နှာခေါင်းစည်း Mask နဲ့အတူ တွဲသုံးလို့ရတဲ့ ရွှေချိန်းကြိုးလေးများ ရောင်းချနေတဲ့ ရွှေဆိုင်


.

.

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ရွှေချစ်သူတွေအတွက်ကတော့ သတင်းကောင်းလို့ပြောရမှာပါပဲ ။ ကူးစက်ရောဂါတွေရှိလာတာကြောင့် Mask ဟာ လူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ ကာကွယ်ရေးအသုံးအဆောင်တစ်ခုဖြစ်လာခဲ့ပါတယ် ။ ဒါကြောင့် Mask ကို ရောဂါကာကွယ်ဖို့နဲ့ စတိုင်လ်မိမိလေး တပ်ဖို့ဆိုပြီး အခုဆိုရင် ရွှေချိန်းကြိုးလေးတွေ ရောင်းချပေးနေပါပြီ ။ အဆိုပါရွှေချိန်းကြိုးလေးတွေဟာ အခေါက်ရွှေနဲ့ပြုလုပ်ထားတာဖြစ်ပြီး ၊ ဒီဇိုင်း နဲ့ ရွှေထည်ပေါ်မူတည်ကာ ဈေးနှုန်းအစားစားရှိကြောင်းလည်း သိရှိရပါတယ် ။ အဆိုပါ ရွှေဒီဇိုင်း post ကိုတော့ Effa Naila Sg ဆိုတဲ့လူက ဝေမျှထားတာပါ ။ Hang Thong Sab Thavee ဆိုတဲ့ရွှေဆိုင်က အဆိုပါ Mask ရွှေချိန်းကြိုးလေးများ ဆိုင်မှာ instock ရှိကြောင်းလည်း ဖော်ပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment