အသက် (၇၁) နှစ် အဖွားအို ကို တစ်ကယ့်ချစ်ခြင်းမေတ္တာအစစ် နဲ့ လက်ထပ်ယူခဲ့တဲ့ (၁၆) နှစ်အရွယ် ကောင်လေး(ရုပ်သံ)
JRose (Mckzone Daily)
Source : odditycentral
Unicode
အင်ဒိုနီးရှားနိုင်ငံတောင်ပိုင်း ဆူမာတြားကျွန်းမှ အသက် ၁၆ နှစ်အရွယ် Selamat Riayadi အမည်ရှိ ကောင်းလေးဟာ မကြာသေးမီကဘဲ သူ့ရည်းစား Rohaya လို့ခေါ်တဲ့ ၇၁ နှစ်အဖွားအို နဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ် ဦး ဟာ တစ် ဦး နဲ့ တစ် ဦး အလွန်ချစ်ခင်ကြပြီး သူတို့ရဲ့မိသားစုတွေက အကယ်လို့ အငြင်းပွားဖွယ်ခဲ့မယ် သူတို့နှစ်ဦးတစ်နည်းနည်းနဲ့ အတူတူနေမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
Selamat နဲ့ Rohaya တို့ဟာ ဘယ်လိုကနေ ချစ်မြတ်နိုးလာသလဲဆိုတာကို အတိအကျမသိရသေးပါဘူး။ သို့ပေမဲ့ ၎င်းတို့ဟာ တောင်ဆူရာထရာတောင်ပိုင်း၊ Karangendah ကျေးရွာရှိ သူတို့ရဲ့ကျေးရွာအကြီးအကဲအိမ်မှာ မင်္ဂလာပွဲအခမ်းအနား ကျင်းပပြီး သူတို့နှစ်ဦးဟာ ခင်ပွန်းသည် နဲ့ ဇနီးဖြစ်လာကြပါတော့တယ်။ မင်္ဂလာဆောင်ပွဲမှာ ဧည့်သည်တွေကို အရေအတွက်နဲ့သာလက်ခံတာကြောင့် ညအချိန်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အကြောင်းရင်းက သူတို့ရဲ့အငြင်းပွားဖွယ်အချစ်ဇာတ်လမ်းလေးဟာ အိမ်နီးချင်းကျေးရွာများမှ စပ်စုချင်တဲ့ ဧည့်သည်တွေကို ဆွဲဆောင်နေတာကြောင့်ဖြစ်ပါတယ်။ ဒါတောင်မှ ရာနဲ့ချီတဲ့ လူတွေက အထူးမင်္ဂလာပွဲကို တက်ရောက်ခဲ့ကြပါတယ်။
Selamat ဟာ သူ့ရဲ့ မိဘတွေကိုကောင်းချီးပေးရန် နဲ့ အခမ်းအနားကို တက်ရောက်ရန် တစ်နည်းနည်းဖြင့် စည်းရုံးနိုင်လည်း Rohaya ကတော့ သူမရဲ့မိသားစုတွေ သဘောတူ ခွင့်ပြုရန် အခက်တွေ့ခဲ့ပါတယ်။ သူမဟာ မုဆိုးမတစ် ဦး ဖြစ်ရုံသာမက နှစ်ကြိမ်လက်ထပ်ခဲ့ပြီး ၁၉ နှစ်အရွယ်သားရှိနေခဲ့ပါတယ်။ ဒါကြောင့်လည်း သူမရဲ့ ၇၅ နှစ်အရွယ်အစ်ကို ဖြစ်သူ နဲ့ အရင်းနှီးဆုံးနေထိုင်သူဆွေမျိုးက သူမ လက်ထပ်တာဟာ မိသားစုကို ရှက်စရာဖြစ်စေလိမ့်မယ် ဆိုပြီး စိုးရိမ်ခဲ့ကြပါတယ်။ Selamat က သူ လက်ထပ်ထိမ်းမြားရန်အတွက် ပထမ ဦး ဆုံး Rohaya ရဲ့သားကိုမေးခဲ့ပါတယ်။  သူမရဲ့သားက သဘောတူနိုင်ပါတယ်လို့ ပြောသော်လည်း သူတို့ရဲ့ဒေသခံခေါင်းဆောင် နဲ့ Kuswoyo အမည်ရှိသူနဲ့လည်းစစ်ဆေးရန်ပြောခဲ့ပါတယ်။ အစဉ်အလာ လိုအပ်တဲ့အတိုင်း သူတို့မိသားစုရဲ့ ကောင်းချီးများကိုရရှိခဲ့ပါက လက်ထပ်ရန်သဘောတူခဲ့ပါတယ်။
ထူးခြားသောမင်္ဂလာပွဲရဲ့ ဓာတ်ပုံများ နဲ့ ဗီဒီယိုများဟာ အင်ဒိုနီးရှားလူမှုမီဒီယာ နဲ့ အွန်လိုင်းသတင်းဝက်ဘ်ဆိုက်များမှာ လွန်ခဲ့တဲ့ လေးရက်က ပြုလုပ်ခဲ့သော်လည်း အချို့လူများက ထိုအဖြစ်အပျက်ဟာ အမှန်တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုတာကို မယုံကြည်နိုင်သေးပါဘူး။ ယုံကြည်ရန်အလွန်ခဲယဉ်းတဲ့ နောက်တစ်ခုကတော့ သူတို့နှစ် ဦးဟာ အမှန်တကယ်ပင် ချစ်မြတိနိုးကြပြီး ငွေကြောင့်လက်ထပ်ခဲ့တာမဟုတ်ပါဘူး။ သို့သော် Selamat ဟာ ငွေကြေးအရအားနည်းချက်ရှိတာကြောင့် Rohaya ရဲ့ မိသားစုကို Rp 200,000 ($ 15) မျှသာလက်ဆောင် ပေးနိုင်ခဲ့ပါတယ်။
JRose (Mckzone Daily)
Be the first to comment on "အသက် (၇၁) နှစ် အဖွားအို ကို တစ်ကယ့်ချစ်ခြင်းမေတ္တာအစစ် နဲ့ လက်ထပ်ယူခဲ့တဲ့ (၁၆) နှစ်အရွယ် ကောင်လေး(ရုပ်သံ)"
Leave a comment
Your email address will not be published.
*