ဆိုင္ကယ္ပိုင္႐ွင္နဲ႔ တိုက္တိုက္ဆိုင္ဆိုင္ ျပန္ဆံုေတြ႔လိုက္ရတဲ့ သူခိုးတစ္ေယာက္ရဲ႕အျဖစ္

ဒီလို ဆိုင္ကယ္သူခိုးမ်ိဳးရဲ႕အေၾကာင္းကို မၾကာခဏ ၾကားဖူး ၊ ျမင္ဖူးၾကမွာပါ ။ ဒီတစ္ေခါက္မွာလည္း သူခိုးဟာ သူမ်ားရဲ႕ဆိုင္ကယ္ကို ခိုးၿပီးေမာင္လာခဲ့ရာ ၿမိဳ႕အျပင္ အေတာ္အသင့္ ေဝးလြန္းတဲ့ ေနရာသို႔ ေရာက္ခဲ့ခ်ိန္မွာေတာ့ ဆိုင္ကယ္ဟာဓာတ္ဆီကုန္သြားခဲ့လို႔ ရပ္သြားခဲ့ပါတယ္ ။ သူခိုးတစ္ေယာက္မွာေတာ့ ဆိုင္ကယ္ဓာတ္ဆီျဖည့္ဖို႔ေတာင္ ေငြမပါလာခဲ့ပါဘူး ။ ဆိုင္ကယ္ပိုင္႐ွင္ကလည္း သူ႔ရဲ႕ဆိုင္ကယ္ေပ်ာက္ဆံုးသြားမွန္းသိလိုက္ခ်ိန္မွာေတာ့ ကားတစ္စီးနဲ႔အမွီလိုက္ခဲ့ပါတယ္ ။ ၿမိဳ႕ျပင္အေရာက္မွာေတာ့ ရပ္ထားတဲ့သူ႔ရဲ႕ဆိုင္ကယ္ နဲ႔ အမ်ိဳးသားတစ္ေယာက္ကိုျမင္လို႔ ကားေပၚကဆင္းၿပီး အက်ိဳးအေၾကာင္း ေမးျမန္းကာ ဆိုင္ကယ္ကို စစ္ေဆးခဲ့ပါေတာ့တယ္ ။ အဆိုပါအခ်ိန္မွ သူခိုးကလည္း ဆိုင္ကယ္ပိုင္႐ွင္ျဖစ္မွန္ သတိထားမိၿပီး ၾကံမိၾကံရာ လမ္းေဘးက ငွက္ေပ်ာျခံထဲ အသက္စြန္႔ၿပီး ထြက္ေျပးတိမ္းေ႐ွာင္းသြားခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း သူ႔ရဲ႕မ်က္ႏွာကိုေတာ့ အမိအရဓာတ္ပံု႐ိုက္ကူးႏိုင္ခဲ့လိုက္လို႔ အၾကာႀကီးေတာ့ ထြက္ေျပးတိမ္းေ႐ွာင္ႏိုင္မွာ မဟုတ္ပါဘူးေလ ။

.

.

.

.

.

Jasmine (Mckzone Daily)

Source : 小回忆 Little Memories

Unicode

ဒီလို ဆိုင်ကယ်သူခိုးမျိုးရဲ့အကြောင်းကို မကြာခဏ ကြားဖူး ၊ မြင်ဖူးကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း သူခိုးဟာ သူများရဲ့ဆိုင်ကယ်ကို ခိုးပြီးမောင်လာခဲ့ရာ မြို့အပြင် အတော်အသင့် ဝေးလွန်းတဲ့ နေရာသို့ ရောက်ခဲ့ချိန်မှာတော့ ဆိုင်ကယ်ဟာဓာတ်ဆီကုန်သွားခဲ့လို့ ရပ်သွားခဲ့ပါတယ် ။ သူခိုးတစ်ယောက်မှာတော့ ဆိုင်ကယ်ဓာတ်ဆီဖြည့်ဖို့တောင် ငွေမပါလာခဲ့ပါဘူး ။ ဆိုင်ကယ်ပိုင်ရှင်ကလည်း သူ့ရဲ့ဆိုင်ကယ်ပျောက်ဆုံးသွားမှန်းသိလိုက်ချိန်မှာတော့ ကားတစ်စီးနဲ့အမှီလိုက်ခဲ့ပါတယ် ။ မြို့ပြင်အရောက်မှာတော့ ရပ်ထားတဲ့သူ့ရဲ့ဆိုင်ကယ် နဲ့ အမျိုးသားတစ်ယောက်ကိုမြင်လို့ ကားပေါ်ကဆင်းပြီး အကျိုးအကြောင်း မေးမြန်းကာ ဆိုင်ကယ်ကို စစ်ဆေးခဲ့ပါတော့တယ် ။ အဆိုပါအချိန်မှ သူခိုးကလည်း ဆိုင်ကယ်ပိုင်ရှင်ဖြစ်မှန် သတိထားမိပြီး ကြံမိကြံရာ လမ်းဘေးက ငှက်ပျောခြံထဲ အသက်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်းသွားခဲ့ရပါတယ် ။ သို့ပေမဲ့လည်း သူ့ရဲ့မျက်နှာကိုတော့ အမိအရဓာတ်ပုံရိုက်ကူးနိုင်ခဲ့လိုက်လို့ အကြာကြီးတော့ ထွက်ပြေးတိမ်းရှောင်နိုင်မှာ မဟုတ်ပါဘူးလေ ။

Jasmine (Mckzone Daily)

Be the first to comment on "ဆိုင္ကယ္ပိုင္႐ွင္နဲ႔ တိုက္တိုက္ဆိုင္ဆိုင္ ျပန္ဆံုေတြ႔လိုက္ရတဲ့ သူခိုးတစ္ေယာက္ရဲ႕အျဖစ္"

Leave a comment

Your email address will not be published.


*