ဒဏ္ဍာရီပုံပြင်ထဲကမြင်းကို အပြင်မှာလက်တွေ့စီးနေရသလို ဖန်တီးပြုပြင်ထားတဲ့ ဆိုင်ကယ်လေး


.

.

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

Social media ပေါ်မှာဆိုရင် အမြဲထူးထူးဆန်းဆန်း တီထွင်ဖန်တီးမှုတွေမြင်ကြရမှာပါ ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက ဆိုင်ကယ်တစ်စီးကို ထိုင်းလူမျိုးတွေရဲ့ဒဏ္ဍာရီပုံပြင်ထဲက မြင်းပုံစံအတိုင်း ဖန်းတီးပြောင်းလဲခဲ့ပါတယ် ။ အဆိုပါ နဂါးမြင်းပုံစံ ဆိုင်ကယ်မှာတော့ မြင်းရဲ့ဦးခေါင်း ၊ သွားတွေ ၊ အမြီးတွေ နဲ့ အနီရောင်ကိုယ်လုံး ပုံစံဖန်တီးပြုလုပ်ထားတာပါ ။ ထိုင်းလူမျိုးတို့ရဲ့ ယုံတမ်းစကားအရ အဆိုပါမြင်းမျိုးဟာ ပညာရှိတွေ ထိန်းကျောင်းပေးမယ်ဆိုရင် ယဉ်ပါးလာတတ်ကြောင်းလည်း သိရပါတယ် ။ သို့ပေမဲ့လည်း ဆိုင်ကယ်ကို မြင်းလို့ထင်မှတ်ပြီး စီးဖို့ကတော့ အတော်လေးကို ခက်ခဲမယ်လို့ ထင်မြင်ယူဆမိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment