ဧရာမဟင်းအိုးကြီးထဲပြုတ်ကျပြီးနောက် မယုံနိုင်လောက်တဲ့အဖြစ်အပျက်တွေနဲ့ ဘဝအဆုံးသတ်ခဲ့ရတဲ့ 3နှစ်အရွယ်ကလေး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကလေးငယ်တွေဟာ တစ်ခါတစ်လေမှာတော့ အဆော့မတ်လို့မဟုတ်ဘဲ သူတို့မသိသေးတဲ့အရာမျိုးကို သိချင်ပြီးစပ်စုတတ်လေ့ရှိပါတယ် ။ ငယ်ရွယ်သေးတဲ့အတွက် သူတို့ကိုအန္တရာယ်ဖြစ်စေနိုင်လားဆိုတာကိုလည်း မခွဲခြားနိုင်ကြသေးပါဘူး ။ ထို့ကြောင့်မိဘတွေဟာ ကလေးငယ်ကိုမျက်စိဒေါက်ထောက်ကြည့်နေဖို့လိုအပ်ပါတယ် ။ ဘာလို့လည်းဆိုတော့ ဒီတစ်ခေါက်မှာလည်း အိန္နိယနိုင်ငံက ကလေးငယ်လေးတစ်ယောက်ဟာ ဆူပွတ်နေတဲ့ဧရာမဟင်းအိုးကြီးထဲသို့ပြုတ်ကျခဲ့ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ရပြီး အသက်သေဆုံးသွားခဲ့ရပါတယ် ။

အဆိုပါ 3နှစ်ကလေးငယ်၏ အမည်မှာ Suresh ဖြစ်ပြီး ၊ ကလေးငယ်၏ဖခင်ဟာ အဆိုပါဟင်းချက်ဖို့ပြင်ဆင်နေခဲ့တဲ့ အနီးအနားမှာပဲ ကလေးငယ်ကိုဆော့ကစား စေခဲ့ပါတယ် ။ ဟင်းပွဲကြီးတွေချက်တဲ့နေရာဟာ ကလေးငယ်တွေအတွက် အတော်လေးကိုအန္တရာယ်များပြီး အထူးသဖြင့် ဓားတွေ ၊ မီးတွေ ၊ ရေနွေးပူတွေ ၊ ဆီးတွေ စတဲ့အရာတွေဟာ ကလေးအတွက်အတော် အန္တရာယ်များတယ်ဆိုတာကို ကလေးငယ်ရဲ့ဖခင်က ဂရုမစိုက်ခဲ့ပုံပါပဲ ။

သို့ပေမဲ့လည်း ၎င်းတို့ဖြစ်မဲ့အစား ကလေးငယ်ဟာ ဆူးပွတ်နေပြီးစေးပျစ်နေတဲ့ ဧရာမဟင်းအိုးကြီးထဲသို့ ထိုးကြသွားခဲ့ပါတယ် ။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အပူလောင်ကျွမ်းသွားခဲ့ရပြီး ကလေးငယ်၏ဒဏ်ရာများကို မကုသမှီ ဆေးရုံနှစ်ခုပြောင်းရွှေ့ခဲ့ရသေးကြောင်း သိရှိရပါတယ် ။ ယခုကဲ့သို့ဧရာမဟင်အိုးကြီးထဲ ကလေးငယ်ပြုတ်ကျခဲ့တဲ့အဖြစ်မျိုးဟာ အိန္ဒိယနိုင်ငံမှာ ပထမဆုံးအကြိမ်ဖြစ်ပျက်ခဲ့တာမျိုး မဟုတ်ဘဲ ပြီးခဲ့တဲ့အစောပိုင်းလတွေမှာလည်း 6နှစ်သားအရွယ် ကလေးငယ်တစ်ယောက်လည်း ဟင်းအိုးထဲပြုတ်ကျခဲ့သေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဧရာမဟင်းအိုးကြီးထဲပြုတ်ကျပြီးနောက် မယုံနိုင်လောက်တဲ့အဖြစ်အပျက်တွေနဲ့ ဘဝအဆုံးသတ်ခဲ့ရတဲ့ 3နှစ်အရွယ်ကလေး"

Leave a comment

Your email address will not be published.


*