‘အဆင်ပြေတာဝတ်လာခဲ့’ ဆိုလို့ အစ်မရဲ့မင်္ဂလာပွဲမှာ ဒိုင်နိုဆောဝတ်စုံဝတ်ဆင်ပြီး သတို့သမီးအရံလုပ်ပေးခဲ့တဲ့ မိန်းကလေး
Jasmine (Mckzone Daily)
Source : elitereaders
Unicode
ပြီးခဲ့တဲ့နှစ်က Christina Meador အမည်ရှိတဲ့မိန်းကလေးဟာ သူမရဲ့အစ်မဖြစ်သူ Deanna Adams ဆီကနေ သတို့သမီးအရံလုပ်ပေးဖို့ ဖိတ်ကြားစာ လက်ခံရရှိခဲ့ပါတယ် ။ သို့ပေမဲ့လည်း အစ်မဖြစ်သူရဲ့မင်္ဂလာပွဲအတွက် ဝတ်စုံမရှိလို့ ၊ အစ်မဖြစ်သူကို မေးမြန်းခဲ့ချိန်မှာတော့ ‘နင်အဆင်ပြေတာ ဝတ်လာခဲ့’ ဆိုတဲ့ အစ်မရဲ့စကားကြောင့် သူမအကြံဉာဏ်တစ်ခုရရှိခဲ့ပါတယ် ။ အဲတာကတော့ ဝတ်စုံအတွက် $50 အထက် သုံးစွဲရမဲ့အတူတူ သူမလိုချင်နေခဲ့တဲ့ ဒိုင်နိုဆောဝတ်စုံကိုပါ တစ်ခါတည်း ဝယ်ယူလိုက်မလို့ပါပဲ ။
ထို့ကြောင့် အစ်မဖြစ်သူကို ဒိုင်နိုဆောဝတ်စုံ ဝတ်ဆင်လာမဲ့အကြောင်း မေးမြန်းခဲ့ပါတယ် ။ အစ်မဖြစ်သူကလည်း ခွင့်ပြုလို့ အဆိုပါဒိုင်နိုဆောဝတ်စုံကို ဝယ်ယူခဲ့ပါတယ် ။ အစ်မဖြစ်သူကလည်း သူမအတွက် ဂါဝန်ပို့လာပေးခဲ့ပေမဲ့လည်း ဂါဝန်ကသူမထက်ကြီးလွန်းနေခဲ့လို့ သူမရဲ့အရင်အကြံအတိုင်းပဲ ဒိုင်နိုဆောဝတ်စုံနဲ့ ပွဲတက်ခဲ့ပါတယ် ။
သူမရဲ့ ဝတ်စုံကြောင့် မင်္ဂလာပွဲဟာ ရယ်မောပျော်ရွှင်မှုတွေနဲ့ ပြီးဆုံးသွားခဲ့ပြီး ၊ သူမရဲ့အကြောင်းဟာလည်း social media ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ် ။ အချို့သောသူကတော့ သူမဟာ မင်္ဂလာပွဲမှာ သတို့သမီးထက်ပိုပြီး ပေါ်ပင်ဖြစ်အောင်လုပ်ခဲ့လို့ သတို့သမီးဟာ မထင်မပေါ်ဖြစ်ခဲ့ရကြောင်း ဝေဖန်ခဲ့ကြပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "‘အဆင်ပြေတာဝတ်လာခဲ့’ ဆိုလို့ အစ်မရဲ့မင်္ဂလာပွဲမှာ ဒိုင်နိုဆောဝတ်စုံဝတ်ဆင်ပြီး သတို့သမီးအရံလုပ်ပေးခဲ့တဲ့ မိန်းကလေး"
Leave a comment
Your email address will not be published.
*