ိန္မွာ သူ႔ရဲ႕ေျခတစ္ဖက္ဟာ လံုးဝမ႐ွိေတာ့တဲ့အတြက္ ဘယ္လိုမွစိတ္မထားႏိုင္တဲ့အဆံုး ေခြးေလးကို ကယ္ဆယ္ၿပီး ေဆးခန္းသို႔ ပို႔ေဆာင္ေပးခဲ့ပါတယ္ ။ ေခြးေလးဟာ အသက္9ႏွစ္အရြယ္ ဂ်ာမန္သိုးထိန္းေခြးအမ်ိဳးအစားျဖစ္ၿပီး နာမည္မွာ Zoe ျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။ ေခြးေလးရဲ႕ပိုင္႐ွင္ဟာ ေခြးေလးကိုခ်ည္ေႏွာင္ထားတဲ့အျပင္ အစာအာဟာရေတြကိုလည္း အခ်ိန္မွန္မေကြၽးခဲ့တဲ့အတြက္ ေခြးေလးဟာ သူ႔ေျခေထာက္ကိုသူျပန္ကိုက္စားၿပီး အသက္႐ွင္ႏိုင္ေအာင္ ႐ုန္းကန္ခဲ့ရပါတယ္ ။

ေခြးေလးရဲ႕ဝမ္းဗိုက္ကို X-ray ႐ိုက္ၿပီး စစ္ေဆးခဲ့ခ်ိန္မွာေတာ့ ဝမ္းဗိုက္အတြင္းမွ အ႐ိုးအေျမာက္အမ်ားေတြ႔႐ွိခဲ့ၿပီး ေခြးေလးရဲ႕ေျခေထာက္အရြယ္ အ႐ိုးေတြျဖစ္ေနခဲ့တဲ့အတြက္ ေခြေလးဟာ ကိုယ့္ေျခေထာက္ ကိုယ္ျပန္ကိုက္စားခဲ့တာလို႔ ယူဆခဲ့ၾကပါတယ္ ။ ထို႔အျပင္ အဆိုပါအျမန္ေခ်ာပို႔သူအမ်ိဳးသားက ေခြးေလးကို အခ်ိန္မီ မကယ္တင္ေပးႏိုင္ခဲ့လ်ွင္ ေခြးေလးဟာ သူ႔ရဲ႕ဒဏ္ရာအခံႏွင့္ အာဟာရခ်ိဳ႕တဲ့မႈေၾကာင့္ အသက္ေသဆံုးသြားႏိုင္ေၾကာင္း သိ႐ွိရပါတယ္ ။ ေခြးေလးရဲ႕ပိုင္႐ွင္ကေတာ့ တိရစာၦန္ညႇင္းပန္းႏွိပ္စက္မႈျဖင့္ တရားစြဲဆိုခံရႏိုင္သည့္အျဖစ္မ်ိဳးႏွင့္ ရင္ဆိုင္ေနရေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ့်ရဲ့အိမ်မှာ အိမ်မွေးတိရစ္ဆာန်မွေးမယ်ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ်သူတို့လေးတွေကိုမိသားစုဝင်တစ်ယောက် ဂရုစိုက်မှုတွေပေးရတော့မှာပါ ။ သူတို့လေးတွေက ကိုယ်တွေအပေါ်မှီခိုအားထားပြီး သစ္စာရှိကြလို့ပါပဲ ။ သို့ပေမဲ့လည်း လူတိုင်းကတော့ အဲ့လိုစိတ်ဓာတ်မျိုးထားပေးပြီး ၊ နားလည်ပေးဖို့ မလုပ်နိုင်ခဲ့ကြပါဘူး ။ ဒီတစ်ခေါက်မှာလည်း New York မြို့မှာရှိတဲ့ ဂျာမန်သိုးထိန်ခွေးအမျိုးအစားလေးတစ်ကောင်ဟာ သူ၏သခင်မှ အိမ်ပြင်မှာအစာအငတ်ခံစေပြီးသံကြိုးနှင့်ချည်နှောင်ထားခဲ့တာကို ပစ္စည်းအမြန်ချောပို့သမားတစ်ယောက်ကတွေ့မြင်ပြီးနောက် ကယ်ဆယ်ပေးခဲ့ရပါတယ် ။

ဖြစ်စဉ်ကတော့ အမြန်ချောပို့သမားဟာ ခွေလေးကိုတွေ့ရှိခဲ့ချိန်မှာ သူ့ရဲ့ခြေတစ်ဖက်ဟာ လုံးဝမရှိတော့တဲ့အတွက် ဘယ်လိုမှစိတ်မထားနိုင်တဲ့အဆုံး ခွေးလေးကို ကယ်ဆယ်ပြီး ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါတယ် ။ ခွေးလေးဟာ အသက်9နှစ်အရွယ် ဂျာမန်သိုးထိန်းခွေးအမျိုးအစားဖြစ်ပြီး နာမည်မှာ Zoe ဖြစ်ကြောင်းသိရှိရပါတယ် ။ ခွေးလေးရဲ့ပိုင်ရှင်ဟာ ခွေးလေးကိုချည်နှောင်ထားတဲ့အပြင် အစာအာဟာရတွေကိုလည်း အချိန်မှန်မကျွေးခဲ့တဲ့အတွက် ခွေးလေးဟာ သူ့ခြေထောက်ကိုသူပြန်ကိုက်စားပြီး အသက်ရှင်နိုင်အောင် ရုန်းကန်ခဲ့ရပါတယ် ။

ခွေးလေးရဲ့ဝမ်းဗိုက်ကို X-ray ရိုက်ပြီး စစ်ဆေးခဲ့ချိန်မှာတော့ ဝမ်းဗိုက်အတွင်းမှ အရိုးအမြောက်အများတွေ့ရှိခဲ့ပြီး ခွေးလေးရဲ့ခြေထောက်အရွယ် အရိုးတွေဖြစ်နေခဲ့တဲ့အတွက် ခွေလေးဟာ ကိုယ့်ခြေထောက် ကိုယ်ပြန်ကိုက်စားခဲ့တာလို့ ယူဆခဲ့ကြပါတယ် ။ ထို့အပြင် အဆိုပါအမြန်ချောပို့သူအမျိုးသားက ခွေးလေးကို အချိန်မီ မကယ်တင်ပေးနိုင်ခဲ့လျှင် ခွေးလေးဟာ သူ့ရဲ့ဒဏ်ရာအခံနှင့် အာဟာရချို့တဲ့မှုကြောင့် အသက်သေဆုံးသွားနိုင်ကြောင်း သိရှိရပါတယ် ။ ခွေးလေးရဲ့ပိုင်ရှင်ကတော့ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုဖြင့် တရားစွဲဆိုခံရနိုင်သည့်အဖြစ်မျိုးနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သံႀကိဳးနဲ႔ခ်ည္ၿပီး အစာအငတ္ထားတဲ့သခင္ေၾကာင့္ အသက္႐ွင္ႏိုင္ဖို႔ ကိုယ့္ေျခေထာက္ကိုျပန္ကိုက္စားခဲ့ရတဲ့ ေခြးေလး"

Leave a comment

Your email address will not be published.


*