ရင္နာရလြန္းလို႔ ရည္းစားေဟာင္းနဲ႔အတူတပ္ခဲ့တဲ့ အခ်စ္ေသာ့ခေလာက္ ကိုျပန္ျဖဳတ္ဖို႔ ခရီး႐ွည္ထြက္ခဲ့တဲ့ မိန္းကေလး (႐ုပ္သံ)

TikTok အသုံးျပဳသူအမ်ိဳးသမီးတစ္ဦးဟာ ေလာ့စ္အိန္ဂ်လိစ္ မွ ေတာင္ကိုရီးယားႏိုင္ငံက ဆိုးလ္ၿမိဳ႕ကိုသြားၿပီး ၂၀၁၁ ခုႏွစ္မွာ သူမ နဲ႔ သူ႔ေကာင္‌ေလးတို႔ရဲ႕ ခ်စ္ျခင္းေမတၱာေသာ့ကို ျဖတ္ေတာက္ရန္ Namsan Tower ရွိ သေကၤတၿခံစည္း႐ိုးကို သြားခဲ့ပါတယ္။ Kassie Yeung အမည္ရွိ (၂၃ ႏွစ္)အ႐ြယ္အမ်ိဳးသမီးဟာ ဗုဒၶဟူးေန႔မွာ မိုင္ေပါင္း ၅,၉၅၃ မိုင္ခရီးကို သြားခဲ့ၿပီး ဗီဒီယိုတစ္ခုကို Tiktok မွာ တင္ခဲ့ပါတယ္။ ၎ကို ၾကည့္ရႈသူ ၄.၉ သန္း နဲ႔ Like ေပါင္း ၁.၁ သန္း ရရွိထားပါတယ္။

Kassie Yeung ဟာ သူမရဲ႕ေကာင္ေလးနဲ႔ ေႏြရာသီမွာ လူႀကိဳက္မ်ားတဲ့ ခရီးသြားဧည့္သည္ေတြ Love Lock ခတ္ထားတဲ့ ေနရာကို သြားခဲ့ပါတယ္။ ေတာင္ကိုရီးယားအစိုးရဝက္လ္ဆိုက္အရ စုံတြဲမ်ားဟာ ‌ေမ်ာ္စင္ရဲ႕ ၿခံစည္း႐ိုးမွာ သူတို႔ရဲ႕ ခ်စ္ျခင္းေမတၱာအမွတ္အသားတစ္ခုအျဖစ္ ေသာ့ခတ္ထားၾကတာလို႔ ဆိုထားပါတယ္။ Yeung ဟာ ေကာင္ေလးနဲ႔ျပတ္သြားၿပီး သူမကိုယ္တိုင္ ရဲတိုက္ကို သြားကာ ရာခ်ီတဲ့ ေသာ့ခေလာက္မ်ားထဲမွ ရွာေဖြၿပီး မိနစ္ ၃၀ ၾကာၿပီးေနာက္ ေတြ႕ရွိခဲ့ရာ ပလက္ယာနဲ႔ ျဖတ္ေတာက္ပစ္လိုက္ပါတယ္။

Yeung ကသူမရဲ႕ ခရီးစဥ္ဟာ Love Lock ခတ္ထားတာကို ေမွ်ာ္စင္ကေန ဖယ္ထုတ္ခ်င္႐ုံသာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ Yeung ရဲ႕အဆိုအရ သူမဟာ ခရီးစဥ္ကို စီစဥ္ေနတုန္း သူမရဲ႕ Exအေၾကာင္းကို သတိရၿပီးေနာက္ ေသာ့ခတ္ကိုျဖတ္ေတာက္ရန္ သြားေရာက္ရျခင္းျဖစ္ပါတယ္။ သူမအေနျဖင့္ Exနဲ႔ ဆက္ဆံေရးျပတ္ေတာက္မႈ နဲ႔ ခ်စ္ျခင္းေမတၱာျဖတ္ေတာက္ျခင္းဟာ လူတိုင္း လိုလို အၿမဲႀကဳံေတြခံစားေနၾကရတာပါ။

JRose (Mckzone Daily)

Source : nextshark

Unicode

TikTok အသုံးပြုသူအမျိုးသမီးတစ်ဦးဟာ လော့စ်အိန်ဂျလိစ် မှ တောင်ကိုရီးယားနိုင်ငံက ဆိုးလ်မြို့ကိုသွားပြီး ၂၀၁၁ ခုနှစ်မှာ သူမ နဲ့ သူ့ကောင်‌လေးတို့ရဲ့ ချစ်ခြင်းမေတ္တာသော့ကို ဖြတ်တောက်ရန် Namsan Tower ရှိ သင်္ကေတခြံစည်းရိုးကို သွားခဲ့ပါတယ်။ Kassie Yeung အမည်ရှိ (၂၃ နှစ်)အရွယ်အမျိုးသမီးဟာ ဗုဒ္ဓဟူးနေ့မှာ မိုင်ပေါင်း ၅,၉၅၃ မိုင်ခရီးကို သွားခဲ့ပြီး ဗီဒီယိုတစ်ခုကို Tiktok မှာ တင်ခဲ့ပါတယ်။ ၎င်းကို ကြည့်ရှုသူ ၄.၉ သန်း နဲ့ Like ပေါင်း ၁.၁ သန်း ရရှိထားပါတယ်။

Kassie Yeung ဟာ သူမရဲ့ကောင်လေးနဲ့ နွေရာသီမှာ လူကြိုက်များတဲ့ ခရီးသွားဧည့်သည်တွေ Love Lock ခတ်ထားတဲ့ နေရာကို သွားခဲ့ပါတယ်။ တောင်ကိုရီးယားအစိုးရဝက်လ်ဆိုက်အရ စုံတွဲများဟာ ‌မျော်စင်ရဲ့ ခြံစည်းရိုးမှာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာအမှတ်အသားတစ်ခုအဖြစ် သော့ခတ်ထားကြတာလို့ ဆိုထားပါတယ်။ Yeung ဟာ ကောင်လေးနဲ့ပြတ်သွားပြီး သူမကိုယ်တိုင် ရဲတိုက်ကို သွားကာ ရာချီတဲ့ သော့ခလောက်များထဲမှ ရှာဖွေပြီး မိနစ် ၃၀ ကြာပြီးနောက် တွေ့ရှိခဲ့ရာ ပလက်ယာနဲ့ ဖြတ်တောက်ပစ်လိုက်ပါတယ်။

Yeung ကသူမရဲ့ ခရီးစဉ်ဟာ Love Lock ခတ်ထားတာကို မျှော်စင်ကနေ ဖယ်ထုတ်ချင်ရုံသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Yeung ရဲ့အဆိုအရ သူမဟာ ခရီးစဉ်ကို စီစဉ်နေတုန်း သူမရဲ့ Exအကြောင်းကို သတိရပြီးနောက် သော့ခတ်ကိုဖြတ်တောက်ရန် သွားရောက်ရခြင်းဖြစ်ပါတယ်။ သူမအနေဖြင့် Exနဲ့ ဆက်ဆံရေးပြတ်တောက်မှု နဲ့ ချစ်ခြင်းမေတ္တာဖြတ်တောက်ခြင်းဟာ လူတိုင်း လိုလို အမြဲကြုံတွေခံစားနေကြရတာပါ။

JRose (Mckzone Daily)

  • Leave a Comment