မိုးကြီးရေလျှံနေလို့ ရက်ကွပ်ထဲက လမ်းတွေမှာ အလွယ်တကူ ငါးမျှားနိုင်ခဲ့တဲ့အဖြစ်


.

.

.

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

ထိုင်းနိုင်ငံရဲ့ ရာသီဥတုဟာ မြန်မာနိုင်ငံနဲ့သိပ်မကွာခြားလို့ မိုးကြီးပြီဆိုလျှင် ရေလျှံတတ်တဲ့အဖြစ်မျိုး မကြာခဏကြားဖူးကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်းနိုင်ငံ ၊ Sattahip ဒေသမှာ ရေကြီးခဲ့တဲ့အဖြစ်ကတော့ မထင်ထားလောက်အောင် အချို့လူတွေအတွက် ပျော်ရွှင်စေတယ်လို့ပြောရမှာပါပဲ ။ အကြောင်းကတော့ မိုးရေနဲ့အတူ ချောင်းငါးတွေဖြစ်ကြတဲ့ ငါးခူ ၊ ငါးရံ့ စတဲ့ငါးတွေပါရှိလာလို့ ဒေသခံတွေ နေအိမ်အပြင်က လမ်းတွေမှာ အလွယ်တကူ ငါးဖမ်းနိုင်ခဲ့ကြပါတယ် ။ အဆိုပါဒေသဟာ မိုးများလွန်းလို့ ဒေသခံတွေဟာ မတ်လကနေ မေလအထိ ထီး နဲ့ မိုးကာအင်္ကျီများ အမြဲဆောင်ထားရကာ ၊ မကြာခဏရေကြီးရေလျှံလို့ စည်ပင်သာယာကိုအမြဲ အကူအညီတောင်းခံနေရကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment